Wednesday, March 14, 2012

ပလီ ပလီ

photo from wikipedia

menu ဖတ်မိတုန်းက piri piri burger ဆိုတာ ဘာပါလိမ့်လို့ ။ အင်တာနတ်မှာ ရှာကြည့် အုံးမှ လို့ စိတ်က မှတ်ထားပေမဲ့ ဟင်းပွဲတွေဘက်ကို မလှည့်ဖြစ်ဘူးဗျာ။ ဟင်းပွဲလည်း မရောင်းရပါဘူး။ တစ်ခါလာလည်း club sandwich, တစ်ခါလာလည်း burger နဲ့။ လောလောဆယ်တော့buffet တွေပဲ လှိမ့်ပြီး လုပ်နေရတယ်။း(
piri piri burger, piri piri chicken တို့ဆိုပြီး တစ်ချို့ ဆိုင်တွေ ဟိုတယ်တွေမှာ တွေ့ရနိုင်ပါတယ်။ piri piri ဆိုတာ အာဖရိက ငရုတ်သီးပါပဲ။ African bird's eye / Thai chilli လို့လည်း ခေါ်ကြတယ်။ African evil လို့လည်း ခေါ်ကြသေးတယ်တဲ့။ ကျနော်တို့ မြန်မာနိုင်ငံက ငရုတ်သီးအနေနဲ့ပြောရရင် ငရုတ်ကြွတ်ချီးသီး ဖြစ်မယ်ထင်တယ်။ peri peri or piri piri ကို pili pili လို့ local က လူတွေက ခေါ်ကြပြီး ပေါ်တူဂီတွေကလည်း pili pili လို့ပဲစာလုံးပေါင်းကြတယ်။
 
note: :peri peri sauce is made from crushed chillies, citrus peel, onion, garlic, pepper, salt, lemon juice, bay leaves, paprika, pimiento, basil, oregano, and tarragon.

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။