Thursday, October 29, 2009

ကျွန်တော်နှင့် ကျွန်တော်၏ အလွဲများ

ကျွန်တော် training ကာလတုန်းက ပေါ့ဗျာ။ chef ဖြစ်ချင်တာက လည်း တပိုင်းသေနေတဲ့ အချိန်ဆိုတော့၊ အားလုံးကို ကိုယ်တိုင်လုပ်ချင် နေတာပဲ။ နောက်ပိုင်း miss en place ကတော့ မလုပ်ချင်လောက်အောင်ကို ဖြစ်နေပြီ။ တနေ့တနေ့ chop လိုက်တဲ့ parsley ။ peel လိုက်ရတဲ့ garlic ။ လုပ်လိုက်ရတဲ့ pasta ။ နယ်လိုက်ရတဲ့ pizza  dough ။ ဒါတောင် ကျွန်တော့် ဗမာ ဆရာ ၂ ယောက်ရှိလို့ လုပ် တတ်တာ။ ဒီပြင် training တွေဆိုရင် garlic, parsley , date change တာနဲ့ အချိန်ကုန်၊ နောက် စိတ်ပျက်ပြီး ပြန်ပြေးကြတာများ တယ်။ ဆရာခို ( ခို လို ငြည်းလို့တဲ့ ) နဲ့ ဆရာ အာကာ ( ကျွန်တော့်ထက်တောင် ငယ်သေးတယ် ) တို့ ကယ်လို့၊ နို့မို့ဆို ကျွန်တော်လည်း parsley ဆရာ ဖြစ်မလား ၊ garlic ဆရာ ဖြစ်မလားပဲ။း)
တရက်ပေါ့ဗျာ...  ဆရာ အာကာက pizza dough သွားနယ်ခိုင်းလို့ pastry မှာ သွားနယ်တာပေါ့။ အဲဒီမှာ ပဲ စက်က ရှိတာလေ။ အဲဒိတုန်းက pizza တော်တော်လေး ရောင်းရတယ်ဗျ။ တညနေ လေးတင်ကို အနည်းဆုံး 9 kg အသာလေးကုန်တယ်။ 1kg ကို pizza 5 ခုထွက်တယ်ဗျာ။ တွက်ကြည့် ၉kgဆိုရင် ။ မနက်က ရောင်းတာမပါဘူးနော်။ တခါတလေများဆို ကုန်လို့ဆို ပြီး ထပ်လုပ်ရတာ အခါပေါင်း မနည်းဘူး။
pastry က pizza မွှေတဲ့ စက်ထဲမှာ ဂျုံ 9 kg ထည့်၊ yeast 180 gm, salt 135 gm, butter 160 gm, sugar 160 gm, olive oil , 50 mm,water 4500 mm အဲဒီမှာ ဒုက္ခရောက် တာပေါ့။ ကျွန်တော် က ရေကို နောက်ဆုံးမှ ထည့်လေ့ရှိတယ်လေ။ ရေထည့် တာက ၁ လီတာခွက်နဲ့ ထည့်တာ။ ကိုယ်ထည့်ကို မမှတ်မိဘူးဖြစ်ရော။ ၄ ခါလား ၅ခါလားပေါ့။ ၄ ခါဆိုရင် ၄လီတာပဲ။ ပြီရင် ၅၀၀ မီလီလီတာ ထည့် ( ခွက်နဲ့ တ၀တ်) လိုက်ရင် ပြီးပြီ။ခက်တာက ကိုယ်က မမှတ်မိ။ လုပ်ချင်တာ သာသိတာ။ အရမ်းကို ပျာတယ်။ ဆရာ ကတော့ အမြဲပြောလေ့ရှိတယ်... ဖင်ဆီဖူးကို ခါနေတာပဲတဲ့လေ။း) ဒါနဲ့ထားလိုက်ရော။
pizza ဖိုမှာ pizza လုံးတဲ့ အထိမသိသာသေးဘူး။ pizza လုံးတဲ့ အချိန်က ၆နာရိ..၆း၃၀ အပြီး။ ၇း၀၀ ဆိုစရောင်းပြီကို။ ဘယ်မှာ စသိလဲဆိုတော့ ၇း၀၀ နာရီမှ။ order လည်းမှာရော pizza dough ကို ပြားလိုက်ကတည်းက သိပြီ။ ပျော့စိနေတာပဲ။ ဆရာခို ဆို ပြောလို့ကို မပြီးဘူး...သူ့ကို အလုပ်ပြုက်အောင်လုပ်ပါတယ်က ဆိုသေး။း) အဟီး ဆရာရေး..ခွင့်လွှက်ပါဗျို့။   အားလုံးကို ၀ဲလိုက်ရတယ်။ ဘယ်သူမှမသိအောင်ပေါ့။ အသစ်ကို မြန်မြန်ဆန်ဆန်လေးလုပ်ပြီး ခပ်တည်တည်ပဲ သူ့နေရာသူ ပြန်ထားလိုက်တယ်။ ချွေးကိုပြန်သွားတာပဲ။

pizza dough ingredients
flour - 1kg
yeast - 20gm/7gm
salt - 15gm
sugar - 20gm
butter - 20gm
olive oil - 50mm
water - 500mm
ဂျုံများရင် ရေလျှော့ထည့်ပါ။ ဥပမာ ဂျုံက ၈ kg ဆို ရေ ၃၅၀၀ နဲ့ ၃၈၀၀ကြားထည့်။ ပုံမှန်ဆို ၄၀၀၀အပြည့်ထည့်ရမှာလေ။ ဂျုံပေါ်မှာ လည်း မူတည်ပါတယ်။

3 comments:

  1. ဖြစ်ရလေ သားရယ်... pizza တော့မကြိုက်ဘူး မကျွေးနဲ့နော်...

    ReplyDelete
  2. သားလုပ်ထားတာလေးတော့ အားပေးပါဗျ။း))

    ReplyDelete
  3. The whole family like pizza.I'll try when i have time.I also add water so often like u for other dough:)))Gyidaw

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။