Tuesday, December 22, 2009

ကျွန်တော်နှင့် steaming

steaming - ပေါင်းခြင်း။
ရေခိုးရေငွေ့မှ ရရှိသော အပူဓါတ် ( moist heat ) ဖြင့်ချက်ပြုတ်သောနည်းလမ်းဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာများနှင် လည်းမစိမ်းပါ။ ငယ်ငယ်က ကြက်ဥကို ပေါင်းပြီးစားဘူးသည်။ ပန်းကန်လုံးလေးကို ဆီအရင်သုတ် ကြက်ဥကို ဖောက်ထည့် အရသာ ထည့် ပွတ်ပွတ်ဆူနေတဲ့ ရေလယ်မှာ ထား၊ အဖုံးကို လုံအောင်ပိတ်၊ နောက် ၅ မီနစ်လောက်ဆိုရပြီ။ အဲဒါ  steaming ရဲ့အခြေခံပါပဲ။ ဆူပွတ်နေသော ရေမှ ထွက်ပေါ်လာသော အခိုးအငွေ့များဖြင့် တိုက်ရိုက်ထိတွေ့စေခြင်းဖြင့်၎င်း ၊ ဖိအားနှင့် အပူရှိန်ကို အသုံးပြု၍ ၎င်း ချက်ပြုတ်ထားသည့် ဟင်းပွဲများကို စားခြင်းအားဖြင့် အစာကြေလွယ်စေပါသည်။ weak digestion ဖြစ်နေသူများနှင့် ပိုသင့်တော်ပါသည်။ တရုတ် Chinese တွေက တော့ ဒီနည်းကို သုံးလာတာ အနည်းဆုံး နှစ်ပေါင်း ၃၀၀၀ ကျော်ပြီလို့ဆိုပါတယ်။ ကောက်ညှင်းကျည်တောက် ဆိုရင် ဒီ steaming ကိုသုံးပြီးလုပ်ထားတာပေါ့။ အသီအရွက်တွေ ၊ အသားငါးတွေကို  boiling နဲ့သုံးရင် vitamin C 30% လျှော့ပြီးတော့ steaming နဲ့သုံးရင် 15% ပဲလျှော့တယ်လို့ကြားဖူးပါတယ်။

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။