Friday, December 6, 2013

ကျွန်တော့ အတွေ့အကြုံများ ၂

ကို့နိုင်ငံမှာ ပထမဦးဆုံး အလုပ်လုပ်ဖူးတဲ့ Restaurant, ပြီးတော့ ဆိုင်ကလည်း အသစ်၊ ဆိုင်မဖွင့်ခင် တစ်လ အလိုလောက်ကတည်းက ကို မန္တလေးကို ရောက်နေတယ်။ အဲ့ဒီကာလအတွက် ကို လစာရတယ်။ နိုင်ငံတကာ စံချိန်မှီတယ်ပြောရမှာပေါ့။ :) ကို ရတာကိုး။
အဘူဒါဘီမှာ ကို ဟိုတယ်အသစ်ကို ၁ နှစ်လောက် Run တဲ့အတွေ့အကြုံက ကို့ကိုယ် အများကြီး အထောက်အကူ ပြုတယ်။ ကို့နိုင်ငံက Restaurant အသစ်စက်စက်က ကို့ကိုယ် စိမ်းမနေတော့ဘူးပေါ့။  ကို့ကို ကြိုခေါ်ထားတဲ့အတွက် ကိုလည်း အလကားတော့ မနေပါဘူး။ ကို လည်း အတတ်နိုင်ဆုံး ကို တတ်သလောက် မှတ်သလောက် ပြန်လုပ်ပေးပါတယ်။ 
ကို့ အလုပ်လုပ်ရတဲ့ စာဖိုဆောင်ကလည်း ပစ္စည်းစုံတယ်ပြောရမယ်။ ရောင်းတဲ့ အစားအစာကလည်း အနောက်တိုင်း နဲ့ အရှေ့အတိုင်း ၊ အလယ်ပိုင်းအစားအစာတွေ ရောသမမွှေထား တာ။ ကိုက စာဖိုဆောင်မှာ အကြီးဆုံးတော့ မဟုတ်ပါဘူး။ ငယ်တော့ မငယ် ဘူးပေါ့လေ။ ;P 
ဟင်းချိုမူန့် ခေါ် အချိုမူန့်ခေါ် အာချီနိုမိုတို ခေါ် MSG ( monosodium glutamate)  တွေ ဟိုးငယ်ကတည်း စားလာတဲ့ ကို တို့ ပါးစပ်တွေ အနောက်တိုင်း အစားအစာတွေကို စားလို့ရပါ့မလားလို့ဆိုတဲ့ ပြသနာ ၀င်လာတယ်။ ရန်ကုန် ၊ မန္တလေး၊ နေပြည်တော် စတဲ့ ရွှေမြို့တော်နေ ပြည်သူပြည်သားများဟာ ခရုဆီ ၊ အချိုမူန့် ဆွဲနေပြီတဲ့လေ။ အင်း...ကိုက လည်း စားသောက်ဆိုင်ပါး  ၊ ဟိုတယ်ပါး မ၀သေးတော့ မသိဘူး။ တကယ်လည်း pasta ပါစတာတို့၊ corned beef အမဲဘို့သားတို့ကို MSG အချိုမူန့်, oyster sauce ခရုဆီ၊chilli  ငရုတ်သီး ၊ soy sauce တွေနဲ့ သမ တာဗျ။ စားတဲ့သူကလည်း စားတာပဲ။ ဘုရားရေ....လို့ ကို ... တ ... မိတယ်။ မျက်လုံးပြူးမိတယ် ။ ဒါပေမဲ့ လက်ခံရတာပဲလေ။ ရောမ မှ မဟုတ်တာ။ မြန်မာရောက်ရင် မြန်မာလို ကျင့်ရမှာပေါ့ နော်။း)
ကို  ကံကောင်းတာက ဆြာခိုရဲ့ သူငယ်ချင်းတွေ နဲ့ အတူလုပ်ကိုင်ရတာပဲ။ ဆိုင်သစ် ၊ လူသစ် တွေနဲ့ 
ကိုလေးဖြူရဲ့ အသစ် ကို နားဆင်လိုက်အုံးမယ်ဗျာ။
အထူး မှတ်ချက်။   ။ NSN နဲ့ ဂိုဏ်ချူပ်တို့  ၁၁ရက်  ၊ ၁၂ လ၊ ၁၀၁၃ခုနှစ် မင်္ဂလာဆောင် မှတည်...နောင်လာမည့် နှစ်ပေါင်းများစွာ အေးချမ်းသာယာစွာ အတူ တကွ ပျော်ရွှင်စွာ သားသားမီးမီးများစွာဖြင့်  ဖြတ်သန်းနိုင်စေသောင်...။

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။