Saturday, March 23, 2013

ပါစတာ ဟူသည်....










ပါစတာ ဆိုတာနဲ့ မုန့်တီတို့ ခေါက်ဆွဲတို့ နန်းပြား နန်းကြီးတို့ကိုပဲ ပြေးမြင်မိတယ်။ အီတလီနိုင်ငံရဲ့ ရိုးရာအစားအစာ ဖြစ်ပြီး မရိုးနိုင်အောင် ပုံစံအမျိုးမျိုး တွေ့ရတယ်။ စပါဂတီကတော့ လူတိုင်း သိနေနိုင်ပြီး အဲ့ဒီ စပါဂတီကို တစ်လက်မ အတိုလေးတွေ ဖြတ်ပြီး ပေးရင်း နာမည်ပြောင်းသွားပြန်ရော…။နောက် စပါဂတီကိုပဲ အသေးအကြီးကွဲပြီး နာမည် တွေ အမျိုးမျိုး ထပ်ပေးထားပြန်တယ်။ နန်းသေး နန်းကြီး ကွာသလို ကွာတာနေမှာပေါ့။ 

ပါစတာအရောင်က များသောအားဖြင့် အ၀ါရောင်ကိုပဲ အတွေ့များတယ်။ ပါစတာ သုံးတဲ့ ဂျုံကို က နဂို ၀ါ လေ။ cost ထိမ်းချင်ရင်တော့ ရိုးရိုးဂျုံနဲ့ ဇတူ ရောကြတာပဲ။ ရိုးရိုးဂျုံအထည့်များသွားရင် အ၀ါရောင်ဆေး၊ ဒါမှမဟုတ် suffron ဇက်ဖရွန်ကို သုံးကြတယ်။ အီတလီနိုင်ငံ အလံရဲအရောင်တွေကို ကိုယ်စားပြုပြီး ပါစတာ လုပ်တတ်ကြပါတယ်။ အတွေ့အများဆုံးအရောင်သုံးရောင်ကတော့ အ၀ါ အနီ နဲအစိမ်းရောင်တွေဖြစ်ပါတယ်။့ ။ ဆန်းသစ်တီထွင်တဲ့ စာဖိုမူးတွေနဲ့တွေ့ရင် squid ကထုတ်တဲ့ ink pasta အပြာရောင်ပါစတာကိုပါ တွေ့ရနိုင်တယ်။ အပြာဆိုတာထက် အမည်း ရောင်ဆိုတာ ပိုမှန်မယ်။ သဘာဝအတိုင်းပါစတာကို ဆေးဆိုရမယ်ဆိုရင် အနီရောင်အတွက် ခရမ်းချဉ်သီး၊ အစိမ်းရောင်အတွက် basil တွေကိုသုံးနိုင်ပါတယ်။ အ၀ါရောင်ကတော့ သူ့ကိုသုံးတဲ့ စမိုလီနာဂျုံကိုက ၀ါပြီးသာဆိုတော့ကား …..။

ပါစတာကို dry pasta နဲ့  fresh pasta ဆိုပြီး အဓီက နှစ်မျိုးခွဲလိုက်တယ်။ dry pasta ကတော့ ဆိုင်တွေမှာ လွယ်လွယ် ကူကူ ၀ယ်နိုင်တယ်လေ။ ပဲန်နီး၊ စပါဂတီ၊ လင်ဂွင်းနီ စတဲ့ ဆိုက်မျိုးဆုံကို ဆိုင်တိုင်းလိုလိုမှာ တွေ့မြင်နိုင်တယ်။ fresh pasta ကတော့ စက်လုပ်နဲ့ လက်လုပ်ဆိုပြီးထပ်ခွဲပြန်တယ်။ ဟိုတယ်တော်တော်များများမှာတော့ စက်နဲ့ပါစတာလုပ်ကြတယ်။ ပါစတာ စက်ကလည်း ဈေးကြီးတယ်။ ထိမ်းသိမ်း ဆေးကြောရတာ လက်ဝင်တယ်။ လက်လုပ် စက်သေးသေးလေးတွေတော့ တွေ့ဖူးတယ်။ သူ့ကျတော့ အိမ်တွေမှာ အတွေ့များတယ်။ ဘာတွေနဲ့ပဲလုပ်လုပ် အချိုးအစားကအတူတူပါပဲ။

ဆက်ရန်...

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။