Saturday, January 16, 2010

ကျွန်တော်နှင့်safety rules

  • kitchen ထဲကို ဓါးကိုင်ပြီး သွားမယ်ဆိုရင် ဓါးဦးကို အောက်စိုက် ချပြီးမှ သွားလာပါ။
  • knife ဓါး ကို အပြားလိုက် ထားပါ။
  • စားပွဲရဲ့ အစွန် မှာ ဓါး ကို မထားရ။
  • ဓါးကို သုံးတဲ့အချိန်မှာ သတိထားပြီးသုံးပါ။ စိတ်နဲ့ကိုယ် ကပ်နေပါစေ။အလုပ်မှာ ပဲ အာရုံစိုက်ပါ။
  • ဓါးကို သူ့အိုးနဲ့ သူဆန် ပဲသုံးပါ။ ဆိုလိုတာက ဓါးအကြီးသုံးသင့်တဲ့နေရာမှာ ဓါးအကြီး သုံးပြီး အသေးသုံးရမဲ့နေရာ အသေးသုံးပါ။
  • ဓါးကို အမြဲတမ်းထက်နေအောင် ထားပါ။
  • သုံးပြီးရင် ဓါးကို အမြဲတမ်းဆေးပါ။သူ့နေရာ သူပြန်ထားပါ။
  • ဓါးလက်ကိုင်ရိုးဟာ အမြဲတမ်း သန့်ရှင်းနေပြီး ဆီတွေဘာတွေပေမနေရဘူး။

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။