Tuesday, November 17, 2009

ထမင်းဝိုင်း ယဉ်ကျေးမူ့ဓလေ့ထုံးစံများ

၁။ ထမင်းစားရန်အသင့်ဖြစ်ပါက ထမင်းစားမည့်သူများကို အိမ်ရှင်က ဦးဆောင်ခေါ်လားပြီး မိမိတို့ အတွက် သက်မှတ်ထားသော ကုလားထိုင်နောက်တွင်နေရာ ယူရမည်။စားသောက်မည့်သူများသည် သန့်ရှင်းသပ်ရပ်စွာ ၀တ်စားပြင်ဆင်ထားပြီး စိတ်ဓါတ်များ ရွှင်ပျစွာ ရှိရန်လိုအပ်သည်။
၂။ စားပွဲထိပ်က စားမည့်ပုဂ္ဂိုလ် ထိုင်မှ ကျန်လူများ အားလုံး မိမိနေရာတွင် ထိုင်ကြရမည်။ ကုလားထိုင်၏ လက်ဝဲဘက်မှ ၀င်ထိုင် / ၀င် ထွက် ရမည်။
၃။ အစာစတင် မစားမီ လက်သုက်ပ၀ါကို ယူပြီး ပေါင်ပေါ်ဖြန့်ခင်းနိုင်သည်။ပါစပ်သုပ်ရုံသာ အသုံးပြုလိုပါက ဖြန့်ခင်းရန်မလိုပေ။
၎။ ဇွန်း၊ ခရင်း ကိုင်တွယ်နည်း
ဇွန်း ခရင်း ကိုင်တွယ်ရာတွင် လက်ညိုး နှင့် လက်မသည် သည် ဇွန်း၊ ခရင်း ရိုးတံ၏ တ၀တ်ကျော်တွင်ရှိပြီး ဇွန်း၊ ခရင်း အရိုးသည် လက်ဖ၀ါး နှင့် ထိနေရမည်။
၅။ ဇွန်းဖြင့် ဟင်းခပ်ရာတွင် ဟင်းခပ်ဇွန်းကို သုံးရမည်။ စားသည့်ဇွန်းကို မသုံးရ။
၆။ ဟင်းခပ်ရာတွင် ဟင်းခွက်ကို မပြီး မျှမျှတတ ခပ်ယူရမည်။ ဆိုလိုသည်မှာ ၄ ယောက်စာ စားပါက ဟင်း ၄ တုံးအနက် ၁ တုံးသာ ခပ်ယူရမည်။ မွှေနှောက် ရွေချယ်ခြင်း မပြုရန် သတိထားပါ။
ရ။ ဇွန်းတွင် ထမင်းနှင့်ဟင်း ပြည့်ရုံသာ ခပ်ယူပြီး ခက်ရင်းဖြင့် အနားသက် ပြီးလျှင် ဇွန်းအတွင်းရှိ အစာအားလုံးကို ပါစပ်အတွင်းသို့ထည့်ကာ နူက်ခမ်းဖြင့် ဖိပြီးမှ ဇွန်းကို ဆွဲနုက်ရမည်။ ပါစပ်ပိတ်ပြီး ၀ါးစားပါ။ ပါစပ်ထဲ အစာရှိနေစဉ် စကားမပြောမိရန် သတိထားပါ။
၈။ ဟင်းရည်သောက်သောအခါ အသံမြည်အောင် မသောက်ရ။ အသာခပ်ယူပြီး ပါစပ်တွင်တေ့ကာ ဖြည်းဖြည်း သောက်ပါ။
၉။ ထမင်းစား ပြီးပါက ဇွန်း နှင့် ခရင်း ကို ညီညီညာညာ ပန်ကန်တနေရာတွင် ပူးကပ်ထားပါ။ မပြီးသေးပါက ခပ်ခွာခွာ ထားရမည်။
၁၀။ ထမင်းကို မိမိစားနိုင်သလောက်သာထည့်ပြီး ကုန်အောင်စားပါ။
၁၁။ စားစရာများကို လူကြီးများ အရင် ယူပြီးမှ ဆင့်ကဲယူသွားပါ။

ဒေါ်အေးကြိုင် ၊ ဒေါ်အမာနီ စာအုပ်မှ ကောက်နုက်ဖော်ပြပါသည်။

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။