Monday, January 17, 2011

mutabal မူတဘဲလ်

 eggplant or aubergine
 tahini
 pomegranate
mutabal
အာရပ် အစားအစာ တစ်မျိုးဖြစ်ပါတယ်။ မူတဘဲလ် လို့ အသံထွက်ပါတယ်။ ကျွန်တော်တို့ ရွှေတွေနဲ့ ရင်းနှီးပြီးသား အရသာ ပါ။ နောက် baba ghanoush or baba ghannouj ဘာဘာဂနု လို့ အသံထွက်ပြီး မူတဘဲလ် နဲ့ ဆင်ပါတယ်။ ခရမ်းသီး က အဓီက ပါဝင်ပစ္စ္စည်း  ဖြစ်ပါတယ်။
ပထမဦးဆုံး ခရမ်းသီးကို ( bake ) ရပါမယ်။ ခရမ်းသီး ကျက်လျှင် အခွံခွာပြီး garlic, tahini,   lemon juice, salt and olive oil တို့ကို ရောသမ ပြီး bland လုပ်ရပါမည်။ garnish အနေနဲ့ သလဲသီး pomegranate နဲ့ parsley ကို ထည့်ထားပါတယ်။ သူ့ကို Arabic bread နဲ့ တွဲပြီးစားလေ့ရှိပါတယ်။
ကျွန်တော်တို့ အညာက ရွှေတွေကတော့ ခရမ်းသီးကို မီးကင် ၊ ကြက်သွန် နဲ့ ဆီသက် ပြီး  ကြော်စားကြလေ့ရှိပါတယ်။
pea eggplant
နောက် ခရမ်း ခဆော့ သီး တွေပေါ့။ သူ့ကို ငါးပိရည် နှင့် တို့ စရာ အဖြစ်စားကြသလို ချက်စားလို့လည်း ရပါတယ်။ အညှာတွေ အားလုံးကို ချွေပြီး mortar ငရုတ်ဆုံ နဲ့ မကြေတကြေလေး ထောင်းပြီး ချက်စားလို့ရပါတယ်။
mortar & pestle
ငရုတ်ဆုံနှင့် ငရုတ်ကျည်ပွေ့
ဘာရယ်မဟုတ် ပါဘူး။ ငရုတ်ဆုံနဲ့ ငရုတ်ကျည်ပွေ့ ကို အင်္ဂလိပ်လို့ မေ့မေ့ နေလို့။ ပုံနဲ့ တကွကို မှတ်လိုက်တာ။း)

4 comments:

  1. ခရမ်းသီးကို အဲလို လုပ်စားကြည့်ဦးမယ်.. ခရမ်းကဇော့သီးလည်း ကြိုက်တယ်.. သူ့ကို မြန်မာပြည်မှာတုန်းကတော့ ကင်ပွန်းချဉ်ရွက်နဲ့ ချဉ်ရည်ဟင်းလည်း ချက်တယ်..

    ReplyDelete
  2. ကုလားစာတွေထဲမှာတော့ ဒီဟာကြိုက်တယ်လို့ ဆိုရမယ်။ စစစားတုန်းကတော့ ဘယ်လိုအရသာမှန်းကိုမသိတာ။ နောက်မှ စားတတ်သွားတယ်။ ဟိုတယ်မှာ လုပ်သူတွေနဲ့တော့ သိပ်မဝေးလှတဲ့ အစားတွေပဲ ညီရေ။ မြန်မာ ခရမ်းသီးသုတ်ကြိုက်ရင်တော့ စားကောင်းလိမ့်မယ်ထင်တယ်။ ဒါပေမယ် သူတို့ခရမ်းသီးက မီးမဖုတ်ထားတော့ မီးသင်းနံ မရဘူး။

    ReplyDelete
  3. ကျနော်တို့ ဟိုတယ်က အာရပ် chef ကတော့ oven နဲ့ ကိုင်တာပဲဗျ။ ;)

    ReplyDelete
  4. >> sunny >> စမ်းစားကြည့်ဗျာ ။ ကောင်းတယ်ဗျ။ ကျနော်တော့ လုပ်တတ်ဖူး။ ;) ချဉ်ရည်နဲ့တော့ စားဖူးသေးဘူး။ တစ်ခါလောက်ချက်တင်ဗျာ။

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။