Tuesday, October 20, 2009

ကျွန်တော် kitchen ကို ရောက်လာပုံ

မီးဖိုချောင် ဆိုယောင်လို့တောင် လှည့်မကြည့် ၀င်မကြည့်ဘူးတဲ့ လူက ခု အဲဒီမှာ လုပ်နေရတယ်... အင်း...ထူးတော့ ထူးဆန်းသလိုပဲ...တခါမှ အိပ်မက်တောင် မမက်ဘူးတဲ့ အလုပ် ကို လုပ်နေရတာဗျ။
ဒူဘိုင်းရောက်ရောက်ချင်းတော့ ယောင်လယ်လယ်ရယ်။ ဘယ်မှ မသွားတတ် မလာတတ်နဲ့... ခုလဲ ဘားထူးလဲ သွားတတ်သေဘူး..မသွားတာလဲပါတာပေါ့...
အားရင် အခန်းအောင်း အင်တာနတ်သုံး ..တီဗွိ ကြည့်..စာဖတ်နဲ့ အချိန် ဖြုန်းတယ်။
ဒူဘိုင်း ဆိုတာ ကြားတောင် မကြားဘူးသေးဘူး..ရောက်မှ ဒါဒူဘိုင်းလားဆိုတာသိတယ်း)
ဘာလုပ်ရမယ်ဆိုတာလဲ မသိဘူး... kitchen assistant ဆိုပြီ လာတာ။။ အကူပေါ့.. ။
၂ နှစ်ကျော် ပေးဆပ်လိုက်ရတယ်...အားတာနဲ့ Italian kitchen မှာ training တတ်လိုက်တယ်... မြန်မာနိုင်ငံ ကနေ အလည်ပြန်လာပြီးမှ ရာထူးတိုးပေးတယ်..
cook II တဲ့။ အဟား.... အထင်တော့ မကြီးနဲ့ ဗျို့... ။ ဗမာဟင်း တောင် ကောင်းကောင်း မချက်တဲ့ကောင်က ကျန်တာ ကောင်းကောင်း ချက်တတ်ပါ့မလား။။။။ အင်း... တခါတလေ အရမ်းကို ရီစရာကောင်းတယ်နော်....။
cold kitchen မှာ လုပ်ရတာဗျို့... အဲဒီမှာ လူလို လို့ဆိုပြီတော့လေ... ။ အသုပ် သုပ် ၊ အလှဆင်တဲ့ နေရာလေးပေါ့။။
ကောင်းတော့ ကောင်းပါတယ်... သက်သာတယ် ... cold ဆိုတဲ့အတိုင်း အေးတိအေးစက်နဲ့။ ကြိုက်ဘူးဗျို့...
သိတဲ့အတိုင်း ယောကျာင်္လေးဆိုတာ က ၀ုန်းဒိုင်း ကြဲချင် ကြတာကိုးဗျ။ အဟဲ
ဒါနဲ့... europan kitchen ကို ရောက်လာတယ်ဗျို့...
ဒုက္ခ လား...အဟား တွေ့တာမှ သိပ်ကိုတွေ့။ ပထမ က menu name ဗျ။ ဘာတွေမှန်းကို မသိတာ... တော်ပါသေးရဲ့ အင်္ဂလိပ်နဲ့ ကျောင်းပြီးလို့။ အဲလို နဲ့ kitchen ထဲကို ၀ါးတားတား ရောက်လာတာပေါ့ဗျာ။ အဟဲ... ။

2 comments:

  1. ဟားဟား ဒီလိုကြေငြာလိုကတော့ ပြန်လာရင် မီးဖိုထဲက ထွက်ရမယ် မထင်နဲ့းP

    ReplyDelete
  2. နောက်ရဘူးနော်...ချက်တတ်ပါဘူးဆိုမှ။ အဟဲ

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။