Thursday, July 19, 2012

မီးဖို အကြောင်း တစေ့တစောင်း ၃


 အဖွဲ့ အစည်း တစ်ခုကို ဖွဲ့ပြီဆိုကတည်းက ကွပ်ကဲ နိုင်မဲ့ ကျွမ်းကျင် ခေါင်းဆောင်ကောင်း တစ်ဦးတော့ အနည်းဆုံးလိုအပ်မယ်လို့ထင်ပါတယ်။ ကြောင်မရှိရင် ကြွက် ထ တတ် တယ် မဟုတ်လား။
 မီးဖိုဆောင်ကို အဖွဲ့ အစည်း တခုလို သဘောထားလိုက်မယ်ဆိုရင် Executive Chef ဟာ ခေါင်းဆောင်ပဲ။ ခုတော့ Director Of Kitchen ပေါ်လာပြီဆိုတော့ သူက ပိုကြီးတာပေါ့လေ။
 Executive Chef ဟာ စားဖိုဆောင် ဖွဲ့စည်း တည်ဆောက်ပုံ ၊ စားဖိုဆောင် ရဲ့လိုအပ်သော ပစ္စည်းများ ၊ လိုအပ်သော ၀န်ထမ်းများ၊ cost control ၀င်ငွေ ထွက်ငွေများ ကုန်ကျစရိတ်များ  ၊ Duty Roaster အတည်ပြုခြင်း၊ မီနူး Menu များ တည်ဖြတ်ခြင်း စတာတွေနဲ့ Management အပိုင်းကို ကိုင်တွယ်ရတယ်ဆိုပေမဲ့လည်း ခုခေတ်နောက်ပိုင်းမှာတော့ Management လောက်ကိုပဲ အသာလေး ကိုင်ပါတော့တယ်။ အကြမ်းအားဖြင့် Executive Chef ပြီးရင် Sous Chef လာပါတယ်။ ဆုရှပ်ဖ် ဟာ အိတ်ဇဲကတစ် ကို ကူညီပြီး မီနူး၊ ၀န်ထမ်းအချိန်ဇယား၊ cost control နဲ့ Management ပိုင်းကို ၀ိုင်းကိုင်ပေးရတဲ့အပြင် Training staff များကို သင်တန်းပေးခြင်း၊ ၊ စားဖိုဆောင် သန့်ရှင်းမူ့ရှိရေး ၊ ၀န်ထမ်းနားရက် ၊ ဖျားနာ ပျက်ကွက်ပြီဆိုရင် သူ့တာဝန်ယူပြီး Chef De Partie ကို ကူညီပေးရပါတယ်။ Sous Chef ပြီးရင်  CDP လာပါတယ်။ စီဒီပီ ကတော့ kitchen operation ကို ကိုယ်တိုင် ကိုယ်ကျ တိုက်ပွဲဝင်ရတဲ့ စာဖိုးမူးပါပဲ။ ဟိုတယ် စားသောက်ဆိုင် တစ်ဆိုင်မှာ စီဒီပီ တစ်ယောက်တော့ အနည်းဆုံး ရှိပါတယ်။ စီဒီပီ ရဲ့ အောက်မှာ Demi Chef De Partie , Commis တွေ ရှိပါတယ်။ 
Chef ဆိုတဲ့ အဓိပ္ပါယ်ကို အဘိဓါန်မှာ ရှာကြည့်တော့  a professional cook, typically the chief cook in a restaurant or hotel လို့ တွေ့ပါတယ်။ ဟိုတယ် ဒါမှ မဟုတ် စားသောက်ဆိုင်မှာ ကြီးမူးချက်ပြုတ်ပေးပြီး အသက်မွေးဝမ်းကြောင်းတဲ့ သူကို Chef လို့ အဓိပ္ပါယ်ဖွင့်ထာပါတယ်။ ၀ီကီမှာကျတော့  A chef is a person who cooks professionally for other people တခြားလူတွေအတွက် ချက်ပြုတ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသော ပုဂ္ဂိုလ်လို့ ပြောထားပါတယ်။ 
ဆရာ ပြောပြတဲ့ Chef ကတော့ တကယ်မလွယ်ပါဘူး။ kitchen steward ဆိုတာ စာဖိုဆောင် မှာ ရာထူးအနိမ့်ဆုံးပါ။ ပြီး ရင်kitchen assistant လာပါတယ်။ နောက် Commis လာပါတယ်။ တစ်ချို့ဟိုတယ်တွေမှာ Commis III ကော့မစ် သရီး ရှိပေမဲ့ များသောအားဖြင့်  ကော့မစ် ၀မ်း နဲ့ တူးပဲ ရှိတာများပါတယ်။ ကော့မစ် ဖြစ်ပေမဲ့ သူဟာ Chef မဟုတ်သေးပါဘူး။ အစ ပျိုးတုန်းပဲရှိပါသေးတယ်။ Demi Chef Departie ဆိုတာလည်း Chef မဖြစ်သေးပါဘူး။ Chef ဖြစ်ဖို့ တ၀က်ကို ရောက်လာတဲ့ သဘောပဲရှိပါသေးတယ်။ စီဒီပီ Chef De Partie ကျမှ Chef လို့ ခေါ်လို့ရတဲ့ အနေအထားကို ရောက်တယ်လို့ ဗဟုသုတအဖြစ် ဆြာခိုက ပြောပြဖူးပါတယ်။း)
Chef Uniform ဟာ အမြဲတမ်း အဖြူရောင်ပါ။ အစားအသောက်တွေနဲ့အတူ စာဖိုမူးတွေဟာလည်း အမြဲ သန့်ရှင်းတောက်ပြောင်နေရမယ် ပြောတာလို့ သဘောပေါက်မိပါတယ်။  Chef hat or cap  , necktie or scarf, Double breasted jacket, Apron, black Trouser, safety shoe တို့ဟာ Chef ရဲ့ ၀တ်စုံ ဖြစ်ပါတယ်။ ဦးထုပ်ဆောင်းရခြင်းရည်ရွယ်ချက်က ဆံပင်မွေးတွေ ဟင်းထဲ ကျွက်ကျမသွားစေရန်၊ ရှေ့ရင်ဖုံး နှစ်ထပ် လက်ရှည် နဲ့ အေပရွန်ဟာ အပူကို ခံနိုင်ရှိစေရန် မတော်တဆ ဖြစ်ခဲ့ရင်တောင်မှ ဆီပူ ၊ ရေပူမှ ကာကွယ်ရန် ၊ scarf ဆွဲထားတာက ချွေး စုပ်ယူစေရန်နှင့် အပူငွေ့သက်သာစေရန် ၊ သံထည် သို့ ပလက်စတစ်အမာစား ခွေထားသော ဖိနပ် စီးရခြင်းမှာ ခြေချောင်းများ လုံခြုံမူ့ရှိစေရန် အလို့ ငှာ ဖြစ်ကြောင်းလည်း မှတ်တမ်းတင်ပါရစေ။ အကျီင်္ကို အဖြူရောင် နဲ့ ဘောင်းဘီကို အနက်ရောင် သို့ အနက်နဲ့ အဖြူ ကွက်ကျား၊ ခြေအိတ်ကို အနက်ရောင် ၀တ်ဆင်ရပါတယ်။ ယူနီဖောင်းနဲ့ မဟုတ်ရင် ၀န် ထမ်းတောင်မှ စာဖိုဆောင်ထဲ ၀င်ခွင့် မရှိပါဘူး။

ဟိုတယ်တစ်ခုနဲ့ တစ်ခု နည်းနည်း ကွာခြားချက်ရှိမှာပါ။ ဥပမာ အဘူဒါဘီမှာ dish cloth or towel  ပေးမသုံးပါဘူး။ Torchon ဆိုတာ ပြင်သစ်စကားလုံးဖြစ်ပြီး လက်နှီးစုတ် လို့ ပြောရမယ်ထင်ပါတယ်။

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။