Saturday, August 27, 2011

A taste of Myanmar food


Well..well..well..  I got a video from Facebook , tagged by Mr.Myo Myint Aung. Thank u again Mr.Myo. That video is about some of Myanmar fast foods. Myanmar is not India , not China. Myanmar's boundaries touch upon that two culinary giants. Myanmar cuisine were influenced by those country. But Our Myanmar foods are distinctive style of cooking. And then Myanmar menu is quite different from western one.

facebook က ရလာတာ။ tag ပေးတဲ့ ကိုမျိုးမြင့်အောင်ကို ကျေးဇူးတင်ပါတယ်။ မူရင်းလင့် ဖြစ်တဲ့ ဒီမှာ လည်း သွားကြည့်လို့ရပါတယ်။  ဘာပဲ ဖြစ်ဖြစ် အလွမ်းပြေ ဖြစ်တယ်ဆိုရင်ပဲ ...။

Monday, August 8, 2011

အစာ အာဟာရ မမျှတခြင်း

malnutrition
ခန္ဓာကိုယ် အတွက် အစာ အာဟာရ လိုခြင်း နှင့် ပိုခြင်း နှစ်ခုစလုံး (သို့) တခုခု ကြောင့် ဖြစ်သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ များကို Malnutrition အစာ အာဟာရ မမျှတခြင်း ဟု ခေါ်ပါသည်။ လူအပါအ၀င် သက်ရှိများ၏ ခန္ဓာကိုယ် သည် နေ့စဉ် မြင်တွေ့ နေရသော သက်မဲ့ ရုပ်ဝထ္ထု ပစ္စည်းများကဲ့သို့ပင် ဓါတုဗေဓ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့် ဖွဲ့စည်း ထား ပါသည်။ ထို ဓါတ်ပေါင်း များကို နေ့စဉ် စားသုံး နေသော အစားအသောက်နှင့် ရှူရှိုက်သော လေမှ တဆင့် ခန္ဓာကိုယ်မှ လက်ခံ ရရှိ ပါသည်။ ထို့ကြောင့် လူတယောက် ပုံမှန် အတိုင်း ကျန်းမာစွာ ရှင်သန် နိုင်ရန် အတွက် သင့်တင့် မျှတသော အာဟာရ အား နေ့စဉ် စားသုံး ပေးရန် လိုအပ် ပါသည်။

ခန္ဓာ ကိုယ် အတွက် မရှိမဖြစ် လိုအပ်ပြီး နေ့စဉ် စားသုံး သင့်သော အာဟာရ များကို Micronutrients ဟုခေါ်သော ဗိုက်တာမင်နှင့် သတ္တုဓါတ်များပါဝင်သည့် အသေးစား အာဟာရ နှင့် Macronutrient ဟုခေါ်သော ကစီဓါတ်၊ အဆီဓါတ်၊ အသားဓါတ် နှင့် ရေပါဝင်သည့် အကြီးစား အာဟာရ ဟူ၍ နှစ်မျိုး တွေ့ရပါသည်။ ထိုအာဟာရ နှစ်မျိုးထဲတွင် ပါဝင်နေသည့် အစား အစာ များအား လုံလောက်စွာ မစားသုံးခြင်း နှင့် လွန်ကဲစွာ စားသုံးခြင်း တို့ကြောင့် ဖြစ်သော Malnutrition သည် အသက် အန္တရာယ် ကို ထိခိုက် စေနိုင်ပါသည်။ ထို့ကြောင့် အစာ အာဟာရ မမျှတခြင်းကို လူတိုင်း ကာကွယ်နိုင်ရန်အတွက် အစာ အာဟာရ ချို့တဲ့ခြင်းနှင့် လွန်ကဲခြင်း နှစ်ခု စလုံးအား လက်လှမ်း မီသမျှ တင်ပြ လိုက်ပါသည်။

၁။ အစာ အာဟာရ ချို့တဲ့ခြင်း

အကြောင်း အမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှ အာဟာရ လုံလောက်စွာ မရရှိ ခြင်းကြောင့် အာဟာရ ချို့တဲ့နိုင်ပါသည်။ ပိန်လွန်းခြင်း၊ ဖေါရောင် ခြင်း၊ ကြွက်သား အားနည်းခြင်း၊ ကိုယ်အပူချိန် အလွန်နည်းခြင်း အနာ ဒဏ်ရာများ ရှိပါက ဆေးကု သော်လည်း သက်သာ ပျောက်ကင်းမှု နှေးကွေးခြင်း စာသည့် လက္ခဏာ များကို တွေ့ရ ပါသည်။ အစာရေစာ ရှားပါးမှု ကြောင့် အဖြစ်များပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ များတွင် အများဆုံး တွေ့ရသည်။ နေရာ ဒေသနှင့် မသက်ဆိုင်ပဲ ဖြစ်ရသည့် အကြောင်းများနှင့် အဖြစ်များသည့် အုပ်စုမှာ မွေးခါစ ကလေးများ အပါအ၀င် ကလေးသူငယ်များ၊ ဆယ်ကျော်သက်ရွယ် ကလေးများ၊ စားဝတ်နေရေး အဆင်မပြေသူများ၊ သက်ကြီး ရွယ်အိုများ၊ နာမကျန်းဖြစ်နေသူ သို့မဟုတ် ရောဂါ တစုံတရာ ခံစား နေရသူများ နှင့် ထိခိုက်ဒဏ်ရာ ရရှိထား သူများ တွင်လည်း တွေ့ရ နိုင်ပါသည်။

ထိခိုက် ဒဏ်ရာ ရရှိသောအခါ တစ်ရှူးများ ရောင်ပြီး အာရုံကြော စနစ်တခု (Sympathetic Nervous System) ၏ အလိုလျောက် တုန့်ပြန်မှု ကြောင့် ခန္ဓာကိုယ် အတွင်းရှိ ဟော်မုန်းများ မြင့်တက်လာကာ ခန္ဓာကိုယ်၏ အာဟာရ စွမ်းအင်လောင်စာ သုံးစွဲမှုနှုန်းကို မြင့်တက် စေပါသည်။ ထိုနည်း အတူပင် ဒဏ်ရာရရှိချိန် မဟုတ်သည့် သာမန် အခြေအနေများ တွင်လည်း အစာ အာဟာရ ကို လုံလောက်စွာ မသုံးစွဲသောအခါ ခန္ဓာကိုယ်မှ စွမ်းအင်တောင်းဆိုမှုကို ဖြစ်စေသည်။ မည်သည့်အကြာင်းကြောင့် တောင်းဆိုသည်ဖြစ်စေ ထို တောင်းဆိုမှု ကို ပြင်ပမှ မဖြည့်ပေးပါက ကိုယ်တွင်း မှာပင် အသားဓါတ်ကို ပိုမို ထုတ်လုပ်ပြီး ခန္ဓာကိုယ်၏ အဓိက လောင်စာ ဖြစ်သည့် ဂလူးကို့စ် အဖြစ်သို့ ပြန်ပြောင်းပြီး အသုံးချ ရသောကြာင့် အသားဓါတ် ဆုံးရှုံးသည့် ရောဂါ Protein Calorie Malnutrition (PCM) ကို ဖြစ်စေ ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အသားဓါတ်ကို ခန္ဓာကိုယ် တွင်းရှိ အချဉ်ဓါတ် တခုဖြစ်သည့် အမီနိုအက်စစ် မှ တဆင့် ထုတ်လုပ် ရပြီး အမီနိုအက်စစ်ကို ထုတ်လုပ် သောအခါ အရိုးတွယ် ကြွက်သားများကို အသုံးပြု ရသောကြောင့် အရိုးတွယ် ကြွက်သား များ ဆုံးရှုံး သွားရသဖြင့် လူကို ပိန်ချုံးစေခြင်း ဖြစ်ပါသည်။

PCM အသားဓါတ်ဆုံရှုံးခြင်းတွင် ခန္ဓာကိုယ်အတွင်း သိုလှောင် ထားသော အဓိကလောင်စာဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း စသည့် စားစရာများမှ ဖြစ်လာသော ကစီဓါတ်သည် ၁၈ နာရီအတွင်း ကုန်ခမ်းသွားခြင်းကြောင့် ခန္ဓာကိုယ်ကို ဆက်လက် လည်ပတ်နိုင်ရန် အဆီ များ နှင့် အမီနို အက်စစ်များမှ ၄ နာရီမှ ၆ နာရီအတွင်း ဂလူးကို့စ်အဖြစ် ပြန်ပြောင်း အသုံးပြု ရပါသည်။ အစာ အာဟာရ ကို မဖြည့်ပေးပဲ ဆက်တိုက် ချို့တဲ့နေစေပါက အသားဓါတ် ထုတ်လုပ်သည့် အမီနိုအက်စစ်များ ကုန်ခမ်း သွားစေနိုင်ပြီး အသည်း အလုပ်လုပ်မှုကို ရပ်ဆိုင်း သွားနိုင်ပါသည်။ ထို့နောက် သွေးထဲ အရေစိမ့်ဝင်သည့် ဖိအား (Plasma Osmotic Pressure) ကျဆင်း လာပြီး ဆဲလ် ကလပ်စည်း အတွင်းရှိ အရည်များ ဆဲလ်အတွင်း ဆက်လက် မနေနိုင်တော့ပဲ အပြင်သို့ စိမ့်ထွက် လာခြင်း ကြောင့် ဆဲလ်ကလပ်စည်း တခု နှင့် တခုကြား တစ်ရှုးအတွင်း အရည်များ ကိန်းအောင်းလာပြီး လူကိုဖေါရောင် စေပါသည်။

အထက်ပါ လက္ခဏာများကို ဖြစ်စေသည့် အတိုင်းအတာထိ မပြင်းထန်ပဲ အစာအဟာရ အခုခု လုံလောက်စွာမရ၍ မသိမသာ ချို့တဲ့ သူများ သည်ပင် ခန္ဓာကိုယ်၏ ရောဂါကို ခုခံနိုင်သည့်အား ကျဆင်း လာသောကြောင့် တချိန်လုံး မောပမ်း နွမ်းနယ်နေပြီး အားအင် ကုန်ခမ်းသည့် လက္ခဏာ ကို တွေ့ရပါမည်။ ဆက်လက်ပြီး သတ္တုဓါတ်နှင့် ဗိုက်တာမင်ဓါတ်မျိုး ချို့တဲ့လာပါက အသက် အန္တရာယ်ကို အထူး စိုးရိမ်ရပါသည်။

ကုသခြင်း
(၁) ဖေါရောင်နေပြီး ဆေးဝါး ကုသရန် လိုအပ်သည် အထိ အခြေအနေ ပြင်းထန် ပါက ဆေးရုံ တက် ကုသ ရနိုင် ပါသည်။
(၂) အရည် နှင့် သတ္တုဓါတ် မမျှမတ ဖြစ်သည်ကို ပုံမှန် ဖြစ်အောင် လုပ်ရမည်။
(၃) ကယ်လိုရီ များသည့် အသားဓါတ်နှင့် ကစီဓါတ် များသော အစားအစာ များများစား ရမည်။
(၄) ခံတွင်း တွေ့သော အစားအစာ များ စားသုံး သင့်သည်။


၂။ အစာ အာဟာရ လွန်ကဲခြင်း

ခန္ဓာကိုယ်မှ လိုအပ် သည်ထက် ပို၍ အာဟာရ ကို လက်ခံ ရရှိ သောကြောင့်ဖြစ်သည်။ အထင်ရှားဆုံးတွေ့နိုင်သည့် အာဟာရ လွန်ကဲ ခြင်း မှာ အ၀လွန်ခြင်း ဖြစ်ပါသည်။ အ၀လွန်ခြင်း ရှိမရှိကို Body Mass index (BMI) ကို တွက်ကြည့်ခြင်း ဖြင့် သိနိုင်ပါသည်။ BMI အကြောင်းကို ယခုတင်မည့် ပို့စ်တွင် အသေးစိတ် ဖေါ်ပြမည် မဟုတ်သောကြောင့် အသေးစိတ် သိလိုပါက ဒေါက်တာ ဇင်သူ ၏ BMI တိုင်းကြမယ် နှင့် ကျွန်မ တင်ခဲ့ ဖူးသော ဆီးချို ရောဂါနှင့် အင်ဆူလင်ဟော်မုန်း အကြောင်းတွင် ပြန်ကြည့် စေလိုပါသည်။ BMI သတ်မှတ်ချက် တွင် အနိမ့်ဆုံး BMI အတွက် ၁၈.၅၊ ၁၉၊ ၂၀ စသည်ဖြင့် ရည်ညွှန်းချက် အပေါ် မူတည်၍ ကွဲပြားမှု ရှိသော်လည်း BMI မြင့်ဆုံး ကိုမူ ရည်ညွှန်းချက် အားလုံး တွင် ၂၅ ဖြစ် လက်ခံ ထားသည်ကို တွေ့ရ ပါသည်။ ထို့ကြောင့် BMI ကို ပုံမှန်အဖြစ် ၁၈.၅-၂၅ အဖြစ် အတည်ယူ ထားပါသည်။ ထိုထက် ၁၀% ပိုခြင်း၊ လိုခြင်း ရှိပါက မိမိကိုယ်ကို ပိန်လွန်းခြင်း နှင့် အ၀လွန်ခြင်း အဖြစ် ယူဆကာ အန္တရာယ် အတွင်း ကျရောက် နေပြီ ဟု သတ်မှတ် နိုင်ပါသည်။

အ၀လွန်ခြင်း

အ၀လွန်ခြင်း ရှိမရှိကို BMI 25 ထက် ပိုများနေခြင်း တခုတည်း ကို ကြည့်၍ ဆုံးဖြတ် သတ်မှတ်နိုင်ပါသည်။ အ၀လွန်ခြင်း သည် ကယ်လိုရီ များသော ကဇီဓါတ်နှင့် အဆီဓါတ် ကို လွန်ကဲစွာ စားသုံး ရာမှ စသောကြောင့် ဖြစ်ပါသည်။ အဆီနှင့် ကဇီဓါတ်များကို ပို၍ စားသုံးပါက ခန္ဓာကိုယ်မှ အသုံးပြုပြီး ပိုလျှံသော အာဟာရ များကို အဆီအဖြစ်သို့ ပြောင်းလဲကာ ရေပြားအောက်နှင့် အတွင်း ကလီစာ များ တ၀ိုက်တွင် သိမ်းထား ပေးပါသည်။ ခန္ဓာကိုယ်အတွက် ရှိသင့်ရှိထိုက်သည့် အဆီပမာဏမှာ အမျိုးသားများတွင် စုစုပေါင်း ခန္ဓာကိုယ် အလေးအချိန် ၏ ၂၀% နှင့် အမျိုးသမီး များတွင် ၃၀% ထက် ပိုမရှိသင့်ပဲ အဆီ ပမာဏ ထို ထက် ပိုများ နေခြင်းကြောင့် အ၀လွန်နေခြင်း ဖြစ်ပါသည်။

အ၀လွန် သောကြောင့် နှလုံးနှင့် အာရုံကြောစနစ် နှစ်ခုစလုံး ပုံမှန်ထက် ပို အလုပ်လုပ် ရပါသည်။ နေ့စဉ် လှုပ်ရှား သွားလာရာတွင် မိမိ အရပ်နှင့် မမျှသည့် အလေးချိန်ကို သယ်နေ ရသောကြောင့် အာရုံကြော စနစ်ရှိ လှုပ်ရှားမှု ဆိုင်ရာ အပိုင်း ကို အလုပ် ပိုလုပ် ရစေ ပါသည်။ ပုံမှန်ထက် ပိုကြီးထွား နေသော ခန္ဓာကိုယ် အနှံ့ရှိ ဆဲလ်များ အားလုံးသို့ အောက်စီဂျင် နှင့် အာဟာရ ကို မနိုင်ဝန် ထမ်ဲးခင်း မရောက် ရောက်အောင် ပို့ပေး နေရခြင်း ကြောင့် နှလုံးကိုပို အလုပ်လုပ် ရစေသဖြင့် သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် ရောဂါများ ဖြစ်ရန် အလွန် နီးစပ်ပါသည်။

အ၀လွန်သူများ၏ သွေးထဲတွင် တိရစ္ဆာန်ဆီ ဟုခေါ်သော ကော်လက်စရောလ် ပါသော အဆီဖတ်များသည် သွေးကြော နံရံတွင် စုဝေး၊ တွယ်ကပ်ကာ အနယ်ထိုင် နိုင်၍ သွေးကြော မာကြောသည့် ရောဂါကို ဖြစ်စေ နိုင်ပါသည်။ မာကြောနေသော သွေးကြောနံရံကို နှလုံးမှ လာသော သွေးဖိအား အရှိန်ဖြင့် တိုက်စား ခံရ နိုင်သောကြောင့် သွေးကြော နံရံပဲ့ထွက် ပျက်စီး၍ တစ်ရှူး အတွင်း သွေးယိုစီးခြင်း၊ ပဲ့ထွက် သွားသော အစသည် သွေးကြော တလျှောက် တနေရာတွင် သွားရောက် ပိတ်ဆို့ နိုင်ပြီး ပိတ်မိ ခံလိုက် ရသည့် ခန္ဓာကိုယ် အစိတ် အပိုင်းသည် အောက်ပိုင်း ဖြစ်ပါက လေဖြတ်ပြီး ကိုယ်တပိုင်း သေနိုင်ပါသည်။ အကယ်၍ ဦးနှောက်သို့သွားသော သွေးကြော ပိတ်ခံရပါက ဦးနှောက် သွေးကြော ပိတ်ပြီး အသက် ဆုံးရှုံး နိုင်ပါသည်။ ကိုယ်အလေးချိန်ကို အချိန်မီ မလျှော့ချပဲ ဆက်လက် အ၀လွန် နေခြင်း (သို့) ထိုထက် ပိုဝ လာစေခြင်းသည် ရောဂါ တခုခုကို မလွဲမသွေ ရရန် ကြိုဆို ဖိတ်ခေါ် နေခြင်းပင် ဖြစ်သော ကြောင့် ကိုယ်အလေးချိန် ကို လျှော့ချသင့်ပါသည်။

Body fat composition ခန္ဓာကိုယ် အဆီဓါတ် ဖွဲ့စည်းတည်ရှိမှု

အ၀လွန်သူ ဖြစ်စေ၊ ပုံမှန် ကိုယ်အလေးချိန် ရှိသူဖြစ်စေ ရောဂါ တခုခုကို ရရှိနိုင်သည့် လက္ခဏာသည် ကိုယ်အလေးချိန် နည်းခြင်း များခြင်းအပေါ် မူတည် သည့်အပြင် ခန္ဓာကိုယ် အတွင်း အဆီဓါတ် စုစည်း တည်ရှိသည့် နေရာ အပေါ်တွင် လည်း မူတည် နေပါသည်။ ဆိုလိုသည်မှာ အ၀လွန်ခြင်း တူသူ နှစ်ဦးတွင် ခါးနှင့် တင်ကို တိုင်းတာ ကြည့်၍ ခါး၏ အကျယ်အ၀န်းသည် တင်၏အကျယ်အ၀န်းထက် ပိုများ နေသူသည် အန္တရာယ် နှင့် ပိုနီးစပ်သူ ဖြစ်ပါသည်။ အမျိုးသမီး များတွင် ခါးနှင့်တင် အချိုး wrist/Hip တနည်းအားဖြင့် ခါး အတိုင်း အတာကို တင် အတိုင်း အတာနှင့် စား၍ ရသည့် အဖြေသည် ၀.၈ နှင့်အောက်မှာ ရှိသင့်ပြီး အမျိုးသားများတွင် ခါးနှင့်တင် အချိုးတူ ၁ နှင့် အောက်မှာ ရှိသင့်ပါသည်။ ထိုထက် ပိုများနေပါက အန္တရာယ် ရှိသည်ဟု မှတ်ယူရမည်။ ထို့ကြောင့် BMI တခုတည်းကို ကြည့်၍ အန္တရာယ် ကင်းပြီဟု မှတ်ယူ၍ မရပဲ BMI ပုံမှန် ရှိသူ သည်လည်း ခါးသည် တင်ထက် ပိုကျယ်နေပါက ၀မ်းဗိုက်မှ အဆီကို ကျအောင် ချရမည် ဖြစ်သည်။ သတ္တုဓါတ်များ လွန်ကဲခြင်း ကြောင့်လည်း တခြား ပြဿနာ များစွာကို ဖြစ်ပေါ် စေနိုင်ပါသည်။ အလျဉ်းသင့် ပါက နောက်ပိုင်းတွင် Electrolyte imbalance ကို သီးသန့် တင်ပြပါမည်။

အစာ အာဟာရ မမျှတခြင်းသည် အန္တရာယ် အလွန် များသောကြောင့် မည်သူမဆို မိမိကိုယ်ကို ကျန်းမာစွာ အသက်ရှင် ရပ်တည် လိုပါက အစာ အာဟာရ ကို လုံလောက်စွာ နှင့် မျှတစွာ စားသုံးခြင်း ဖြင့် ခန္ဓာကိုယ်ကို ပုံမှန် အရွယ်အစားမှာ အမြဲ ထိန်း ထားသင့်ပြီး ခန္ဓာကိုယ် အဆီ စုစည်းမှုကိုလည်း သူ့နေရာနှင့်သူ စနစ်တကျ ရှိနေစေရန် ဂရု စိုက်ရပါမည်။ ကျန်းမာရေး အတွက် နေ့စဉ် လိုအပ်သော အာဟာရ ကို ဆက်လက် ဖေါ်ပြပါမည်။
 
source > http://health.ngoinmyanmar.org/2008/09/malnutrition.html

Wednesday, August 3, 2011

Spicy Goulash Soup Hungary Style

spicy goulash soup
 
1.)      10 kg Beef Cubes cut in 1 cm x 1 cm cubes  ( beef Rump traditional Beef Shank)
2.)        8 kg white Onions cut brunoise
3.)        5 kg Potato cut in cubes 8mm x8 mm
4.)        1 kg Paprika Powder
5.)        2 kg tomato paste
6.)        Salt,
7.)        Black Pepper
8.)        Caraway Seeds  
9.)       Marjoram
10.)     Thyme
11.)    1 kg Garlic finely chopped  
12.)    1 Bottle Tabasco
13.)    Cheyenne pepper.
14.)    Beef Bouillon 8 liter     or seasoning
15.)    8 pc red chili
16.)     1 Lemon
17.)      500 gm Flour
18.)     1 Liter Oil


Cooking Method
Sautéed onions in  oil till golden brown, ,
add the beef cubes and roast till you get all the meat covered,
add paprika powder and garlic simmer for approx 5 minutes. ,
add all spices and sautéed  well ,
 add the tomato pasta and roast for additional 5 minutes ,
fill up with beef bouillon,
 add lemon, chili, Tabasco, Cheyenne pepper ,-
 and cook the meat till is tender
add the potato cubes and simmer for additional 5 to 8 minutes
look at the consistence , otherwise thicken it with flour water.

Accompanied

Served with Bread Basket , preferable German Laugen Bread or Pretzel.
Can be served also with a pair of frankfurter sausages 

Beverage            Recommended drink is Weizen beer , or Draft Beer  

Hungary နိုင်ငံရဲ့ ရိုးရာ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဂုလက်ခ်ျ လို့ ခေါ်ပြီး ချိုစပ် အရသာ ရှိပါတယ်။ ကျနော်တို့ မြန်မာမျက်လုံးနဲ့ ကြိုက်တဲ့အရောင်တင်မူန့်
လက်လက်ထ နေတဲ့ soup တစ်မျိုး ပါပဲ။ ;D  ပြုလုပ်နည်းကို ဗွီဒီယိုနဲ့ တကွ တင်လိုက်ပါတယ်။ ဟန်ဂေရီက chef တွေ ကိုယ်တိုင် ချက်ပြထားတာပါ။ကျနော်ချက်တာ မဟုတ်ပါ။ ;)