Tuesday, June 1, 2010

ကျွန်တော်နှင့် Lasagna

meat lasagna
လဇားညား lasagna လို့ခေါ်ပါတယ်။ Italian ရိုးရာ စားစရာတမျိုးပါ။ Greek > Romans ကနေ ဆင်းသက်လာတယ်လို့ လည်း သိရပါတယ်။ pasta ပြားတွေကြားထဲကို bolognese sauce, white sauce, tomato sauce , cheese စတာတွေကို တလွှာပြီး တလွှာ စိတ်ကြိုက်ထည့် ပြီး အထပ် ထပ်လေးတွေ လုပ်ထားတာကို ခေါ်ပါတယ်။ meat lasagna နဲ့ veg lasagna ဆိုပြီး အဓီက နှစ်မျိုးခွဲလိုက်မယ်ဗျာ။ meat lasagna ကို အရင် လုပ်ကြရအောင်။ ပထမဦးဆုံး lasagna pasta sheet ကိုအရင် ရေနွေးပွတ်ပွတ်ဆူထဲမှာ ပြုတ်ရပါမယ်။ pasta အများစုဟာ 8 > 12 minutes လောက်ပဲကြာတတ်ပါတယ်။ Italian ဆိုရင်တော့ al dente ပဲစားကြတယ်။ pasta ပျော့တော့ ပျော့နေရမယ် over cook မဟုတ်ဘူးပေါ့။ စားလိုက်ရင် ဆက်တောင့်ဆက်တောင့် လေးဖြစ်နေရမယ်။ အလယ်မှာ အမျဉ်တန်းမာမာ လေး ကျန်ရင် al dente လို့ခေါ်လို့ရတယ်။ non italian တွေကတော့ ကြိုက်မှာ မဟုတ်ပါဘူး။ ကဲ lasagna ကို ဆက်ကြအုံးစို့။
pasta ရပြီ ဆိုရင် ရေအေးအေး ထဲမှာ စိမ်ပြီး အေးအောင်ထားပါ။ ရေစစ်ပါ။  bolognese sauce, white sauce , Parmesan & mozzarella cheese တွေကို အဆင်သင့် ယူထား။ ရေစစ်ထားတဲ့ pasta ပြားကို ကိုထည့်ချင်တဲ့ dish or mold ပေါ်ကို ချပါ။ bolognese sauce , white sauce , mozzarella cheese ကို တလွှာချင်းထည့်သွားပါ။ ဤကဲ့သို့ စိတ်ကြိုက်အမြင့်ရသည့်အထိသွားပါ။ လက်သုံးလုံး လောက်တော့ ထူ တတ်သည်။း) နောက်ဆုံး အဆင့် ပြီးလျှင် parmesan cheese လေးကိုပါ အပေါ်၌ ဖြူးပေးလိုက်ပါ။ ( ချက်ချင်း မစားချင်လျှင် အအေးခံ၍ chiller ထဲ ထည့်သိမ်းထားနိုင်သည်။ ) serve လုပ်လျှင် oven ထဲ ထည့် cheese အရည်ပျော်ပြီးေ၇ွှအိုရောင် ရလျှင် ရပြီ။ veg lasagna လည်း အတူတူပါပဲ။ စိတ်ကြိုက် အသီး အရွက်တွေ ထည့် ၊ ပြီး oven ထဲမှာ bake ရတာပါပဲ။
photo from google.

3 comments:

  1. ကိုယ်တိုင် လုပ်ထားတာလားလို့......
    စားချင်သည်.... ပို့ပေးလိုက်ပါ......... :P

    ReplyDelete
  2. စားချင်စရာလေး ပါဗျာ

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။