Wednesday, March 14, 2012

ပလီ ပလီ

photo from wikipedia

menu ဖတ်မိတုန်းက piri piri burger ဆိုတာ ဘာပါလိမ့်လို့ ။ အင်တာနတ်မှာ ရှာကြည့် အုံးမှ လို့ စိတ်က မှတ်ထားပေမဲ့ ဟင်းပွဲတွေဘက်ကို မလှည့်ဖြစ်ဘူးဗျာ။ ဟင်းပွဲလည်း မရောင်းရပါဘူး။ တစ်ခါလာလည်း club sandwich, တစ်ခါလာလည်း burger နဲ့။ လောလောဆယ်တော့buffet တွေပဲ လှိမ့်ပြီး လုပ်နေရတယ်။း(
piri piri burger, piri piri chicken တို့ဆိုပြီး တစ်ချို့ ဆိုင်တွေ ဟိုတယ်တွေမှာ တွေ့ရနိုင်ပါတယ်။ piri piri ဆိုတာ အာဖရိက ငရုတ်သီးပါပဲ။ African bird's eye / Thai chilli လို့လည်း ခေါ်ကြတယ်။ African evil လို့လည်း ခေါ်ကြသေးတယ်တဲ့။ ကျနော်တို့ မြန်မာနိုင်ငံက ငရုတ်သီးအနေနဲ့ပြောရရင် ငရုတ်ကြွတ်ချီးသီး ဖြစ်မယ်ထင်တယ်။ peri peri or piri piri ကို pili pili လို့ local က လူတွေက ခေါ်ကြပြီး ပေါ်တူဂီတွေကလည်း pili pili လို့ပဲစာလုံးပေါင်းကြတယ်။
 
note: :peri peri sauce is made from crushed chillies, citrus peel, onion, garlic, pepper, salt, lemon juice, bay leaves, paprika, pimiento, basil, oregano, and tarragon.

Friday, February 24, 2012

ပန်ကိတ်...မုန့်ပြားသလပ်..မုန့်ရေပြား..ဘာတွေမှန်းကို မသိဘူး

 pancake 







ပန်ကိတ်တဲ့။ အင်္ဂလိပ် မနက်စာ သို့ နံနက်စာ မှာ စားတတ်ကြတယ်။ မြင်သာအောင် ပြောရရင် မုန့်ပြားသလပ်၊ မုန့်ရေပြား လိုမျိုးလို့ပြောရမယ်ထင်တယ်။ အရသာက သူ့အတိုင်းစားကြည့်ရင် နွားနို့ပါတော့ ခပ်ဆိမ့်ဆိမ့်လေးဖြစ်ပြီး ကိုင်ရတာကလည်း နုညံ့ပျော့ပျောင်းနေရပါမယ်။ မာတောင့်နေပြီး စားရတာ လုံးနေရင် ကြာနေတဲ့ ပန်ကိတ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အပူ လွန်သွားတာလည်းဖြစ်နိုင်တာပဲ။ ပန်ကိတ်ကို သူ့အတိုင်းတော့ စားလေ့မရှိကြဘူး။ မာပယ် ဆွိင်ရပ် လို့ခေါ်တဲ့ ခပ်ချိုချို ပျစ်ပျစ်အရည် တစ်မျိုး ( ပျားရည် နဲ့ အရသာရော အရောင်ပါတူတယ် ) နဲ့ တွဲစားလေ့ရှိတယ်။ ချောကလက် ကြိုက်တဲ့သူက ချောကလက် ဆွိင်ရပ် နဲ့ စားကြတယ်။ စတော်ဘယ်ရီကြိုက်ရင် စတော်ဘယ်ရီပေါ့။ သိပ်မထူးဆန်းပါဘူး။ ထန်းလျှက်နဲ့ စားမလား သကြားနဲ့ စားမလား ၊ အုန်းခြစ်ထည့်အုံးမလားလို့ မေးရောင်းတဲ့ မြန်မာ့ အစားအစာ လို့သက်မှတ်ထားတယ်။ နာကွ။
စိတ်ပျက်တယ်။ မလုပ်ချင်ဆုံး မစားချင်တဲ့ ပန်ကိတ် လုပ်နေရလို့။ နောက် ဘယာကြော်။ စိတ်ပျက်တယ် စားဖိုဆောင်ရယ်။  အောက်ကဓါတ်ပုံ နှစ်ပုံက ဂူဂယ်လင်း လုပ်ထားတာဖြစ်ပြီး အပေါ်ပုံကတော့ အရင် ဟိုတယ် အဟောင်းက ပုံဖြစ်ပါတယ်။
စီဘောက်မှာ အော်သွားတဲ့ အန်တီ ငုဝါ ဒီပန်ကိတ်ဆိုတဲ့ အစာကို အမေရိကန်နံက်စာမှာလည်း စားတယ်ခင်ည။