Sunday, September 12, 2010

Fried Cake

Gnocco Fritto 

ပီဇာ pizza ဒိုးတွေပါ။ အဲ့ဒါတွေကို ပြားအောင် rolling လုပ်ပေးရပါမယ်။ ပီဇာ လုပ်ချင်ရင်တော့ tomato sauce ကို ဆမ်း ၊ နောက်ကိုယ်စားချင်တဲ့ အစာပလာ လေးတွေ ကို အပေါ်ကတင်ပြီး ဖုတ်ရုံပါပဲ။ ခုဟာက ပီဇာ လုပ်မှာ မဟုတ်တဲ့အတွက် စိတ်ကြိုက် ဖြတ်တောက်ပြီး ကြော်ရမှာပါ။ အီတလီ ရိုးရာ အစားအစာပါပဲ။
အထက်ပါပုံကတော့ စိတ်ကြိုက် ဖြတ်တောက် ထားတဲ့ပုံပါ။ ပုံစံလှလှလေး ထွက်ချင်ရင် လှလှလေးသာ ဖြတ်ဗျာ။း)
 ဒါကတော့ deep fried ကြော်နေတဲ့ပုံ။ ဆီ ပူ ဖို့တော့ လိုပါတယ်။ ဆီမပူ ရင် ကပ် သွားတတ်ပါတယ်။ 190'C လောက် ဆိုရပြီ။
ဒီပုံတွေကတော့ စားဖို့ အသင့်ဖြစ်နေပြီပေါ့။ အပေါ်က Parmesan cheese ဖြူးထားပါတယ်။ ပုံစံက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
pizza dough လုပ်ဖို့
flour 1 kg
olive oil 50 m ml
water 500 m ml
yeas 20 g
sugar 20g
salt 15g
ဂျူံ ၁ kg ကို ပီဇာ လေးလုံး ရပါတယ်။ gnocco fritto ရဲ့ meaning ကို fried dough or fried cake လို့ ဖတ်ဖူးပါတယ်။ ပီဇာ ပြုလုပ်ပုံ အဆင့်ဆင့်ကို ကြည့်ချင်ရင်တော့ ဒီမှာ တချက်သွားကြည့်လိုက်ပါ။

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။