Saturday, October 24, 2009

ကျွန်တော် နှင့်နာမည်ပြသာနာ

ဒူဘိုင်း ရောက်တော့ နာမည်ပေးရတယ်ဗျ။ ကိုယ့်နာမည် သုံးလုံးရှိ တဲ့ အထဲက ရှေ့နာမည်က တခြားလူ ပေးပြီသား ဖြစ်နေတယ်။ အဲဒါနဲ့ အိမ်က ခေါ်တဲ့ နာမည်ပေး လိုက်တယ်။ ထွန်း ( tun ) လို့။ ဒီမှာ က နာမည်ကို တလုံးပဲ ပေးကြတာများတယ် ဗျ။
သူတို့ခေါ်တာ ကြားရတာ နားထဲမှာ ကိုးလို့ကန့်လန့်နဲ့ ။ တွန်း တဲ့။ နောက် italian chef က ပြသာနာ စပါတယ်။ သူမခေါ်တတ်ဘူးတဲ့။ မှတ်လည်း မမှတ်မိဘူးတဲ့။ နောက်သူဘာကို သတိယသွားတယ်မသိပါဘူး။
မင်ရဲ့ နာမည်က tuna ( ငါးတမျိုး ) နဲ့ စလုံးပေါင်း ဆင်တယ်။ မင်းကို tuna ပဲခေါ်မယ် ဆိုပြီး tuna လို့ခေါ်ရော ဗျာ။
ဒါပေမဲ့ Nepali တွေ , နဲ့ တခြား လူမျိုးတွေက တော့ tun လို့ ပဲ ခေါ်ကြပါတယ်။တခါတလေ နာမည် အပြည့်တောင် ခေါ်လိုက်သေးတယ်။း) ပြောပြတော့ ဘူးနော်။ သူတို့ခေါ်တာ ရယ်စရာ ကြီးပါ။
အော် အရေးကြီးတာ ပြောမလို့ ...  မီကို ကတော့ စလိုက်တာပါ။။။ ဒါပေမဲ့ တခြားလူတွေ ပါ ယုံထင် ကြောင်ထင်ဖြစ်မှာ စိုးတဲ့ အတွက် ကျွန်တော် ယောကျာင်္းလေး ဖြစ်ကြောင်း ကြေငြာ အပ်ပါသည်။
လူပျို လည်းဖြစ်ပါသည်။ ရည်းစား မရှိသေးပါ။ ;P
ကဲ မီကို ရေ... စတော့နဲ့နော်... သားက ရှက်တတ်လို့ပါး)

4 comments:

  1. ဟိ~~ သား တဲ့
    ရုပ်ကြမ်းကြီးနဲ့နွဲ့နေတယ်

    လူပြို လား?

    photo ပါပြ boy ဆို
    ရုံဘူး :P

    ReplyDelete
  2. ဟဲ...အဲဒိလောက်တော့ မကြမ်းဘူး...နွဲ့တာတော့ ခင်ရင် ဆိုးတာပါ။း)နွဲ့တာ ဟုတ်ပါဘူး။
    လူမပြိုရသေးဘူး။ ပြိုဘူးသေးဘူးဗျ။ ;P
    photo ပြမှ ယုံမှာ လား ? ဟဲဟဲ ..
    ကြွေသွားလိမ့်မယ်။။း)
    သနားလို့ ။

    ReplyDelete
  3. တေချာလား တားက လူပြိုဆိုတာ .... တက်တေ ခံ လက်မှတ်ပြရမယ်နော်... လက်မှတ်မရှိရင်တော့ တေချာတယ်... :P

    ReplyDelete
  4. ဟဲ အဲလို ကြောရဘူးလေဗျ... ဘာကြန်ကြောရမှန်းသိတော့ဘူးး))

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။