book for foods
Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts
Thursday, August 25, 2011
Thursday, March 24, 2011
Vacation !!!
ဘာမှ ထူးထူးခြားခြားမရှိပါဘူး ။ pork cutlet ကို barbecue grill လုပ်ထားတာပါ။ ထူးခြားတာက စိတ်ကြိုက် အသီးအရွက် ၊ sauce နဲ့ အာလူးကို ရွေးချယ်ခွင့်ပေးထားခြင်းပါပဲ။
mix vegs, sauteed spinach, Asparagus, Cheese tomato, Herb mushroom stew, Corn on Cob တို့ထဲက စိတ်ကြိုက်တမျိုး ရွေလို့ရမယ်။
နောက် sauce အနေနဲ့ Bearnaise , mustard black pepper, Mushrooms , lemon lime butter, Red wine shallot, Herb butter တို့ထဲက တမျိုး ။
အားလူး အနေနဲ့ ကတော့ french fries, Mash potato, Baked potato, Onion potato, Diablo beans , steamed rice တို့ထဲက နှစ်သက်ရာ တမျိုးကို ရွေးချယ်ခွင့်ပေးထားပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၁၈၀၀၀ ကျပ်လောက်ပေးရမယ်။ ကျနော်ဆိုရင် စားဘူး။း)
mix vegs : ရှင်းရှင်းလေပါ။ mix vegs တွေကို sauté ထိုးပေးရုံပါ။
sauteed spinach, Aspargaus : အတူတူ ပါပဲ။
Cheese tomato : tomato ကို slice လှီး အပေါ်က cheese ဖြူး bake ရပါမယ်။
Herb mushroom stew : မှိုကို stew လုပ် စိတ်ကြိုက် herb တမျိုးထည့်ပေရမယ်။
Corn on Cob : ပြောင်းဖူး ကို နွားနို့နဲ့ ပြုတ်ထားတာကို ခေါ်ပါတယ်။
bearnaise sauce ကို ဒီမှာ ကြည့်နိုင်ပါတယ်။
mastard black pepper : brown sauce + mastard + pepper
Mushroom sauce : saute' mushroom + brown sacue
Lemon lime butter : lemon + butter+ lime
Red Wine Shallot : shallot ရှယ်လော့ ဆိုတာ ကြက်သွန်နီ အသေးတမျိုး ဖြစ်ပါတယ်။ သူ့ကို sautee ထိုး ၊red wine ထည့် ကျို။ တ၀က် reduce ဖြစ်ရင် brown sauce လေး နဲနဲ ထည့် ။
Herb butter : lemon butter sauce + herb
အာလူး ကိုတော့ လေမရှည်တော့ပါဘူး။ Diablo beans : Diablo ဆိုတာ တောင်တလုံး ရဲ့ နာမည် ဖြစ်သလို ၊ Game တခုရဲ့ နာမည်လည်းဖြစ်ပါတယ်။
ကျနော် ၂ လ ခွင့်ရတဲ့ အတွက် ဟင်းပွဲများ ၂ လ အတွင်း တင်ဖြစ်အုံးမည် မဟုတ်ပါ။ လာလည် သူအပေါင်းကို ကျေးဇူးတင်ပါသည်။ အွန်လိုင်းမှ ညီ အကို မောင် နှမများ အား လုံး ကို နူတ်ဆက်ခဲ့ပါတယ်။
Labels:
Knowledge
Tuesday, March 8, 2011
sandwiches များ
chicken sandwich
tuna sandwich
vegetable sandwich
club sandwich
1- minute steak
( baguette sandwich )
calamari
ဒီထဲမှာ ထူးခြားတာက ကလပ် club sandwich ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ရိုးရိုးပေါင်မုန့် နဲ့လုပ်ထားတာ မဟုတ်ပဲ ဖိုကားချား Focaccia bread နဲ့ လ်ုထားလို့ပါ။ Focaccia ဆိုတာ အီတလီ ပေါင်မုန့် တမျိုးဖြစ်ပါတယ်။ pizza dough နဲ့ အတူတူ ဖြစ်ပြီး သူ့ကို တော့ olive oil , herbs တွေနဲ့ ရောပြီး bake လုပ်ထားခြင်းဖြစ်ပါတယ်။ plain pizza ကို တခါတခါ Focaccia လို့ခေါ်ပြီး complimentary အနေနဲ့ ပေးလေ့ရှိပါတယ်။ နောက် baguette bread ၊ သူ့ကို တော့ French bread လို့လည်း ခေါ်တယ်။ ကျနော် ဒီ မှာ တင်ဘူးပါတယ်။
baguette bread
( photo from wiki )
ဒီ French Bread ကို ( ဘရူချက်တာ )Bruschetta bread , Garlic bread ,( မိုဇာRဲလား ) Mozzarella bread စတဲ့ ဟာတွေကို လည်း ဒီပေါင်မုန့်ကနေ လုပ်တာဖြစ်ပါတယ်။
bruschtte bread
chopped tomato , grated Parmesan cheese , pesto sauce တွေနဲ့ ရောနယ်ပြီး bake ရတာဖြစ်ပါတယ်။ ခုပုံတော့ မဘိတ်ခင်ရ ပုံဖြစ်ပါတယ်။
Labels:
Knowledge
Friday, March 4, 2011
irish stew
mutton Irish stew
( photo from food history )
Irish stew ဟာ Ireland နိုင်ငံရဲ့ ရိုးရာ အစား အစာဖြစ်ပြီး beef , lamb , mutton ကြိုက်နှစ်သက်ရာ အသားကို ရွေးချယ် ချက်နိုင်ပါတယ်။ အိုင်းရစ်လူမျိုး အများစုကတော့ lamb or mutton ကို ပဲ အသုံးများပါတယ်။ Irish American တွေကတော့ အမဲသားကို အစားထိုးပြီး စားကြလေ့ရှိပါတယ်။ လွယ်ရာ ၀ယ်ပြီး တွယ်ကြပုံပါပဲ။
အသုံးပြု တာများတဲ့ အသားနေရာတွေ ကတော့ neckbones ၊ shanks တွေဖြစ်ပါတယ်။ အသီးအနှံတွေကတော့ onion , carrot , celery , potato , turnip , parsnip စတဲ့ root vegs တွေကို ပုံစံ လှအောင် လှီးပြီး ထည့်ကြပါတယ်။
ပထမဆုံး အသားတုံးတွေကို ပြုတ်ထားလိုက်ပါတယ်။ နောက် onion ကို sautéed ထိုး ပြီး flour ဂျုံပက်ထားလိုက်တယ်။ ( နောက်မှ Roux ထိုး ရင်လည်း ရတယ် ) ဂျုံ အရောင်ပြောင်းပြီးဆိုရင် သင့်တင့်တဲ့ stock ရေ (အသား ပြုတ်ထားတဲ့ အရည် ထည့်လည်းရပါတယ် ) ပမာဏ ထည့်ပြီး ပြုတ်ထားတဲ့ အသားတွေ နဲ့ ကျန်တဲ့ အသီးအရွက်တွေ ထည့်ပြီး မီးအေးအေးနဲ့ တည်ထားရုံပါပဲ။ တချို့က brown sauce နည်းနည်း ထည့်ပြီးစားလေ့ရှိတယ်။ နောက် barley ကိုထည့်ပြီး စားလေ့လည်း ရှိပါတယ်။
Labels:
Knowledge
Thursday, February 24, 2011
စားမှုသောက်မှု အသုံးအဆောင် ဥပစာ
ဥပစာ စကားများကို အခြေပြုရာ နယ်ပယ်အရ စူးစမ်းဖော်ထုတ် ရာတွင်
လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းမှာ လူ၏ အပြုအမူ၊ အမူအရာနှင့် တိရစ္ဆာန် တို့ကို
အခြေပြုသော ဥပစာများကို စူးစမ်းဖော်ထုတ် ဆွေးနွေးခဲ့ပါသည်။ ယခုလတွင်
အသုံးအဆောင် ပစ္စည်းများကို အခြေပြုသော ဥပစာများ အကြောင်း ဆွေးနွေးပါမည်။
လူတို့၏ စားဝတ်နေမှု ဆိုင်ရာ အသုံးအဆောင် များစွာရှိကြောင်း အများသိပါသည်။ ယင်းတို့အနက် စားမှုသောက်မှု ဆိုင်ရာ အသုံးအဆောင်များတွင် စားသောက်စရာများ၊ ချက်ပြုတ်စရာများ၊ ချက်ပြုတ်သည့် နေရာစသည်တို့ကို အခြေ ပြု၍ တင်စား သုံးနှုန်းသော ဥပစာ စကား အများစုမှာ “မီးဖိုခန်း” မှ ထွက်လာသော ဥပစာများဟု ဆိုရပါလိမ့်မယ်။
လူတို့၏ စားဝတ်နေမှု ဆိုင်ရာ အသုံးအဆောင် များစွာရှိကြောင်း အများသိပါသည်။ ယင်းတို့အနက် စားမှုသောက်မှု ဆိုင်ရာ အသုံးအဆောင်များတွင် စားသောက်စရာများ၊ ချက်ပြုတ်စရာများ၊ ချက်ပြုတ်သည့် နေရာစသည်တို့ကို အခြေ ပြု၍ တင်စား သုံးနှုန်းသော ဥပစာ စကား အများစုမှာ “မီးဖိုခန်း” မှ ထွက်လာသော ဥပစာများဟု ဆိုရပါလိမ့်မယ်။
မြန်မာ့ အစားအစာများတွင် “ချဉ်ဖတ်” ဟု
ဆိုလျှင် အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်ကို ဆိုလိုကြောင်း
ထမင်းဝိုင်းတွင် တို့စရာအဖြစ် စားရကြောင်း အထူး ရှင်းပြရန်လိုမည် မထင်ပါ။
သို့သော် ချဉ်ဖတ်၏ အရသာကို အကြောင်းပြု၍ ချဉ်စရာ၊ မနှစ်မြို့စရာ
ကောင်းသူကို “ဒီလူကတော့ ပြည်သူ့ချဉ်ဖတ်ပဲ၊ ဒီရပ်ကွက်မှာ မင်းညီက
ချဉ်ဖတ်ဖြစ်နေပြီ၊ ဆုံးမထားအုန်း” စသည်ဖြင့် တင်စားသုံးသော အခါ “ချဉ်ဖတ်”
သည် “လူအများ မနှစ်မြို့ခြင်း ခံရသူ” ဆိုသော ဥပစာအနက် ထင်သည့် ဥပစာစကား
ဖြစ်သွားရပါသည်။
“ဘတ်စ်ကားတွေ ကျပ်လိုက်တာ ငါးပိသိပ် ငါးချဉ်သိပ်ပဲ” ဟု သုံးလျှင် ငါးပိငါးချဉ်များ အိုးထဲမှာ သိပ်ထည့်ထားသလို ပြည့်သိပ် ကျပ်တည်းသည့် အခြေအနေကို တင်စားပြောခြင်း ဖြစ်ကြောင်း နားလည် ရပါသည်။ “အလွန်ပြည့်သိပ် ကျပ်တည်းစွာ” ဟု အဓိပ္ပာယ် ရပါသည်။ မြန်မာ့ အစားအစာတွင် ထမင်းသည် အခြေခံ အစားအစာဖြစ်သည့် အလျောက် ထမင်းကို အခြေခံသော ဥပစာ အများအပြား ပေါ်ပေါက်လာသည်။ ရေရှည်ကို မကြည့်ဘဲ ယခု အကျိုးရှိရုံ သာ ကြည့်တတ်ခြင်းကို ထမင်းတစ်နပ် စားရရုံသာ ကြည့်တတ်ခြင်းနှင့် တင်စားကာ“တစ်နပ်စား လုပ်သွားတယ်”၊ “တစ်နပ်စား ဥာဏ်နဲ့ ဒီလိုလုပ်တာပဲ” စသည်ဖြင့် သုံးလေ့ ရှိပါသည်။ ထမင်းအိုး မြန်မြန်ဆူပြီး မြန်မြန်နပ်သည့် အခြေအနေကို အစွဲပြု၍ ပြီးလွယ် စီးလွယ်သော ကိစ္စကို “ဆူလွယ်နပ်လွယ်” ဟု တင်စားသုံးပါသည်။“ဒီအလုပ်က ဆူလွယ်နပ်လွယ်ပဲ၊ အချိန်သိပ် မစောင့်ရဘူး” စသည်ဖြင့် သုံးတတ်ပါသည်။ ထို့အတူ ထမင်းစားခြင်း၊ ရေသောက်ခြင်းကဲ့သို့ အခြေခံ အကြောင်းလောက်သာ ပြောတတ်သည်ကို “သူက အင်္ဂလိပ် စကားကို ထမင်းစား ရေသောက်တော့ ပြောတတ်ပါတယ်” စသည်ဖြင့် သုံးလေ့ရှိပါသည်။
“ဘတ်စ်ကားတွေ ကျပ်လိုက်တာ ငါးပိသိပ် ငါးချဉ်သိပ်ပဲ” ဟု သုံးလျှင် ငါးပိငါးချဉ်များ အိုးထဲမှာ သိပ်ထည့်ထားသလို ပြည့်သိပ် ကျပ်တည်းသည့် အခြေအနေကို တင်စားပြောခြင်း ဖြစ်ကြောင်း နားလည် ရပါသည်။ “အလွန်ပြည့်သိပ် ကျပ်တည်းစွာ” ဟု အဓိပ္ပာယ် ရပါသည်။ မြန်မာ့ အစားအစာတွင် ထမင်းသည် အခြေခံ အစားအစာဖြစ်သည့် အလျောက် ထမင်းကို အခြေခံသော ဥပစာ အများအပြား ပေါ်ပေါက်လာသည်။ ရေရှည်ကို မကြည့်ဘဲ ယခု အကျိုးရှိရုံ သာ ကြည့်တတ်ခြင်းကို ထမင်းတစ်နပ် စားရရုံသာ ကြည့်တတ်ခြင်းနှင့် တင်စားကာ“တစ်နပ်စား လုပ်သွားတယ်”၊ “တစ်နပ်စား ဥာဏ်နဲ့ ဒီလိုလုပ်တာပဲ” စသည်ဖြင့် သုံးလေ့ ရှိပါသည်။ ထမင်းအိုး မြန်မြန်ဆူပြီး မြန်မြန်နပ်သည့် အခြေအနေကို အစွဲပြု၍ ပြီးလွယ် စီးလွယ်သော ကိစ္စကို “ဆူလွယ်နပ်လွယ်” ဟု တင်စားသုံးပါသည်။“ဒီအလုပ်က ဆူလွယ်နပ်လွယ်ပဲ၊ အချိန်သိပ် မစောင့်ရဘူး” စသည်ဖြင့် သုံးတတ်ပါသည်။ ထို့အတူ ထမင်းစားခြင်း၊ ရေသောက်ခြင်းကဲ့သို့ အခြေခံ အကြောင်းလောက်သာ ပြောတတ်သည်ကို “သူက အင်္ဂလိပ် စကားကို ထမင်းစား ရေသောက်တော့ ပြောတတ်ပါတယ်” စသည်ဖြင့် သုံးလေ့ရှိပါသည်။
ထမင်းစားဖို့ ကိုယ်တိုင် ခူးခပ်စရာ မလိုဘဲ
အဆင်သင့် စားရပုံကို အစွဲ ပြု၍ “ထမင်းပွဲရှေ့ရောက်” ဆိုသော စကားကို
“စားသောက်ရန် အဆင်သင့်” ဟူသော အဓိပ္ပာယ် ဖြင့် တင်စားသုံးလေ့ ရှိပါသည်။
“ဦးလေးတို့ ကျွန်တော့်အိမ် လာလည်ရင် ထမင်းပွဲ ရှေ့ရောက် ပြုစုပါ့မယ်” ဟု
သုံးပုံမျိုးဖြစ်သည်။ ကျွေးမွေး လှူဒါန်းရာတွင် ထမင်းအိုး ငှဲ့လိုက်သော
ထမင်းရည်များ ချောင်းစီးအောင် အကြီးအကျယ် ကျွေးမွေး လှူဒါန်းပုံကို
အစွဲပြု၍ “ထမင်းရည် ချောင်းစီ အလှူကြီးပေးနေတယ်” “ထမင်းရည် ချောင်းစီး
ကျွေးမွေးနေတယ်” ဟု သုံးလေ့ ရှိပါသည်။ မိမိကို စားဝတ်နေရေး ပြေလည်အောင်
အလုပ် အကိုင်ပေးသူ ကျေးဇူးရှင်ကို “ထမင်းရှင်” ဟု တင်စားခြင်းမှာလည်း
ထိုသဘောပင် ဖြစ်သည်။ “ကျွန်မတို့ မိသားစုကို ဒီအပ်ချုပ်စက် ကလေးက ထမင်း
ကျွေးနေတာ” ဟု သုံးပုံမျိုးလည်း ရှိပါသည်။ စားဝတ်နေရေး ပျက်စီးအောင်
လုပ်သည်ကို “ထမင်းအိုး ခွဲသည်” ဟု သုံးလေ့ရှိသည်။ “အလုပ်သမားတွေမှာ အပြစ်
ရှိပေမယ့် သူတို့ ထမင်းအိုးကို မခွဲချင်ပါဘူး” ဟု သုံးပုံမျိုး ဖြစ်သည်။
ကိစ္စ တစ်ခုခုကို ရင်မဆိုင်ဘဲ ရှောင်လွှဲလျှင် “ထမင်းရည်ပူလာ လျှာလွှဲ”
ခဏမျှကြာ သော အချိန်ကို “ထမင်းအိုး တစ်လုံးချက်” ဟု
တင်စားခြင်းတို့မှာလည်း ထမင်းကို အခြေပြုပါသည်။
ထမင်းဟင်းများကို လောလောလတ်လတ် ချက်ပြုတ်ပြီးစတွင် ပူပူနွေးနွေး ရှိသကဲ့သို့ လတ်တလော ဖြစ်ပျက်သည့် ဖြစ်ရပ်ကို “သူအလုပ်ရ တာ ပူပူနွေးနွေးပဲ ရှိသေးတယ်”။ ဒီကိစ္စကို ပူပူ နွေးနွေး အကောင်အထည် ဖော်မှပဲ” စသည်ဖြင့် သုံးလေ့ရှိပါသည်။ ပြုတ်၍ မနူးသော အစားအစာ၊ မနူးမနပ် အစားအစာကို အစွဲပြု၍ အတွေ့အကြုံ နည်းသေးသူ၊ မလည်မ၀ယ် ရှိသူကို “ဒီကောင်လေးက ပြုတ်မနူးလေးပါ”၊ “ဒီမိန်းကလေးတွေက မနူးမနပ်မို့ အညာခံရတာ” စသည်ဖြင့် တင် စားသုံးလေ့ ရှိပါသည်။
မှိုတွေ၊ မျှစ်တွေကို ချိုးဖဲ့ ခုတ်ယူသကဲ့သို့ မငဲ့မကွက် ချိုးဖဲ့သည့် အပြုအမူကို အစွဲပြု၍ သူတစ်ပါး နစ်နာအောင် ချိုးချိုးဖဲ့ဖဲ့ ပက်ပက်စက်စက် ပြောသည်ကို “မှိုချိုးမျှစ်ချိုး” ဟု တင်စား သုံးပါသည်။ “ဟိုမိန်းမကြီးက ကျွန်မကို မှိုချိုးမျှစ်ချိုး ပြောသွားလိုက်တာ” ဟူသော အသုံးမျိုးဖြစ်သည်။ မှိုတွေ အများကြီး ပေါက်နေပုံဖြင့် တင်စားပြီး “ဒီနေ့ ဂျာနယ်တွေ မှိုပေါက်နေတာပဲ” ဟု သုံးလေ့ ရှိ ပါသည်။ အလွန် ပေါများသည်ဟု ဆိုလိုခြင်း ဖြစ် သည်။ ပျော်နေသော မျက်နှာပေးကို “မှိုရတဲ့ မျက်နှာ” ဟု သုံးခြင်းမှာလည်း မှိုကို အစွဲပြုခြင်း ဖြစ်သည်။ အစားအသောက်ကို မြိန်ရေယှက်ရေ စားပုံနှင့် တင်စားကာ “ဒေါ်လေးက သူဘယ်လို ကြီးပွားလာတယ် ဆိုတဲ့ အကြောင်းကို မြိန်ရေရှက်ရေ ပြောပြလေ့ရှိတယ်” ဟု သုံးမျိုးသုံးစား ရှိပါသည်။
ထမင်းအိုးမှာ ထမင်း ချိုးကပ်ပြီး စွဲနေသလို အခိုင်အမာ စွဲနေသည့် အခြေအနေကို အစွဲပြု ပြီး “ဒီလူကြီးက အရက်ချိုးပဲ”၊ “အရက်ချိုးကပ် နေပြီ”၊ “သူကတော့ ဖဲချိုးကပ်နေတဲ့ ဖဲသမား ပဲ” စသည်ဖြင့် သုံးလေ့ ရှိပါသည်။ တောင်းရမ်း စားသောက်ရသူချင်း အစားအသောက် အတွက် စကားများ ရန်ဖြစ်ပြီး ခွက်စောင်းနှင့် ခုတ်ကြ သည့် အပြုအမူမျိုးကို အစွဲပြု၍ ဘ၀တူချင်း ရန်ဖြစ်သည်ကို “သူတို့ ခွက်စောင်း ခုတ်နေကြတယ်” စသည်ဖြင့် တင်စားသုံးပါသည်။ ငါးခုတ်သည့် စဉ်းတီတုံး (ငါးခုတ်တုံး)၏ အခြေအနေနှင့် တင် စားပြီး သူတစ်ပါးလုပ်သမျှ ငြိမ်ခံနေသူကို “ဒီလူ ကတော့ ငါးခုတ်တုံးပဲ၊ သိပ်အေးတာပဲ” စသည် ဖြင့် တင်စားလေ့ ရှိပါသည်။
ထမင်းဟင်းများကို လောလောလတ်လတ် ချက်ပြုတ်ပြီးစတွင် ပူပူနွေးနွေး ရှိသကဲ့သို့ လတ်တလော ဖြစ်ပျက်သည့် ဖြစ်ရပ်ကို “သူအလုပ်ရ တာ ပူပူနွေးနွေးပဲ ရှိသေးတယ်”။ ဒီကိစ္စကို ပူပူ နွေးနွေး အကောင်အထည် ဖော်မှပဲ” စသည်ဖြင့် သုံးလေ့ရှိပါသည်။ ပြုတ်၍ မနူးသော အစားအစာ၊ မနူးမနပ် အစားအစာကို အစွဲပြု၍ အတွေ့အကြုံ နည်းသေးသူ၊ မလည်မ၀ယ် ရှိသူကို “ဒီကောင်လေးက ပြုတ်မနူးလေးပါ”၊ “ဒီမိန်းကလေးတွေက မနူးမနပ်မို့ အညာခံရတာ” စသည်ဖြင့် တင် စားသုံးလေ့ ရှိပါသည်။
မှိုတွေ၊ မျှစ်တွေကို ချိုးဖဲ့ ခုတ်ယူသကဲ့သို့ မငဲ့မကွက် ချိုးဖဲ့သည့် အပြုအမူကို အစွဲပြု၍ သူတစ်ပါး နစ်နာအောင် ချိုးချိုးဖဲ့ဖဲ့ ပက်ပက်စက်စက် ပြောသည်ကို “မှိုချိုးမျှစ်ချိုး” ဟု တင်စား သုံးပါသည်။ “ဟိုမိန်းမကြီးက ကျွန်မကို မှိုချိုးမျှစ်ချိုး ပြောသွားလိုက်တာ” ဟူသော အသုံးမျိုးဖြစ်သည်။ မှိုတွေ အများကြီး ပေါက်နေပုံဖြင့် တင်စားပြီး “ဒီနေ့ ဂျာနယ်တွေ မှိုပေါက်နေတာပဲ” ဟု သုံးလေ့ ရှိ ပါသည်။ အလွန် ပေါများသည်ဟု ဆိုလိုခြင်း ဖြစ် သည်။ ပျော်နေသော မျက်နှာပေးကို “မှိုရတဲ့ မျက်နှာ” ဟု သုံးခြင်းမှာလည်း မှိုကို အစွဲပြုခြင်း ဖြစ်သည်။ အစားအသောက်ကို မြိန်ရေယှက်ရေ စားပုံနှင့် တင်စားကာ “ဒေါ်လေးက သူဘယ်လို ကြီးပွားလာတယ် ဆိုတဲ့ အကြောင်းကို မြိန်ရေရှက်ရေ ပြောပြလေ့ရှိတယ်” ဟု သုံးမျိုးသုံးစား ရှိပါသည်။
ထမင်းအိုးမှာ ထမင်း ချိုးကပ်ပြီး စွဲနေသလို အခိုင်အမာ စွဲနေသည့် အခြေအနေကို အစွဲပြု ပြီး “ဒီလူကြီးက အရက်ချိုးပဲ”၊ “အရက်ချိုးကပ် နေပြီ”၊ “သူကတော့ ဖဲချိုးကပ်နေတဲ့ ဖဲသမား ပဲ” စသည်ဖြင့် သုံးလေ့ ရှိပါသည်။ တောင်းရမ်း စားသောက်ရသူချင်း အစားအသောက် အတွက် စကားများ ရန်ဖြစ်ပြီး ခွက်စောင်းနှင့် ခုတ်ကြ သည့် အပြုအမူမျိုးကို အစွဲပြု၍ ဘ၀တူချင်း ရန်ဖြစ်သည်ကို “သူတို့ ခွက်စောင်း ခုတ်နေကြတယ်” စသည်ဖြင့် တင်စားသုံးပါသည်။ ငါးခုတ်သည့် စဉ်းတီတုံး (ငါးခုတ်တုံး)၏ အခြေအနေနှင့် တင် စားပြီး သူတစ်ပါးလုပ်သမျှ ငြိမ်ခံနေသူကို “ဒီလူ ကတော့ ငါးခုတ်တုံးပဲ၊ သိပ်အေးတာပဲ” စသည် ဖြင့် တင်စားလေ့ ရှိပါသည်။
စားသောက်ပြီး အတူတူ ဆေးကြောရသည့်
ဆေးဖော်ကြောဖက်ချင်း ဆက်ဆံ ပြောဆိုသည့် သဘောကို အစွဲပြု၍ “သူ့ကို ဘယ်သူကမှ
ဆေးဖော်ကြောဖက် မလုပ်ကြဘူး” ဟု သုံးလေ့ရှိသည်။ ပြောဆို ဆက်ဆံခြင်း
မပြုသည့် သဘောဖြင့်သာ သုံးလေ့ ရှိပါသည်။ ဆန်စေ့၊ စပါးစေ့၊ ပဲစေ့
စသည်တို့ကို အမှုန် အမွှားများ စင်သွားအောင် ဆန်ခါဖြင့် တိုက်ချ လိုက်သော
အခါ အစေ့ကောင်းများ တင်ကျန်ပုံဖြင့် တင်စားကာ လက်ရွေးစင် အကောင်းဆုံး
ဟူသော အဓိပ္ပာယ်ဖြင့် သုံးပါသည်။ “ဒီဝတ္ထုတွေ က ရှေ့လမဂ္ဂဇင်း အတွက် ဆန်ခါတင်
ရွေးထား တာတွေပါ” ဟူ၍ သုံးပုံမျိုး ဖြစ်သည်။
မီးဖိုတွင် ချက်ပြုတ်ရန် အိုးတင်စရာ အဖြစ် အုတ်ခဲ၊ ကျောက်ခဲစသည်တို့ကို သုံးခုဆိုင် လုပ် ထားသည့် အောက်ခံကို ဖိုခုံလောက် (ဖိုခနောက်) ဟု ခေါ်သည်။ ဤ ပုံစံမျိုးသုံးခုဆိုင် အနေအထား ကိုလည်း ဖိုခုံလောက်ဆိုင် (ဖိုခနောက်ဆိုင်) ဟု တင်စားသုံးပါသည်။ “မြေပုံပေါ်မှာကြည့်ရင် စခန်း သုံးခုဟာ ဖိုခုံလောက်ဆိုင် (ဖိုခနောက်ဆိုင်) ရှိနေတာကို တွေ့ရပါလိမ့်မယ်” ဟု သုံးပုံမျိုး ဖြစ်သည်။ အလှူအတန်းရှိသည့်အတွက် အိမ်မှာ ချက် ပြုတ်စရာမလိုဘဲ သွားစားရ၍ မီးဖိုမှာ မီးခိုးတိတ် နေသည့် အခြေအနေကို အစွဲပြုကာ “ဆွမ်းကျွေး ကို တစ်ရွာလုံး မီးခိုးတိတ်သွားကြတယ်” ဟူသော အသုံးမျိုး သုံးလေ့ရှိပါသည်။
ဟင်းအမျိုးမျိုးကို ရော၍ အရသာ လေးအောင် ကျိုထားသော ဟင်းကို ဟင်းလေးဟု ခေါ်ပါသည်။ ဘုန်းတော်ကြီး ကျောင်းများတွင် နံနက် ဆွမ်းစားပြီး ကျန်သောဟင်းများကို ဟင်းလေးကျို၍ ကျောင်း သားများ စားလေ့ရှိသည်။ ဟင်းလေးကျိုသော အိုးတွင် ဟင်းအမျိုးမျိုး ပါသည်ကို အစွဲပြု၍ ဗဟုသုတစုံလင်သူကို “ဟင်းလေးအိုး” ဟု တင်စားသုံးလေ့ ရှိပါသည်။ “ဗဟုသုတဟင်းလေး အိုး” “စာပေဟင်းလေးအိုး” စသည်ဖြင့်လည်း သုံးပါသည်။
အိုးနှင့် ဆန်တန်ရုံ ထည့်ရသကဲ့သို့ မယုတ်မလွန် လိုရင်းရောက်အောင် ပြောသောစကားကို “အိုးတန်ဆန်ခတ်စကား”၊ “အိုးတန်ဆန်ခတ်ပြောနည်း” ဟု ခေါ်ပါသည်။
မီးဖိုခန်းတွင် အိုးများ ခွက်များကို နင်းမိ သကဲ့သို့ ကသောင်းကနင်း ပရမ်းပတာ ဖြစ်သည့် သဘောကို အစွဲပြုလျက် “သူစကားပြောရင် အိုးနင်းခွက်နင်း ပြောတတ်တယ်”၊ “သူလုပ် လိုက်ရင် အိုးနင်းခွက်နင်းပဲ” ဟု တင်စား သုံးပါသည်။ “ကသောင်းကနင်း၊ ပရမ်းပတာ၊ အစီအစဉ် မကျ” ဟူသော အဓိပ္ပာယ်များဖြင့် သုံးခြင်း ဖြစ်သည်။ အိုးတွင်ကပ်နေသောအိုးမဲဖြင့် သုတ် သကဲ့သို့ ညစ်နွမ်းအောင် ပြုသည့် သဘောကို အခြေပြုလျက် မိဘဆွေမျိုးများကို မထောက် ထားဘဲ ဂုဏ်သိမ်ငယ်အောင် အရှက်ရအောင် ပြုမူလျှင် “မိဘဆွေမျိုးတွေရဲ့ မျက်နှာကို အိုးမဲ သုတ်သွားပြီ” “မိဘမျက်နှာ အိုးမဲ မသုတ်ပါနဲ့” စသည်ဖြင့် သုံးပါသည်။ စားမှုသောက်မှု ဆိုင်ရာ အသုံးအဆောင်များကို အခြေပြု၍ တင်စားသုံးသော ဤဥပစာ စကားများသည် နေ့စဉ်သုံး ဘာသာစကား နယ်ပယ် တွင် အသားကျနေပါပြီ။
မီးဖိုတွင် ချက်ပြုတ်ရန် အိုးတင်စရာ အဖြစ် အုတ်ခဲ၊ ကျောက်ခဲစသည်တို့ကို သုံးခုဆိုင် လုပ် ထားသည့် အောက်ခံကို ဖိုခုံလောက် (ဖိုခနောက်) ဟု ခေါ်သည်။ ဤ ပုံစံမျိုးသုံးခုဆိုင် အနေအထား ကိုလည်း ဖိုခုံလောက်ဆိုင် (ဖိုခနောက်ဆိုင်) ဟု တင်စားသုံးပါသည်။ “မြေပုံပေါ်မှာကြည့်ရင် စခန်း သုံးခုဟာ ဖိုခုံလောက်ဆိုင် (ဖိုခနောက်ဆိုင်) ရှိနေတာကို တွေ့ရပါလိမ့်မယ်” ဟု သုံးပုံမျိုး ဖြစ်သည်။ အလှူအတန်းရှိသည့်အတွက် အိမ်မှာ ချက် ပြုတ်စရာမလိုဘဲ သွားစားရ၍ မီးဖိုမှာ မီးခိုးတိတ် နေသည့် အခြေအနေကို အစွဲပြုကာ “ဆွမ်းကျွေး ကို တစ်ရွာလုံး မီးခိုးတိတ်သွားကြတယ်” ဟူသော အသုံးမျိုး သုံးလေ့ရှိပါသည်။
ဟင်းအမျိုးမျိုးကို ရော၍ အရသာ လေးအောင် ကျိုထားသော ဟင်းကို ဟင်းလေးဟု ခေါ်ပါသည်။ ဘုန်းတော်ကြီး ကျောင်းများတွင် နံနက် ဆွမ်းစားပြီး ကျန်သောဟင်းများကို ဟင်းလေးကျို၍ ကျောင်း သားများ စားလေ့ရှိသည်။ ဟင်းလေးကျိုသော အိုးတွင် ဟင်းအမျိုးမျိုး ပါသည်ကို အစွဲပြု၍ ဗဟုသုတစုံလင်သူကို “ဟင်းလေးအိုး” ဟု တင်စားသုံးလေ့ ရှိပါသည်။ “ဗဟုသုတဟင်းလေး အိုး” “စာပေဟင်းလေးအိုး” စသည်ဖြင့်လည်း သုံးပါသည်။
အိုးနှင့် ဆန်တန်ရုံ ထည့်ရသကဲ့သို့ မယုတ်မလွန် လိုရင်းရောက်အောင် ပြောသောစကားကို “အိုးတန်ဆန်ခတ်စကား”၊ “အိုးတန်ဆန်ခတ်ပြောနည်း” ဟု ခေါ်ပါသည်။
မီးဖိုခန်းတွင် အိုးများ ခွက်များကို နင်းမိ သကဲ့သို့ ကသောင်းကနင်း ပရမ်းပတာ ဖြစ်သည့် သဘောကို အစွဲပြုလျက် “သူစကားပြောရင် အိုးနင်းခွက်နင်း ပြောတတ်တယ်”၊ “သူလုပ် လိုက်ရင် အိုးနင်းခွက်နင်းပဲ” ဟု တင်စား သုံးပါသည်။ “ကသောင်းကနင်း၊ ပရမ်းပတာ၊ အစီအစဉ် မကျ” ဟူသော အဓိပ္ပာယ်များဖြင့် သုံးခြင်း ဖြစ်သည်။ အိုးတွင်ကပ်နေသောအိုးမဲဖြင့် သုတ် သကဲ့သို့ ညစ်နွမ်းအောင် ပြုသည့် သဘောကို အခြေပြုလျက် မိဘဆွေမျိုးများကို မထောက် ထားဘဲ ဂုဏ်သိမ်ငယ်အောင် အရှက်ရအောင် ပြုမူလျှင် “မိဘဆွေမျိုးတွေရဲ့ မျက်နှာကို အိုးမဲ သုတ်သွားပြီ” “မိဘမျက်နှာ အိုးမဲ မသုတ်ပါနဲ့” စသည်ဖြင့် သုံးပါသည်။ စားမှုသောက်မှု ဆိုင်ရာ အသုံးအဆောင်များကို အခြေပြု၍ တင်စားသုံးသော ဤဥပစာ စကားများသည် နေ့စဉ်သုံး ဘာသာစကား နယ်ပယ် တွင် အသားကျနေပါပြီ။
မောင်ခင်မင်(ဓနုဖြူ)
(ပေဖူးလွှာ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)
(ပေဖူးလွှာ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)
Labels:
Knowledge
Tuesday, February 22, 2011
သြော်.... GluTen
chef , seafood salad က gluten free ဖြစ်သလား။ room service က ဖားမလေး က လှမ်းမေတာပါ။ ရှင်းရှင်းပြောရရင် ကျနော်ကလည်း ဒီစကားလုံးကို ခု မှ ကြားဖူးတာ။း) ဒါနဲ့ ပြန်မေးရတာပေါ့။ ဘာလဲ လို့ gluten free ဆိုတာ။ ငါ ကြားဖူးတာက sugar free ကိုပဲ လို့။ gluten free က glucose ကလာတဲ့ စကားလုံးလားလို့။ ဖားမလေးကလည်း မသိဘူးတဲ့ ။ ကျနော်ကလည်း ညပိုင်းက အကြီးဆုံး မောစ့် နဲ့ မာမီ ရဲ တို့ကို မေးတာပဲ။း) သူ တို့က လည်း သိဘူးတဲ့ဗျာ။ ကောင်းရော...။
ဖားမလေးက ဧည့်သည်ကို ပြန်ပြောဟန်တူပါတယ်။ ဧည့်သည်က တော်တော် လာ တယ်ဗျ။ အဲ့ဒီ chef တွေ မသိရင် သူ့ဆီကို ဖုန်းဆက် ခိုင်းလိုက်လို့ ပြောတယ် တဲ့ဗျာ ။ နောက် ဆက်ရစ်တော့တာပေါ့။ အာလူးကြော်ထဲမှာ ဂျုံ ပါလား တို့ ၊ ဘယ်လောက်ကြာမှာလဲတို့ စုံလို့ စုံလို့ပါပဲ။ နောက်ဆုံးတော့ သူမေးတဲ့ ဟင်းပွဲတွေ မမှာဘဲ တခြား ဟင်းပွဲပဲ မှာသွားတယ်။ ကျနော်လည်း တနုံနုံနဲ့လေ။ မနက်ခင်းရောက်တော့ မနက်အဆိုင်းက ဘဂုံး chef ကိုမေးကြည့်တယ်။ သူပြောတာက ဟုတ်တုက်တုက်ဗျ။ မင်း အာဂျီနိုမိုတို AJinomoto ကို မသိဘူးလားတဲ့ ။ သိတာပေါ့လိုက ကျနော်ကပြောတော့ gluten ဆိုတာ အဲ့ဒါကို ပြောတာတဲ့လေ။ ကျနော်က ခပ်တည်တည်နဲ့ အာဂျီနီုမိုတို ကို သွားယူတာပေါ့။ ငှဲငှဲ ။ ဒီမှာ ရေးထားတာက mono sodium glutamate လို့။ gluten လို့ ရေးမထားဘူးလို့ပြောတော့ သူကြားဘူးတာက stock ဈေးမှာတဲ့ အခါ အာဂျီနိုမိုတိုကို glutamate လို့ အပြည့် မခေါ်ဘဲ gluten လို့ပဲ ခေါ်တယ်တဲ့ဗျာ။ ကျနော် လည်း ယောင်ဝါးဝါး ဖြစ်သွားရော။ သူ့ အဖြေကိုတော့ အပြည့်အ၀ မကျေနပ်ဘူးလေ။ တစ်ယောက်မေး တစ်မျိုးပြောနေကတည်းက ငါ ထင်တယ် လို ဖြစ်နေတယ်လေ။ ;)
နောက်ဆုံးတော့ Google ကို ပဲ အားကိုးရတာပေါ့။
gluten ဆိုတဲ့ စကား ဟာ Latin ဘာသာက ဆင်းသက်လာတာဖြစ်တယ် ဘာညာသာရကာ တွေ့ရတာပဲဗျိုး။
Gluten-free

Gluten ဆိုတာ ကစီဓါတ် တစ်မျိုးပါပဲ။ ဆန်တို့ ဂျုံတို့ ဘာလီတို့မှာ ပါပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ပရိုတင်းဓါတ်ကို ဖြည့်စွက်ပေးတဲ့ အဓိက အာဟာရ ဖြစ်ပါတယ်။ ရာခိုင်နှုန်း အနည်းငယ်သော လူတချို့ကတော့ အဲဒီ ပရိုတင်းဓါတ်ကို မခြေနိုင်ပါဘူး။ အထူးသဖြင့် ၅-၆လ အောက် ကလေးငယ်လေးတွေနဲ့ ရောဂါရှိတဲ့ သူတချို့မှာပါ။ Gluten နဲ့ မတည့်တဲ့ သူတွေအတွက်တော့ ဒီတံဆိပ်က အသက်တမျှ အရေးပါပါတယ်။

Gluten ဆိုတာ ကစီဓါတ် တစ်မျိုးပါပဲ။ ဆန်တို့ ဂျုံတို့ ဘာလီတို့မှာ ပါပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ပရိုတင်းဓါတ်ကို ဖြည့်စွက်ပေးတဲ့ အဓိက အာဟာရ ဖြစ်ပါတယ်။ ရာခိုင်နှုန်း အနည်းငယ်သော လူတချို့ကတော့ အဲဒီ ပရိုတင်းဓါတ်ကို မခြေနိုင်ပါဘူး။ အထူးသဖြင့် ၅-၆လ အောက် ကလေးငယ်လေးတွေနဲ့ ရောဂါရှိတဲ့ သူတချို့မှာပါ။ Gluten နဲ့ မတည့်တဲ့ သူတွေအတွက်တော့ ဒီတံဆိပ်က အသက်တမျှ အရေးပါပါတယ်။
( credit to > http://wesheme.blogspot.com/2008/11/logo-on-food.html )
ခုတော့ ရှင်းသွားပြီ။ Gluten ဆိုတာ အာဂျီနိုမိုတို မဟုတ်မှန်း ။း) ကျနော်တို့ ရွှေထဲမှာ gluten free စားတဲ့သူ ရှိသလား မသိဘူးနော်။း)
The person who prepares the patient's food much fully understand the gluten-free diet. Read food labels carefully:
Prebiotic Plant Fiber Oligofructose and Inulin
Milk and Milk Products
Meat or Meat Substitutes
Breads and Grains
Fats and Oils
Fruits
Vegetables
Snacks and Desserts
Beverages
Soups
Thickening Agents
Condiments
Seasonings
Prescription Products
The above sample diet provides the following: 1748 calories; 77 gm protein; 225 gm carbohydrates; 62 gm fat; 1577 gm sodium; 2934 potassium
Special Considerations
Removing gluten from the diet is not easy. Grains are used in the preparation of many foods. It is often hard to tell by a food's name what may be in it, so it is easy to eat gluten without even knowing it. However, staying on a strict gluten-free diet can dramatically improve the patient's condition. Since it is necessary to remain on the gluten-free diet throughout life, it will be helpful to review it with a registered dietitian.The person who prepares the patient's food much fully understand the gluten-free diet. Read food labels carefully:
- Do not eat anything that contains the following grains: wheat, rye and barley.
- At one time, oats were thought to contain some gluten. It has now become apparent, however, that oats frequently were processed in machines that also processed wheat. Most manufacturers no longer do this, although if there are any questions, a person should get reassurance from the manufacturer by mail, email or phone.
- The following can be eaten in any amount: corn, potato, rice, soybeans, tapioca, arrowroot, carob, buckwheat, millet, amaranth and quinoa.
- Distilled white vinegar does not contain gluten.
- Malt vinegar does contain gluten.
- Hydrolyzed Vegetable Protein (HVP), unless made from soy or corn
- Flour or Cereal products, unless made with pure rice flour, corn flour, potato flour or soy flour
- Vegetable Protein, unless made from soy or corn
- Malt or Malt Flavoring, unless derived from corn
- Modified Starch or Modified Food Starch, unless arrowroot, corn, potato, tapioca, waxy maize or maize is used
- Vegetable Gum, unless made from carob bean, locust bean, cellulose, guar, gum arabic, gum aracia, gum tragacanth, xantham or vegetable starch
- Soy Sauce or Soy Sauce Solids, unless you know they do not contain wheat
- Stabilizer
- Starch
- Flavoring
- Emulsifier
- Hydrolyzed
- Plant Protein
Prebiotic Plant Fiber Oligofructose and Inulin
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| Onion, garlic, leeks, Jerusalem artichokes, asparagus, chicory root, jicama, dandelion, banana, agave, jams, Prebiotin | Wheat, barley, rye |
Milk and Milk Products
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| Whole, low fat, skim, dry, evaporated or condensed milk; buttermilk; cream; whipping cream; Velveeta cheese food; American cheese; all aged cheese such as Cheddar, Swiss, Edam and Parmesan | Sour cream, commercial chocolate milk and drinks, non-dairy creamers, all other cheese products, yogurt | Malted drinks |
Meat or Meat Substitutes
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| 100% meat (no grain additives); seafood; poultry (breaded with pure cornmeal, potato flour or rice flour); peanut butter; eggs; dried beans or peas; pork | Meat patties; canned meat; sausages; cold cuts; bologna; hot dogs; stew; hamburger; chili; commercial omelets, souffles, fondue; soy protein meat substitutes | Croquettes, breaded fish, chicken loaves made with bread or bread crumbs, breaded or floured meats, meatloaf, meatballs, pizza, ravioli, any meat or meat substitute, rye, barley, oats, gluten stabilizers |
Breads and Grains
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| Cream of rice; cornmeal; hominy; rice; wild rice; gluten-free noodles; rice wafers; pure corn tortillas; specially prepared breads made with corn, rice, potato, soybean, tapioca, arrowroot, carob, buckwheat, millet, amaranth and quinoa flour | Packaged rice mixes, cornbread, ready-to-eat cereals containing malt flavoring | Breads, buns, rolls, biscuits, muffins, crackers and cereals containing wheat, wheat germ, oats, barley, rye, bran, graham flour, malt; kasha; bulgur; Melba toast; matzo; bread crumbs; pastry; pizza dough; regular noodles, spaghetti, macaroni and other pasta; rusks; dumplings; zwieback; pretzels; prepared mixes for waffles and pancakes; bread stuffing or filling |
Fats and Oils
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| Butter, margarine, vegetable oil, shortening, lard | Salad dressings, non-dairy creamers, mayonnaise | Gravy and cream sauces thickened with flour |
Fruits
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| Plain, fresh, frozen, canned or dried fruit; all fruit juices | Pie fillings, thickened or prepared fruit, fruit fillings | None |
Vegetables
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| Fresh, frozen or canned vegetables; white and sweet potatoes; yams | Vegetables with sauces, commercially prepared vegetables and salads, canned baked beans, pickles, marinated vegetables, commercially seasoned vegetables | Creamed or breaded vegetables; those prepared with wheat, rye, oats, barley or gluten stabilizers |
Snacks and Desserts
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| Brown and white sugar, rennet, fruit whips, gelatin, jelly, jam, honey, molasses, pure cocoa, fruit ice, carob | Custards, puddings, ice cream, ices, sherbet, pie fillings, candies, chocolate, chewing gum, cocoa, potato chips, popcorn | Cakes, cookies, doughnuts, pastries, dumplings, ice cream cones, pies, prepared cake and cookie mixes, pretzels, bread pudding |
Beverages
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| Tea, carbonated beverages (except root beer), fruit juices, mineral and carbonated waters, wines, instant or ground coffee | Cocoa mixes, root beer, chocolate drinks, nutritional supplements, beverage mixes | Postum™, Ovaltine™, malt-containing drinks, cocomalt, beer, ale |
Soups
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| Those made with allowed ingredients | Commercially prepared soups, broths, soup mixes, boullion cubes | Soups thickened with wheat flour or gluten-containing grains; soup containing barley, pasta or noodles |
Thickening Agents
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| Gelatin, arrowroot starch; corn flour germ or bran; potato flour; potato starch flour; rice bran and flour; rice polish; soy flour; tapioca, sago | Commercially prepared soups, broths, soup mixes, boullion cubes | Wheat starch; all flours containing wheat, oats, rye, malt, barley or graham flour; all-purpose flour; white flour; wheat flour; bran; cracker meal; durham flour; wheat germ |
Condiments
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| Gluten-free soy sauce, distilled white vinegar, olives, pickles, relish, ketchup | Flavoring syrups (for pancakes or ice cream), mayonnaise, horseradish, salad dressings, tomato sauces, meat sauce, mustard, taco sauce, soy sauce, chip dips |
Seasonings
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| Salt, pepper, herbs, flavored extracts, food coloring, cloves, ginger, nutmeg, cinnamon, bicarbonate of soda, baking powder, cream of tartar, monosodium glutamate | Curry powder, seasoning mixes, meat extracts | Synthetic pepper, brewer's yeast (unless prepared with a sugar molasses base), yeast extract (contains barley) |
Prescription Products
| NO Gluten | MAY Contain Gluten | DOES Contain Gluten |
| All medicines - Check with pharmacist or pharmaceutical company. |
Sample Menu
| Breakfast | Lunch | Dinner |
| Cream of rice - 1/2 cup Skim milk - 1 cup Banana - 1 medium Orange juice - 1/2 cup Sugar - 1 tsp |
Baked chicken - 3 oz Rice - 1/2 cup Green beans - 1/2 cup Apple juice - 1/2 cup Ice cream - 1/2 * Ice cream should be made without wheat stabilizers. |
Sirloin steak - 3 oz Baked potato - 1 medium Peas - 1/2 cup Fruit gelatin - 1/2 cup Butter - 1 Tbsp Tea - 1 cup Sugar - 1 tsp |
The above sample diet provides the following: 1748 calories; 77 gm protein; 225 gm carbohydrates; 62 gm fat; 1577 gm sodium; 2934 potassium
credit to
http://www.gicare.com/diets/gluten-free.aspx
Labels:
Knowledge
Tuesday, February 15, 2011
ဗာ ဂါ များ နေ့ Burger of the day
Le Swiss
Swiss cheese and sautéed mushroom
Jumbo ( contains pork )
360 g imported beef patty, crispy bacon, melted chedder cheese and deep fried onion rings.
Spicy Mexican
Guacamole, jalapeños , spicy tomato salsa, deep fried onion rings.
BBQ'd
Hickory smoked BBQ sauce with grilled bell peppers and eggplant
BC ( contains pork )
bacon, cheese, fried onions and capsicum salsa.
ဒီလ ၂၃ ရက်နေ့ British Pub မှာ စရောင်းမဲ့ ဗာဂါတွေပါ။ အားလုံး မီနူး အသစ်တွေချည်း စရတော့မယ်။
A modern way of enjoying a classic dish, combining your favorite ingredients with a freshly, home-made burger.All burger are served with French fries, side salad and coleslaw, vintage , lettuce, tomato, red onions and pickles.
Labels:
Knowledge
Friday, January 28, 2011
စားတတ်ပါစေ...ကျွန်တော်တို့ ရွှေတွေ
ကြုံတုန်း ဟိုတယ်တွေမှာ စားတဲ့အခါ
ဘယ်လိုစနစ်ရှိတယ်ဆိုတာကို ပြောပြချင်ပါသေးတယ်။ ပထမဆုံး သိရမှာကတော့
ကိုယ်ကထိုင်နေပြီး စားပွဲထိုးတွေက စားစရာတွေ လာချပေးပြီး စားရတာနဲ့
ကိုယ့်ဘာသာထပြီး စားစရာတွေကို ကိုယ်တိုင်ယူစားရတာဆိုပြီး
နှစ်မျိုးကွဲပါတယ်၊ ထိုင်နေပြီး အစားတွေ လာချပေးတာကို စားရတာကိုတော့
ဆစ်ဒေါင်း (Sit-down) လို့ခေါ်ပါတယ်၊ ထိုင်စားပေါ့။ ထပြီး
ကိုယ့်ဘာသာယူစားရတာကိုတော့ ဘူဖေး (Buffet) လို့ခေါ်ပါတယ်။ ပြင်သစ်စကားက
လာတာမို့လို့ အင်္ဂလိပ်လိုစာလုံးက ဘယ်လိုပဲပေါင်းထား၊ ပေါင်းထား ပြင်သစ်
အသံထွက်နဲ့ ဘူဖေးလို့ပဲ အသံထွက်ပါတယ်။ ဘူဖေးကတော့ အနောက်တိုင်း၊
အရှေ့တိုင်း၊ ဂျပန် ဆိုပြီး ဘူဖေးမျိုးစုံရှိပါတယ်၊ အစားအသောက်တွေကို
စီချထားပြီး ကိုယ်စားချင်တာ ယူစားရပါတယ်။
အဲဒီလို စားချင်တာ ယူစားရတယ်ဆိုပေမယ့်လို့လည်း အနောက်တိုင်းဘူဖေးရောက်တော့
စားတဲ့ စနစ်လေးရှိသေးတယ်။ ပထမဆုံး ဆွပ်(ပ်) (Soup) လို့ခေါ်တဲ့
ဟင်းချိုရည်တစ်မျိုးမျိုးကို သောက် တယ်၊ အဲဒီအချိန်မှာ
ပေါင်မုန့်တစ်မျိုးမျိုးနဲ့ ထောပတ်ကိုတော့ စားလို့ရတယ်၊ ပြီးတော့မှ
အရွက်တွေ ဒါမှမဟုတ် ငါး၊ ပုဇွန်၊ အသားအေး (Cold meat) နဲ့လုပ်ထားတဲ့အသုပ်
ဆလပ် (Salad) တစ်မျိုးမျိုး ကို စားလေ့ရှိတယ်။ ချက်ထားတာမျိုးမဟုတ်ဘဲ
ဒီအတိုင်းနယ်ပြီး သုပ်ထားတာကို ခေါ်တာပါ။ ဆလပ်ဆိုတာက မြန်မာအခေါ် ဆလပ်ရွက်ကို
ဆိုလိုတာမဟုတ်ဘူး၊ ဆလပ်ရွက်ကိုတော့ အင်္ဂလိပ်လို (Lettuce) လို့
စားလုံးပေါင်းပြီး လက်တစ်(စ်) လို့ အသံထွက်ပါတယ်။ ပြီးတော့မှ ဟင်းတွေ၊
အသားတွေ၊ (Cooked meat) ကိုစားရပါတယ်၊ နောက်ဆုံးရောက်တော့ အချိုပွဲလို့
အကြမ်းဘာသာပြန်တဲ့ ဒီဆတ် (Dessert) ကိုစားရပါတယ်။ ဒီဆတ်လို့ အသံထွက်တော့
ကျွန်တော့်သားပြောတာကို အမြဲသတိရပါတယ်၊ သူက အပြည်ပြည်ဆိုင်ရာကျောင်း
(International School) ကဆိုတော့ အမေရိကန်သံ ပေါက်တာပေါ့။ ကျွန်တော်က
ဒဲဆတ်လို့အသံထွက်လိုက်ရင် "အဖေ ဒဲဆတ် (Desert) ဆိုတာက သဲကန္တာရ ကိုခေါ်တာ။
အချိုပွဲက ဒီဆတ် (Dessert) လေ" လို့ပြောလေ့ရှိပါတယ်။ အင်္ဂလိပ်စကား
အသံထွက်လေးတွေ အရေးပါတဲ့အကြောင်း ကြုံလို့ ပြောရ တာပါ။ စားတဲ့အကြောင်း
ပြန်ပြောရရင် ဒီဆတ် အချိုပွဲလို့ပြောလိုက်ရင် တကယ်ချိုတဲ့ ရေခဲမုန့်၊
ကိတ်မုန့်တွေ ပါသလို အချိုမုန့် မဟုတ်တဲ့ အသီး၊ ချီးစ် (Cheese) တွေလည်း
ပါပါတယ်။ ဒီဆတ်မှာ ကြိုက်ရာစားပေါ့။ ချီးစ်ကိုတော့
ဘီစကစ်ပြားလေးတွေနဲ့ကပ်ပြီး စားလေ့ရှိပါတယ်။ ဒါ အင်္ဂလိပ် အကျင့်ပါ၊
ပြင်သစ်တွေကတော့ ချီးစ်တွေကို တစ်တုံးပြီးတစ်တုံး ဘာနဲ့မှမတွဲဘဲ ဒီတိုင်း
စားလေ့ ရှိပါတယ်။ အဲဒီအချိုပွဲတွေ စားပြီးတော့မှ ကော်ဖီသောက်လေ့ရှိပါတယ်။
ဒါ အနောက်တိုင်း ဘူဖေး စားနည်းကို ပြောပြနေတာပါ။ ကျွန်တော် အရင်တစ်နှစ်က
အမေရိကန် အသည်းရောဂါ အစည်းအဝေးမှာ တရုတ်ပြည်က ဆရာဝန်တစ်စုနဲ့တွေ့ပါတယ်၊
အင်္ဂလိပ်စကား လုံးဝ မပြောတတ် သလောက်ပဲ။ အုပ်စုလိုက်ကြီး အစည်းအဝေး
လာတက်ကြတာ၊ ဘူဖေး ဒင်နာစားတော့ စစချင်းကို ကိတ်မုန့်ကြီး
ပန်းကန်ထဲထည့်ယူလာပြီး စားတော့တာပဲ၊ အပြည်ပြည်ဆိုင်ရာ နည်းစနစ်တွေကို
နားမလည်တာပေါ့လေ။ ကိုယ့်ဘာသာ စားချင်သလိုစားလည်း ရတာပဲဆိုပေမယ့်လို့
လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး နေရတာဆိုတော့ သူ့ပတ်ဝန်းကျင်နဲ့အညီ မြန်မာတွေ
လိုက်နာ ကျင့်ကြံနေနိုင် အောင်လို့ ကျွန်တော် အတွေ့အကြုံတွေ
ကိုပြောပြနေတာပါ။
ဘူဖေးအကြောင်း ပြောပြီးတော့ ဆစ်ဒေါင်း (Sit-down)
စားတဲ့ အကြောင်းဆက်ပြောပါမယ်။ ဆစ်ဒေါင်းစားမယ်ဆိုရင် ဟိုတယ် စားပွဲထိုးက
လာမေးမယ်၊ ဒါမှမဟုတ် အစားအသောက်စာရင်း ကဒ်ပြားကို ထိုးပေးပါလိမ့်မယ်၊
အဲဒါကို မီနူးကဒ် (Menu card) လို့ ခေါ်ပါတယ်၊ မီနူးကဒ်ထဲမှာမှ
နှစ်မျိုးတွေ့ပါလိမ့်မယ်၊ တစ်မျိုးကတော့ ဆက်မီနူး (ှSet menu) လို့
ခေါ်ပါတယ်။ အဲဒါကတော့ စားသောက်ဆိုင်က တစ်ခါတည်း စီစဉ်ထားတာပါ။ ဘာပြီး
ဘာစားမယ် ဆိုပြီး ရေးပြီးသား၊ အသား ဒါမှမဟုတ် ငါး ဒီလိုပဲ ကွာနိုင်တယ်။
ကျန်တာက သူတို့ စီစဉ်ပြီးသား။ ဒါကြောင့်
Set လုပ်ပြီးသား မို့လို့ Set menu လို့
ခေါ်တာပေါ့။ များသောအားဖြင့်တော့ Set menu တွေဟာ ဈေးသက်သာ အောင်
စီစဉ်ထားပါတယ်။ အဲဒီလို စီစဉ်ပြီးသား ဆက်မီနူးကို မကြိုက်ဘူးဆိုရင်တော့
ကဒ်ပြားထဲမှာ ပါတဲ့ စားစရာတွေထဲက ကြိုက်တာကို ရွေးပြီးမှ မှာစားရပါမယ်။
အဲလို ကဒ်ပြားထဲက ကြိုက်ရာ ရွေးပြီး မှာစားတာကို အလာကဒ် (A L) လို့
ခေါ်ပါတယ်။ ပြင်သစ်စကားပါ ကဒ်ပြားအတိုင်း မှာစားတာလို့ အကြမ်းဖျဉ်း
ပြောရမှာပေါ့။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်က ခပ်နောက်နောက်နဲ့
“ကျွန်တော်ကတော့ ဟိုတယ်ကြီးတွေမှာ သူများ ကျွေးလို့ လိုက်စားရင်
ကဒ်ပြားလေးထဲကအတိုင်း ကြိုက်တာ ရွေးစားပါတယ်။ (ဗူေ ဃမေအန) လို့
ပြောလိုက်ရင် တိုက်ရိုက်အင်္ဂလိပ်လို အသံထွက် ကြည့်မယ်ဆိုရင်တော့
အလကဒ်တီးလို့ဖြစ်နေတော့ ဗမာလို အလကားကဒ်တီးလို့ပဲ တွေးလိုက်ချင် တော့တယ်။
သူများကျွေးတာ လိုက်စားနေရလို့လေ” လို့ ဟာသလေးနှောပြီး ပြောပါတယ်။
ရေးတော့အမှန် ဖတ်တော့အသံဆိုတဲ့သဘောပေါ့။
စားသောက်ဆိုင်
ရက်စထရော(တ်)ရင့် ရောက်လို့ အစားစားမယ်ဆိုတိုင်း အဲဒီ မီနူးကဒ်ပြားကြီး
လာမှာကို ကြောက်ရတဲ့ ဘဝကို ပြန်ပြောင်းသတိရပါတယ်။ ဆရာဝန်ပေါက်စ၊
အတွေ့အကြုံလည်းမရှိ၊ နိုင်ငံခြားသားနဲ့ သွားစားရင် အဆိုးဆုံးပဲ။
စားသောက်ဆိုင်က မီနူးကဒ်ကြီးလာရင် ဘယ်ကစလို့ ဘယ်လိုကြည့်ရမယ်၊
ဘာကိုမှာရမယ်ဆိုတာကို မသိဘူး။ အလွယ်ဆုံးကတော့ မျက်စိမှိတ်ပြီး ဆက်မီနူး
(ှနအာနညက) ပဲစားမယ်လို့ ပြောလိုက်တာ အလွယ်ဆုံးပါပဲ။ မနှစ်က
စင်္ကာပူသွားတုန်းက မိတ်ဆွေတစ်ယောက်က ထမင်းစားဖိတ်လို့
စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားကြတယ်။ ကမ္ဘောဒီယားက ဆရာဝန်မ အငယ်လေး
တစ်ယောက်လည်းပါတယ်၊ ထုံးစံအတိုင်း မီနူးကဒ်လည်းထိုးပေးရော
ကမ္ဘောဒီးယားသူလေးဟာ ပြုံးပြီး ခေါင်းပဲရမ်းတယ်၊ ဘာမှလည်း သိပုံမပေါ်၊
ကိုယ်ချင်းစာမိပါတယ်။ တကယ်တော့ မီးနူးကဒ်က နေ မှာစားဖို့ဆိုတာက အခြေခံအချက်
အလက်ကို နားလည်ထားရင်တော့ မှာရတာ သိပ်မခဲယဉ်း ပါဘူး၊
အနောက်တိုင်းအစားအသောက် ကျွေးတဲ့စနစ်မှာ ပေါင်မုန့်နဲ့ထောပတ်ကို မှာစရာ
မလိုပါ ဘူး။ အလယ်ခေါင်မှာ ပေါင်မုန့်စုံပါတဲ့ (မြနေိ အမပေ) လို့ခေါ်တဲ့ခွက်
ဒါမှမဟုတ် ခြင်းလေးတစ်ခု လာချပါမယ်၊ အဲဒီကနေ ကြိုက်သလို ယူစားပါ။
မီးနူးကဒ်ထဲက ကြည့်ပြီးမှာရင်တော့ ပထမဆုံး ဟင်းရည် (ှသကစ) တစ်မျိုးမျိုးကို
ရွေးရပါမယ်၊ ပြီးတော့မှ အစပျိုးစားတဲ့ဟာ စတတ်တာ (ှအမေအနမ) လို့လည်း
တစ်ချို့ဆိုင်မှာခေါ်တယ်။ များသောအားဖြင့်လည်း ဟိုတယ်ကြီးတွေမှာ (ဗစစနအငဖနမ)
လို့ရေးတယ်၊ စားကောင်းအောင် ကြိုစားတဲ့ဟာပေါ့။ များသောအားဖြင့် အရွက်၊
အသီး၊ အသားအေး (ဃသိုာနအေ) တွေပဲပါ ပါတယ်၊ အဲဒီက တစ်ခုရွေး၊ ပြီးတော့မှ
အဓိက စားမယ့်ဟင်း၊ သူတို့ မီနူးကဒ်မှာတော့ (ငြေညိငျ့)၊ ဒါမှမဟုတ် (ငြေည
ခသကမျန) တနည်းနည်းခေါ်တယ်။ အဲဒီမှာ ဘယ်လိုပဲရေးထား ထား အဓိကကတော့ ဝက်၊ အမဲ၊
သိုး၊ ငါး၊ ဒီ လေးမျိုးထဲက တစ်မျိုးမျိုးကို ရွေးရပါမယ်။ အဓိက က ဒါပါပဲ။
အားလုံးစားပြီးမှ ဒီဆတ် (ီနျနမအ) ထဲက ကြိုက်ရာရွေးပြီးတော့ ကော်ဖီ၊
လ္ဘက်ရည်ပေါ့။ ဒီလိုပြောတာက (၃)မျိုး အစာ (၃ ခသကမျနာနေူ) ပေါ့။ ဒါပေမယ့်
ကျွန်တော် တွေ့ရတာက အာရှ တိုက်သားတွေ အများစုက အဲဒီလို
အကုန်မှာစားလေ့မရှိဘူး။ (၃)မျိုးလုံး ဟိုတယ်မှာ မှာစားရင် ဒေါ်လာ (၅ဝ)ကျော်
ကျသွားမှာပေါ့။ အဲဒီတော့ မိန်း (ငြေည) တစ်ခုပဲ မှာတယ်။ ပြီးတော့ ပေါင်မုန့်
ထောပတ်နဲ့စားလိုက်ပြီး သောက်စရာတစ်မျိုးမျိုးကို သောက်လိုက်တော့
ပြီးသွားရောပေါ့။ ဟိုတယ်မှာ ဖိတ်ကျွေးတာပဲဆိုပြီး အလိုက်မသိဆွတ် (ှသကစ)
ရော၊ စတတ်တာ (ှအမေအနမ) ရော၊ မိန်း အသား၊ ငါးတွေမှာ၊ ဒီဆတ်စား၊
ကော်ဖီသောက်ဆိုရင် ထမင်းဖိတ်ကျွေးတဲ့လူက မျက်လုံးပြူးပြီး ဘာမှ
စားဝင်တော့မှာ မဟုတ်ဘူး။ နောင်လည်း ကိုယ့်ကိုဘယ်တော့မှ ဖိတ်ကျွေးမှာ
မဟုတ်တော့ဘူး။ ဒါကြောင့် ကိုယ်က သိပ်အစားမကြီးဘူးဆိုရင် စတတ်တာ၊
အပီတိုက်ဆာ၊ တစ်မျိုးပဲမှာ၊ အလကားရတဲ့ ပေါင်မုန့်နဲ့ထောပတ်ကိုစား၊
အစားများများ စားတတ်ရင် ဝက်၊ သိုး၊ အမဲ၊ ငါးထဲက မိန်းတစ်မျိုးမျိုးမှာ၊
ပေါင်မုန့်၊ ထောပတ်၊ အဝစား၊ ပေါင်မုန့်ကုန်သွားလည်း ကြိုက်သလောက် အလကား
ထပ်မှာလို့ရတယ်၊ စားသာစား၊ ဗိုက်ပြည့်အောင် စားပေတော့။
ဒီလောက်သိထားပြီဆိုရင် ဟိုတယ်မှာ ဘူဖေးပဲဖြစ်ဖြစ်၊ ဆစ်ဒေါင်းပဲဖြစ်ဖြစ် ဆက်မီနူးပဲလာ လာ၊ အလာကဒ်ပဲလာလာ မြန်မာတွေ စားတတ်ပြီထင်ပါရဲ့။
credit to http://www.khinmaungwin-liver.com/index.php?option=com_content&view=article&id=263:2010-07-07-10-17-24&catid=21:2010-01-07-03-35-07&Itemid=32
ကိုမောငျငယ် ကျေနပ်နိုင်ပါေစဗျာ။
Labels:
Knowledge
Monday, January 17, 2011
mutabal မူတဘဲလ်
eggplant or aubergine
tahini
pomegranate
mutabal
အာရပ် အစားအစာ တစ်မျိုးဖြစ်ပါတယ်။ မူတဘဲလ် လို့ အသံထွက်ပါတယ်။ ကျွန်တော်တို့ ရွှေတွေနဲ့ ရင်းနှီးပြီးသား အရသာ ပါ။ နောက် baba ghanoush or baba ghannouj ဘာဘာဂနု လို့ အသံထွက်ပြီး မူတဘဲလ် နဲ့ ဆင်ပါတယ်။ ခရမ်းသီး က အဓီက ပါဝင်ပစ္စ္စည်း ဖြစ်ပါတယ်။
ပထမဦးဆုံး ခရမ်းသီးကို ( bake ) ရပါမယ်။ ခရမ်းသီး ကျက်လျှင် အခွံခွာပြီး garlic, tahini, lemon juice, salt and olive oil တို့ကို ရောသမ ပြီး bland လုပ်ရပါမည်။ garnish အနေနဲ့ သလဲသီး pomegranate နဲ့ parsley ကို ထည့်ထားပါတယ်။ သူ့ကို Arabic bread နဲ့ တွဲပြီးစားလေ့ရှိပါတယ်။
ကျွန်တော်တို့ အညာက ရွှေတွေကတော့ ခရမ်းသီးကို မီးကင် ၊ ကြက်သွန် နဲ့ ဆီသက် ပြီး ကြော်စားကြလေ့ရှိပါတယ်။
pea eggplant
နောက် ခရမ်း ခဆော့ သီး တွေပေါ့။ သူ့ကို ငါးပိရည် နှင့် တို့ စရာ အဖြစ်စားကြသလို ချက်စားလို့လည်း ရပါတယ်။ အညှာတွေ အားလုံးကို ချွေပြီး mortar ငရုတ်ဆုံ နဲ့ မကြေတကြေလေး ထောင်းပြီး ချက်စားလို့ရပါတယ်။
mortar & pestle
ငရုတ်ဆုံနှင့် ငရုတ်ကျည်ပွေ့
ဘာရယ်မဟုတ် ပါဘူး။ ငရုတ်ဆုံနဲ့ ငရုတ်ကျည်ပွေ့ ကို အင်္ဂလိပ်လို့ မေ့မေ့ နေလို့။ ပုံနဲ့ တကွကို မှတ်လိုက်တာ။း)
Labels:
Knowledge
Thursday, January 6, 2011
Oyster
oyster with lemon
စားကြည့် အားရှိ ။ oyster ကို အရက်ကြိုက်သူများက အရက်နှင့် တွဲ၍ ၎င်း ၊ ဘီယာနှင့် တွဲ၎င်း စားနိုင်သည်။
Labels:
Knowledge
Sunday, December 12, 2010
kitchen စကားလုံးများ စု ခြင်း ( B )
1.
Baguette
– French bread ။
bain marie
2.
Bain-marie
- ဘိမ်မာရီ - အစားအစာများကိုး အေးမသွားအောင် အပူချိန်ထိမ်းထားနိုင်အောင် ရေပူများထည့်ထားသော
မီးဖိုချောင်သုံး ပစ္စည်းတမျိုး။
3.
Balsam
- သစ်ဆီမွှေး။
4.
Balsamic
vinegar - ဘလက်စမစ် ဘနီဂါ -
5.
Bamboo
shoot - မျှစ်စို့။
6.
Banana
- ငှက်ပျောသီး။
7.
Barbecue
- ဘာဘီကူး။
8.
Barley
- ဘာလီ။
9.
Basil - ဘေဇယ်- ပင်စိမ်းပင်။
10. Bay leaf - ကရဝေးရွက်။
11. Bean curt - ပဲပြား။
12. Bean sprout - ပဲပင်ပေါက်။
13. Béarnaise sauce - ဘာနိုက်စ် ဆောစ့်
It
is a variation of hollandaise sauce. White wine or vinegar, diced shallots,
tarragon, and peppercorns are cooked together and reduced and sieved and then
added to hollandaise sauce. The spice tarragon is what gives it a distinctive
taste. The sauce is served with beef and some shellfish
14.
Béchamel
sauce - ဘချက်မယ် ဆောစ့် - It is also know as
"white sauce." It is a smooth, white sauce made from a roux made with
flour, boiled milk, and butter. It is usually served with white meats, eggs,
and vegetables. It forms the basis of many other sauces.
15. Beef stroganoff - ဘိဖ် စတွော့ဂနော့
- အမဲသားကို ခပ်သေးသေးရှည်ရှည် လှီးပြီး browon sauce ကြက်သွန်နီ ၊ ခပ်ပါးပါးလှီးထားသော
မှို တို့နှင့်ရောကာ ချက်ထားသော ဟင်းပွဲ။ A dish that consists of thin slices of
tender beef (usually tenderloin or top loin), onions, and sliced mushrooms. The
ingredients are quickly sautéed in butter and combined with a sour-cream sauce.
It is usually accompanied by rice pilaf.
bell pepper or capsicum
16. Bell pepper – Capsicum.
ငရုတ်ပွ တစ် မျိုး။
17.
Bisque – seafood soup.ပြင်သစ်စကားလုံးဖြစ်သည်။
18. Bitter gourd - ကြက်ဟင်းခါးသီး။
19.
Blanch / blanching - ရေနွေးပူထဲတွင်
ခဏတာမျှ နှစ်ပြီး ပြန်ဆယ်သော ပြုတ်နည်းတမျိုး။
20.
Blend - ရောသမအောင် စက်ဖြင့်သော်လည်းကောင်း ၊
လက်ဖြင့်သော်လည်းကောင်း မွှေသည်။
blender
21.
Blender – အစားအစာများကို ရောမွှေ ၊ ကြေညက်စေရန် အသုံးပြုရသော စက်ပစ္စည်းတမျိုး။
22.
Bleu cheese – blue cheese
23.
Boil - ပြုတ်ခြင်း။
24.
Bottarga –ဘိုတာဂ- raw fish egg ၊
ငါးဥ။အီတလီစကားဖြစ်သည်။
25.
Braise –Braising is basically
a slow-cooking method for tough cuts of meat or poultry and even stringy
vegetables. They are cooked slowly in a small amount of liquid in a covered
pan. Stews and pot roasts are among the dishes prepared this way. Braising may
be done in a covered container in the oven, on the range, or in a covered steam
kettle or fry pan. In all the moist-heats methods of cooking, the moisture or
liquid not only conducts heat to a product, but it interacts with the food
being cooked and can influence the final taste and texture of a product.
26.
Bread - ပေါင်မုန့်။
27. Brinjal – ဘရင်ဂျယ် - ခရမ်းသီး။
broccoli
28. Broccoli - အစိမ်းရောင်ရှိသော ပန်းမုန်လာ။
29. Brochette – satay စာတေး တမျိုးဖြစ်သည်။
အသားတုံးသေးသေးလေးများကို တံစို့တွင်ထိုးထားပြီးကင်သောထားသော အစားအစာဖြစ်သည်။Small portions of
meat, chicken liver, or seafood that is cooked on a skewer (usually sautéed or
grilled). Food cooked "en brochette" is cooked on a skewer. Also
known as kabob, a la broche, or shish ka bob. It is derived from the word
"broche," meaning, "pointed tool”.
30.
Broth - အသား ၊ ငါး ၊ အသီးအရွက်များကို မီးအေးအေး
ဖြင့်ပြုတ်ထားသော အရည်။
31.
Brunoise – ဘရူးနွိုင်းဇ် -
ပြင်သစ်စကားဖြစ်သည်။ အသီးအရွက်လှီးဖြတ်နည်း တမျိုးနာမည်ဖြစ်သည်။It is a French word
used to describe a mixture of vegetables, usually onion, celery, and carrot,
which has been very finely diced, then cooked slowly in butter. This classic
mixture is used as a base to flavor soups, stews and sauces.
32. Bruschetta - ဘရူချက်တာ - အီတလီ စကားဖြစ်သည်။
French bread ကို ခပ်စောင်းစောင်းလှီးပြီး ထောပက်နှင့်  ကြက်သွန် ၊ လိမ်းကာ ဖုတ်ထားသော ပေါင်မုန့်တမျိုး။Traditional
Italian garlic bread. Grilled slices of bread are brushed with extra-virgin
olive oil and fresh garlic.
brussel sprouts
33. Brussel sprouts / curly olive - မုန်လာထုပ်ငယ်၊
အလိမ်မုန်လာခါး။
34. Butter - ထောပက်။
Labels:
Knowledge
Friday, December 10, 2010
kitchen စကားလုံးများ စု ခြင်း ( A )
1.
A la - အလာ
- အစားအစာနံမည်များရှေ့တွင်သော်လည်းကောင်း
၊ မီနူးများရှေ့တွင်လည်းကောင်း သုံးသော အလှ ဆင် စကားလုံးဖြစ်သည်။
2.
A
la carte - အလာကဒ် - ပြင်သစ်စကားလုံးဖြစ်သည်။ carte ဆိုသည်မှာ စာရွက် ဟုအဓိပ္ပါယ် ရသည်။
အစားအသောက် ဈေးနူန်းများဖော်ပြထားသော ၊ အစားအစာများကို တခုချင်း မှာယူစားသောက်နိုင်သော
၊ ခုချက် ခုစားနိုင်အောင် လက်လက်ဆက်ဆက် ရောင်းချထားသော အစားအစာ စာရင်း ၊ စာရွက်။
3.
Abalone
- ကမာ။
4.
Acacia
leaf - ကင်ပွန်းချဉ်ရွက်။
5.
Acajou
- သီဟိုသီး။
6.
Accasia
siemea buds - မဲဇလီဖူး ၊ ကြက်မောက်သီး။
7.
Acron
– ၀တ်သစ်ချသီး။
8.
Aioli
- အိုင်အိုလီ-ပြင်သစ်စကားဖြစ်သည်။ ကြက်သွန်ဖြူ၊ ကြက်ဥ အနှစ် ၊ ဆီ နှင့် ဆား တို့ကို
ရောသမအောင် ရောမွှေထားသော ဆောစ့်။
9.
Al
dente - အလ် ဒမ်တီး - အီတလီစကားဖြစ်သည်။ ပါစတာ ပြုတ်သောအခါ အရမ်းကြီး ကျက်သွားအောင်
မပြုတ်ဘဲ ပါစတာ အလယ်၌ အစံ သေးသေး လေး ကျန်နေအောင် မကျက်အောင် ဆက်တောက်ဆက်တောက် ပြုတ်ထား
ပါစတာ ပြုတ်နည်း ဖြစ်သည်။
10. Alforno – အယ်ဖိုနို - oven baked
or oven roasted. အီတလီစကားဖြစ်သည်။
11. Alfredo - အာဖရီဒို- အီတလီ စကားဖြစ်သည်။
အဖြူရောင် ဆောစ့် sauce တစ်မျိုးဖြစ်သည်။ cheese sauce or cream sauce ဟုလည်း
ခေါ်သည်။
12. Almond – အလ်မွန်ထ် - ဗာဒမ်သီး နှင့်တူသော
အသီးခြောက်တမျိုး။
13. Anchovy - အမ်ချိုဗီ- နံသော ငန်သော
ငွေရောင်အဆင်းရှိသော ၊ ပိန်သေးသေး ၃လက်မခန့် ခပ်
ရှည်ရှည် ရှိသော ငါး တစ်မျိုး။
15. Aniseed –အနိုက်စ် - စမုံစပါး။
16. Antipasto - အမ်တီပါစတို - before
the meal လို့အဓိပ္ပါယ်ရပါတယ်။ အီတလီစကားဖြစ်ပါတယ်။ များသောအားဖြင့် ခရင်းနဲ့ ပဲစားရတတ်ပါတယ်။
appetizer လိုမျိုးပါပဲ။
17. Appetizer - အပီတိုက်ဇာ -main
course မစားခင် စားရသော ၊ အစာပြေ စားရသော ၊ ခပ်သေးသေး ပြုလုပ်ထားသော ၊ အအေးစား သို့မဟုတ်
အပူအစားအစာ သို့မဟုတ် အရည် တစ်မျိုးမျိုး။ hors d' oeuvres ဟုလည်း ခေါ်သည်။
18. Apple - ပန်းသီး။
19. Apricot - အပရီကော့- မက်မွန်သီးလို အသီးတမျိုး။ တရုတ်ဇီးသီး။ လက်တင်စကားမှ ဆင်းသက်လာသည်။
precocious ဟု အဓိပ္ပါယ် ရသည်။
20. Arborio rice - အဘိုရီရို ရိုက်စ်
- အီတလီမှ risotto ဆန်တမျိုး။
22. Artichoke - အာတီချူပ် - ကြာဖူးကဲ့သို
အစိမ်းရောင် အဆင်းရှိသော မုန်လာထုပ်ပုံစံမျိုး။sunflower family ဖြစ်သည်။
23. Asiago cheese- အစီအဂိုး ချိစ် -
poor man’s parmesan cheese. Asiago သည် အီတလီမှ မြို့သေးလေးတမြို့နာမည်လည်း ဖြစ်သည်။
24. Aspargaus - အက်စပါရာဂက်စ် - ကညွတ်။
ဂရိစကားမှ ဆင်းသက်လာသည်။ sprout or shoot ဟု အဓိပ္ပါယ်ရသည်။
25. Assorted - အမျိုးမျိုး အစားစား ရောနှောထားသော။
26. Aubergine - အော်ဘာဂျင်း - ခရမ်းသီး။
27. Avocado / Aligator pear - ထောပက်သီး။
Labels:
Knowledge
Subscribe to:
Posts (Atom)

















