Monday, September 6, 2010

ကျွန်တော်နှင့် Arabic breakfast

labneh
လက်ဘ်နက်ခ်ျ  လို့ အသံထွက်ပြီး ဒိန်ချဉ် yoghurt တမျိုး ဖြစ်ပါတယ်။ နွားနို့ ကနေ လုပ်ထားတာပါ။

foulmudammas or ful medames
ဖိုးလ်မူဒမက် လို့ခေါ်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ ပဲပြုတ် စားသလို သူတို့လည်း ဒါမျိုးလေးတွေ စားတယ်။း) olive oil , chopped parsley , chopped onion, chopped tomato and lemon juice တွေကို ရောထည့်ထားတယ်။

Feta cheese or white cheese
ဖက်တ ချီစ် လို့ခေါ်ပါတယ်။ ဂရိနိုင်ငံ ရဲ့ ရိုးရာ အစားအစာ တမျိုးလည်း ဖြစ်ကြောင်း ၀ီကီ မှာ ဖော်ပြထားပါတယ်။

နောက် ကြက်ဥ ကြော်ဗျာ။ omelet or any style fried egg ပေါ့။ခ ပေးထားတာက omelet with cheese ပါ။ နောက် beef bacon , beef sausage , grill tomato , grill mushroom , black olive, green olive စတာတွေကို လည်း ပေးရပါတယ်။ အာရပ်တွေက well done အကျက် ပဲ ကြိုက်တယ်ဗျ။ သွေးလေး နည်းနည်း ကျန်တာတောင် မစားကြဘူး။ နောက်မှ အာရပ်တွေရဲ့ ရိုးရာ အစားအစာ လေးတွေကို အလျှင်သင့် သလို ဖော်ပြပါအုံးမယ်။

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။