Wednesday, October 21, 2009

ကျွန်တော်သိသော sauce အကြောင်းများ ၂

brown sauce ဆိုသည်မှာ demiglaze နှင့် အတူတူဖြစ်ပြီး အမဲရိုး ကြက်ရိုးတို့၏ အဆီအနှစ်များကို ထုတ်ယူထာသော sauce ကို ခေါ်သည်။ brown sauce မှ တဆင့် sauce များစွာ ခွဲထွက်သွားကြသည်။
ဥပမာ... brown sauce ထဲကို red wine ထည့်လျှင် red wine sauce ၊ mushroom ထည့်လျှင် brown mushroom sauce ၊ rosemary ထည့်လျှင် rosemary sauce ဖြစ်သွားကြသည်။
brown sauce ကို အခြေခံ ပြီး sauce များစွာ ထုက်ယှူရနိုင်ပါသည်။
မာကျောသော အသားများ ကို red wine ဖြင့်သာ အသုံးပြုကြသည်။
ဥပမာ beef
lamb
veal

အထက်ဖော်ပြသော အသားတို့တွင် red wine ကို အများ ဆုံးအသုံးပြုကြသည်။
brown sauce ပြုလုပ်ပုံ
အမဲရိုး သို့ ကြက်ရိုးတို့ကို oven ထဲတွင် ရွှေအိုရောင် ရလာအောင် roast လုပ်ပါ။အရောင် ရလာလျှင် tomato past နှင့် အသီးအရွက်များ ( carrot , onion , salary ) ကို ထည့်ပါ။အသီးအရွက်များ ညိုးနွမ်းသွားလျှင် ဂျုံမူန့် ဖြူးပြီး roast ပြန်လုပ်ပါ။ဂျုံမူန့် အနံ ပျောက်သွားလျှင် အပြင်သို့ ထုတ်ပါ။ အိုးကြီးတလုံး ထဲတွင် ထည့်ပြီး ရေထည့်ကျိုပါ။
အနည်းဆုံး ၃ နာရီ ခန့် ကျိုချက်ရပါမည်။ အရည်များ ပျစ်လာမည်ဖြစ်ပြီး မီးအေးအေးနှင့် ကျိုရမည်။
အရိုးများ နူးအိ သွားလျှင် ရပါပြီ။ စကာနှင့် စစ်ယူ ရမည်။

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။