Monday, January 18, 2010

ကျွန်တော်နှင့် how to eat pasta ;)


အဲလို မစားရဘူးနော်။ပြောခံထိမယ်။း)
pasta ကို ဘယ်လို စားမလဲ ။ အထူးသဖြင့် spaghetti or  tagliatelle တို့ပေါ့။ non italians တွေဟာ italian food တွေ ကို right way or specific way နဲ့ စားရမှာ ကို မသိတာများပါတယ်။ တနေ့ ဆရာခို က ကျွန်တော့် ကို spaghetti ကျွေးတယ်ဗျာ။ မင်းဘယ်လို စားမလဲတဲ့ ။ မေးခွန်းက ကျွန်တော့်ကို ကသိကအောက့် ဖြစ်စေတယ်။း)  ဘာလဲပေါ့။ ခပ်တည်တည်ပဲ spoon  ဇွန်း , fork ခရင်း ကို ယူပြီး မုန့်တီ စားသလို လွေးတာပေါ့။ ဆရာခို က ဘေးကနေ ခပ်ပြုံးပြုံးနဲ့ တောသား လို့ပြောရောဗျိုးးးး။
ကျွန်တော် ကြိုက်သလို စားလို့ရတယ်၊ ကျွန်တော် ဒီလိုစားတာ criminal offense မဟုတ်ဘူး ဆိုပြီး ရှက်ရမ်းရမ်း မလို့ဘဲ။ ဟီးး ဆရာ ဆိုတော့ အားနာပြီး ရှက်ရှက်နဲ့ ဘယ်လို စားရလဲ မေးရတာပေါ့ဗျာ။ မင်းက မဆိုးဘူးတဲ့ တချို့ လူတွေ ဆိုရင် စပါဂတီကို ဓါးနဲ့ ဖြတ်ပြီး စားတဲ့ လူတွေ ရှိတယ်တဲ့။ ဘာမှတော့ မဖြစ်ပါဘူး ။ ဒါပေမဲ့ အီတလီ တွေ တွေ့သွားရင် မျက်မှောင်ကြုတ်ပြီး ကြည့်ခြင်းခံရနိုင်တယ်ပေါ့။ စသည်ဖြင့် ပွားပါလေ ရော...။ ပြောရင်း နဲ့
fork ခရင်း ကို spaghetti ထဲ ထိုးစိုက် နာရီ လက်တံ အတိုင်း လှည့် ပြီး လိမ် လိုက်တော့ ခရင်း မှာ စပါဂတီ တွေက အခွေလိုက် ပါလာရောဗျာ။ အဲဒီလို စားရတာတဲ့။ နောက် တချို့လူတွေက ဇွန်း အကူအညီနဲ့ ခရင်းကို လှည့်တာလည်းရှိတယ်။ အီတာလီ အစစ်တွေကတော့ ခရင်းနဲ့ပဲ စားလေ့ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့... ခရင်း နဲ့ စားရမယ် လို့ သိရင်တော်ပြီ။း) အီတာလီ  မှာ spaghetti တို့ဘာတို့ စတဲ့ ပါစတာ အမျိုးအစားတွေကို bowl နဲ့ထည့်ပြီး ကျွေးလေ့ ရှိတယ်။ တရုပ်တွေ စားတဲ့ ပုံစံ ကို မြင်မိတယ်။ တချို့က မစားခင်မှာ ၀ိုင် wine ကို အရင်သောက်လေ့ရှိပါတယ်။ ပါစတာ အများစုကို  durum wheat ဒူရမ် ဂျုံ နဲ့ လုပ်ပါတယ်။ Durum ဟာ Latin စကားဖြစ်ပြီး မာကျောသော hard ဆိုတဲ့ အဓိပါယ်ကို ဆောင်ပါတယ်။ semolina ကို durum wheat ကနေ ထုတ်ပါတယ်။ durum flour နဲ့ semolina နဲ့ မတူပါဘူး။ durum wheat ကို ပထမ အကြိမ် ကြိတ်ထားတဲ့ ခပ်ကြမ်းကြမ်း ဂျုံ ကို semolina လို့ ခေါ်ပြီး ခပ်နုနု ထွက်လာတဲ့ ဂျုံ fine flour ကို durum flour လို့ခေါ်ပါတယ်။ ဂျုံ တွေထဲ မှာ  durum flour ဟာ highest protein ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က တခြားဂျုံ တွေထက် ပိုပြီး နုညံ့ tender တာပါပဲ။ ဆရာ ခို ကျေနပ်နိုင်ပါစေး)

3 comments:

  1. ဂျုံ အကြောင်း မှတ်သားသွားပါတယ်။ ခရင်းနဲ့ စားရင် ကျမအမေက
    တော့ အာဂေါင်ထိုးမိအုံးမယ်လို့  သတိပေးဘူးတယ်။

    ReplyDelete
  2. ချက်ကျွေးကြည့်လိုက်ပါခင်ဗျား...စားတတ်အောင် စားပြပါ့မယ်...
    လုပ်လိုက်ပါ..လုပ်လိုက်ပါ..ဒဒွေး အဖွဲ့မျာဒ..မျှော်နေတာ...
    ပျော်ပါစေခင်ဗျာ

    ReplyDelete
  3. စားတတ်အောင် သင်ပေးရင် ချက်ကျွေးပါလားဟယ်... ကိုယ့်အမ ကို တစ်ခါတစ်လေ...

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။