ကျေးဇူး မှတ်တမ်းလေး

kitchen ကို လုပ် ရမယ်လို့ ငယ်ငယ်က အိပ်မက် မက်ဖို့ ဝေးစွ စိတ်ကူးတောင် မကူးခဲ့ပါဘူးဗျာ။ ဒါပေမဲ့ ဘယ်လို ကနေ ဘယ်လို ဖြစ်ပြီး ဖြစ်သွားတယ်မသိပါဘူး။ ဆရာ ကို မျိုးလွင် နဲ့ ဆရာ ကိုအာကာကို ဒီနေရာကပဲ ကျေးဇူးမှတ်တမ်း တင်ပါရစေ။ သူတို့ နှစ်ဦး စေတနာ ပါပါ သင်ပြမူ့ကြောင့် အခုလို ကျွန်တော်သိခဲ့ရတာပါ။ ဆရာ ကိုမျိုးလွင် ရဲ့ ကျေးဇူးက ပိုကြီးပါမယ်။ ကားပေါ်မှာ အိပ်ငိုက်နေတာတောင် စေတနာ ဗရပွနဲ့ ဘေးနားကနေ တတွက်တွက် ဗဟုသုတတွေကို ပြောပြခဲ့ပါတယ်။ ကျွန်တော့် ရဲ့ လက်ဦး ဆရာ ပါ။
နောက် တခုက kitchen က အတွေ့အကြုံလေးတွေကို မှတ်တမ်းတင်ချင်ရုံ သက်သက်ပါ။ သိသမျှလေးတွေကို မှတ်ထားရင်း ကျွန်တော့်လို သိချင် တဲ့သူတွေကို များ နည်းနည်း အထောက်အကူ ဖြစ်ဖြစ် ဆိုတဲ့ စေတနာ လည်း ပါ  ပါတယ်။ ဆက်သွယ်ချင် ရင် leopart.ster@gmail.com ကို ဆက်သွယ်ပါ။
ကျေးဇူးပါ။