ဧည့်သည်ဟာ ဆိုင် သို့ ဟိုတယ်မှာ စားသောက်ဖို့ရောက်တာနဲ့ ပထမဦးဆုံး ဆိုင်ရဲ့ အပြင်အဆင် ၊ ဟိုတယ်ရဲ့ အခင်းအကျင်း ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ မျက်စိ ပသာဒ ဖြစ်စေမဲ့ သစ်ပင်လေးတွေ ၊ ဧည့်သည် သက်တောင့်သက်သာထိုင်လို့ရမဲ့ ထိုင်ခုံလေးတွေ နေရာလေးတွေ၊ အမြင်အေးစေမဲ့ အရာလေးတွေ နဲ့ ဧည်သည်ရဲ့ရင်ကို အမောပြေစေအောင် လုပ်ထားရမှာပါ။
ဆိုင်ရဲ့ အလှအပ နဲ့ မိတ်ဆက်အပြီးမှာ နွေးထွေတဲ့အပြုံးလေတွေ နဲ့ ကြိုဆိုတတ်မဲ့ ၀န်ထမ်းတွေ ရှိပြီဆိုရင် ပထမ အဆင့် customer ရဲ့ ကျေနပ်မူ့ကို ရပြီလို့ မှတ်ရမှာပါ။ နောက်မှ ကိုတို့ စားဖိုဆောင်က အစားအသောက် ဧည့်သည်ရှေ့ရောက်ရတာမဟုတ်လား။ F&B ( food and beverage ) လို့ခေါ်တဲ့ အရှေ့ပိုင်းက ၀န်ဆောင်မူ့ကောင်းကောင်းနဲ့ ပထမဦးဆုံး ဧည့်သည်ရဲ့ကျေနပ်မူ့ကို ပိုင်ပိုင်နိုင်နိုင်ရထားပြီဆိုရင် စာဖိုဆောင်က အစားအသောက်ပိုင်းကို တာဝန်ယူရတာ လွယ်တယ်လို့ပြောရမှာပါ။
F&B နဲ့ kitchen ကလည်း လင်နဲ့ မယား လျှာနဲ့သွားလို့ ပုံစံမျိုးပါ။ အော်လိုက် ပျော်လိုက်ပါပဲ။ အများဆုံးအော်ရတာကလည်း KOT kitchen Order Ticket မှာ order မှာတာ မပြည့်စုံရင် ၊ ဧည့်သည်မှာထားတဲ့အတိုင်း ရှေ့ပိုင်းက အတိအကျ လိုက်မရေးနိုင် ဘူးဆိုရင် ပြဿနာက မီးခိုးကြွတ်လျှောက် ဖြစ်တတ်ပါတယ်။ အကျယ်အကျယ်ထိ လိုက်မယ်ဆိုရင် ဟိုတယ် သို့ စားသောက်ဆိုင်ရဲ့ နာမည် ပါ ပျက်ဖွယ်ရှိပါတယ်။
စားသောက်၊ နေထိုင်ရတာ အဆင်မပြေတဲ့ ဟိုတယ် သို့ စားသောက်ဆိုင်ကို ဘယ်ဧည့်သည်မှ နှစ်ခါ ထပ်လာချင်မှာ မဟုတ်ပါဘူး။ ဧည့်သည်နှစ်သက်စေမဲ့ ၊ ပျော်ရွှင်စေမဲ့ ၊ ဆွဲဆောင်နိုင်မဲ့၊ သက်တောင့်သက်သာရှိစေမဲ့ ၊ နွေးထွေးစေမဲ့၊ တခုခု ဟိုတယ် သို့ စာသောက်ဆိုင်မှာ ရှိတယ်ဆိုရင် ပုံမှန်ဖောက်သည် တွေ ရှိလာမှာပါ။
သတင်းဆိုတာကလည်း ကြောက်ဖို့တယ်မဟုတ်လား။ ကောင်းတဲ့သတင်းသာ ပျံ့နှံ့ဖို့ မလွယ်တာ။ မကောင်းတဲ့ သတင်းကတော့ တခဏ ပဲ။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နာမည်ကောင်းတွေ အသက်ရှင်ဖို့ လိုအပ်နေတုန်းပါပဲဗျာ။