Thursday, January 21, 2010

ကျွန်တော်နှင့် food for thought



food allergy
အစာမတော် တလုပ် အသွားမတော် တလှမ်းတဲ့။ ကိုယ်နဲ့ မသင့်တဲ့ အစားအစာ စားမိလို့ allergy ဖြစ် ၊ ခေါင်းကိုက် ၊ ဗိုက်နာ ၊ မျက်လုံးကိုက် ၊ ညောင်းညာကိုက်ခဲ ၊ ကိုယ်ရေပြား မှာ အဖုလေးတွေ ထွက် ၊ လည်ချောင်း မျက်ခွံ လျှာ တွေ မှာ ယား ၊ အထက်လန် အောက် လျှော ဖြစ် ၊ အခန့်မသင့် သေ တောင် သေ တတ်ပါသေးတယ်။Food allergies cause roughly 30,000 emergency room visits and 100 to 200 deaths per year in the United States လို့ ဖတ်ဖူးပါတယ်။
ကိုယ်နဲ့ မတည့်တဲ့ အစားအစာကို ကိုယ်သိမှ။ ဆောင်ရန် ရှောင်ရန်လေးတွေ ထားပါ။ အများဆုံးဖြစ်တတက်တာက seafood ( ဥပမာ shellfish, shrimp, prawn , lobster , crabs, clams, mussels, oysters, scallops ) ,  tree nuts ( ဥပမာ peanuts , hazelnuts , pistachios , chest nuts ) , milk , eggs စတာတွေဖြစ်ပါတယ်။ နောက်  Dairy allergy, Egg allergy, Peanut allergy, Tree nut allergy, Seafood allergy, Shellfish allergy,Soy allergy, Wheat allergy တို့ဟာ အမေရိကန်မှာ အဖြစ်များဆုံးလို့ဆိုပါတယ်။ ကျွန်တော်တို့ တချို့မြန်မာတွေဆိုရင် လက်ဖက် နဲ့မတည့်ပါဘူး။ ကြက်ဟင်းခါးသီး စားရင် သွေးတတ်တာတို့ ၊ ဘာတို့ပေါ့။

နောက် အစာလည်းဆေး ဆေးလည်းအစာ တဲ့ ။ ကိုယ်နဲ့ တည့်တာစားရင် ကိုယ့်ကျန်းမာရေး ကောင်း ၊ ဆေးဖိုးလည်း သက်သာတာပေါ့။ အစိုးရိမ်လွန်ပြီးတော့ ဘာမှ မစားဘဲတော့ မနေနဲ့ဗျာ။ It means a vast number of people are avoiding foods that can safely eat and may be missing out on vital nutrients, the researchers said. လို့လဲပြောထားပြန်တယ်။ သတိလေးနဲ့ စားပေါ့။ ဟာသလေး တခုပြောရအုံးမယ် Women are more likely to report a food allergy than men တဲ့ ။း)

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။