Friday, December 10, 2010

kitchen စကားလုံးများ စု ခြင်း ( A )


1.    A la - အလာ - အစားအစာနံမည်များရှေ့တွင်သော်လည်းကောင်း ၊ မီနူးများရှေ့တွင်လည်းကောင်း သုံးသော အလှ ဆင် စကားလုံးဖြစ်သည်။
2.    A la carte - အလာကဒ် - ပြင်သစ်စကားလုံးဖြစ်သည်။ carte ဆိုသည်မှာ စာရွက် ဟုအဓိပ္ပါယ် ရသည်။ အစားအသောက် ဈေးနူန်းများဖော်ပြထားသော ၊ အစားအစာများကို တခုချင်း မှာယူစားသောက်နိုင်သော ၊ ခုချက် ခုစားနိုင်အောင် လက်လက်ဆက်ဆက် ရောင်းချထားသော အစားအစာ စာရင်း ၊ စာရွက်။
3.    Abalone - ကမာ။
4.    Acacia leaf - ကင်ပွန်းချဉ်ရွက်။
5.    Acajou - သီဟိုသီး။
6.    Accasia siemea buds - မဲဇလီဖူး ၊ ကြက်မောက်သီး။
7.    Acron – ၀တ်သစ်ချသီး။
8.    Aioli - အိုင်အိုလီ-ပြင်သစ်စကားဖြစ်သည်။ ကြက်သွန်ဖြူ၊ ကြက်ဥ အနှစ် ၊ ဆီ နှင့် ဆား တို့ကို ရောသမအောင် ရောမွှေထားသော ဆောစ့်။
9.    Al dente - အလ် ဒမ်တီး - အီတလီစကားဖြစ်သည်။ ပါစတာ ပြုတ်သောအခါ အရမ်းကြီး ကျက်သွားအောင် မပြုတ်ဘဲ ပါစတာ အလယ်၌ အစံ သေးသေး လေး ကျန်နေအောင် မကျက်အောင် ဆက်တောက်ဆက်တောက် ပြုတ်ထား ပါစတာ ပြုတ်နည်း ဖြစ်သည်။
10. Alforno – အယ်ဖိုနို - oven baked or oven roasted. အီတလီစကားဖြစ်သည်။
11. Alfredo - အာဖရီဒို- အီတလီ စကားဖြစ်သည်။ အဖြူရောင် ဆောစ့် sauce တစ်မျိုးဖြစ်သည်။ cheese sauce or cream sauce ဟုလည်း ခေါ်သည်။
12. Almond – အလ်မွန်ထ် - ဗာဒမ်သီး နှင့်တူသော အသီးခြောက်တမျိုး။
13. Anchovy - အမ်ချိုဗီ- နံသော ငန်သော ငွေရောင်အဆင်းရှိသော ၊ ပိန်သေးသေး ၃လက်မခန့် ခပ်  ရှည်ရှည် ရှိသော ငါး တစ်မျိုး။
14. Angelica - အိမ်ဂျယ်လီက - တရုတ်နံနံ အမျိုးနွယ်ဝင် ဆေးဖက်ဝင် အပင်တမျိုး။ 
anissed
15. Aniseed –အနိုက်စ် - စမုံစပါး။
16. Antipasto - အမ်တီပါစတို - before the meal လို့အဓိပ္ပါယ်ရပါတယ်။ အီတလီစကားဖြစ်ပါတယ်။ များသောအားဖြင့် ခရင်းနဲ့ ပဲစားရတတ်ပါတယ်။ appetizer လိုမျိုးပါပဲ။
17.  Appetizer - အပီတိုက်ဇာ -main course မစားခင် စားရသော ၊ အစာပြေ စားရသော ၊ ခပ်သေးသေး ပြုလုပ်ထားသော ၊ အအေးစား သို့မဟုတ် အပူအစားအစာ သို့မဟုတ် အရည် တစ်မျိုးမျိုး။ hors d' oeuvres ဟုလည်း ခေါ်သည်။
18. Apple - ပန်းသီး။
19. Apricot - အပရီကော့- မက်မွန်သီးလို  အသီးတမျိုး။ တရုတ်ဇီးသီး။ လက်တင်စကားမှ ဆင်းသက်လာသည်။ precocious ဟု အဓိပ္ပါယ် ရသည်။
20. Arborio rice - အဘိုရီရို ရိုက်စ် - အီတလီမှ risotto ဆန်တမျိုး။
21. Arrowroot or arrowhead- အာတာလွတ်ဥ။
arkichoke
22.  Artichoke - အာတီချူပ် - ကြာဖူးကဲ့သို အစိမ်းရောင် အဆင်းရှိသော မုန်လာထုပ်ပုံစံမျိုး။sunflower family ဖြစ်သည်။
23. Asiago cheese- အစီအဂိုး ချိစ် - poor man’s parmesan cheese. Asiago သည် အီတလီမှ မြို့သေးလေးတမြို့နာမည်လည်း ဖြစ်သည်။
24. Aspargaus - အက်စပါရာဂက်စ် - ကညွတ်။ ဂရိစကားမှ ဆင်းသက်လာသည်။ sprout or shoot ဟု အဓိပ္ပါယ်ရသည်။
25. Assorted - အမျိုးမျိုး အစားစား ရောနှောထားသော။
26. Aubergine - အော်ဘာဂျင်း - ခရမ်းသီး။ 
27. Avocado / Aligator pear - ထောပက်သီး။

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။