Tuesday, July 13, 2010

ကျွန်တော်နှင့် Shawarma

Shawarma ရှာဝါမားလို့ခေါ်ပါတယ်။ Arabic အစားအစာ တမျိုးဖြစ်ပါတယ်။ lamb, goat, chicken, turkey, beef ကြိုက်တာကို လုပ်လို့ရပါတယ်။ လုပ်နည်း နှစ်မျိုးရှိတယ်လို့ ပြောလို့ရမယ်။ Grilled လုပ်တာဖြစ်ပေမဲ့ လုပ်ပုံ လုပ်နည်းကွာသွားပါတယ်။
ခုပုံကတော့ ရှာဝါးမား ဆိုင်တော်တော်များများ လုပ်ရောင်းတဲ့ ပုံစံပါ။ သူနောက်ကနေ မီးပေးထားပါတယ်။ အသား တံကို လှည့်လှည့်ပေး ဓါးနဲ့ ပက်ချာလည် လိုက်လှီး ပြီး အသီးအရွက် တွေနဲ့ သုပ်ပြီး စားကြတာပါပဲ။ စားလို့တော်တော်ကောင်းတယ်။း)
နောက်တခုတော့ အသားကို Julienne လှီးပြီး Grill လုပ်တာပါပဲ။ shawarma မှာ အဓီက က marinated လုပ်တဲ့နည်း နဲ့ အချိန် ပါပဲ။ skewer သုံးမယ်ဆိုရင် တစ်ည လောက်ကို မဆလာတွေနဲ့ နှပ်ထားမှ အရသာ ကောင်းမွန်စေမှာပါ။ shawarma ရဲ့ ingredient တော့ အသားကတော့စိတ်ကြိုက် ထား၊  garlic paste, yogurt, ginger paste, lemon, bay leaves, cinnamon, cloves, cardamom, nutmeg, dried lime, spicy paprika, vinegar,dried limes and black pepper စတာတွေနဲ့ တစ်ညလောက် နှပ်  (marinated ) ထား အရသာပိုကောင်းစေပါတယ်။ garlic paste ကိုတော့ များများ ထည့်ပေးရပါတယ်။ သူ့ကို french fried  and pickles တွေနဲ့ တွဲစားလေ့ရှိပါတယ်။
ဒါက chicken ကို Julienne လှီး မဆလာ ဘာညာသာရကာတွေနဲ့ နယ် ပြီး grill လုပ် ထားတာပါ။
သူကတော့ garlic mayo ဖြစ်ပါတယ်။
Onion , gargin or dill , tomato တွေကို julienne လှီး ၊ အားလုံးကို အောက်က ပုံလို Arabic bread ထဲထည့် rolling လုပ် ပြီး grill ပါ။



Arabic chicken sandwich လို့လည်း ခေါ်ကြပါတယ်။
  
ဒါက တော့ အဲ့ဂလိုလေး ရောင်းတယ်ပေါ့။း)
 

ဒါကတော့ google က ရှာထားတာလေးပါ။ chicken ကြက်သားနဲ့ ဆိုရင် garlic mayo ကအကောင်းဆုံးဖြစ်ပြီး beef အမဲသား ၊ mutton သိုးသား  ဆိတ်သား စတဲ့အသားတွေနဲ့ဆိုရင်တော့ tahina ကအကောင်းဆုံးပါ။ tahina အကြောင်းကိုလည်း ရေးပါအုံးမယ်။

4 comments:

  1. အဲဒါကြိုက်တယ်.. ဒီမှာလဲ အများကြီးဘဲ လမ်းဘေးက ဆိုင်လေးတွေမှာ သီးသန့်ရောင်းတယ်.. အမဲသားနဲ့များတယ်..

    ReplyDelete
  2. ညီရေ အစ်ကိုလဲ ကြိုက်တယ် ဒီကိုရောက်မှ စစားဖူးတာပါ။ ဒီရှာဝါးမားက အော်ရယ်ဂျင်နယ်က ဂရိက အစားအစာကွ။ နောက်မှ ဒီအာရပ်တွေက သူတို့အစာဆိုပြီး ပြောတာ။ အကိုလည်း ဂရိထမင်းချက်ကြီးပြောလို့ သိတာ။ မယုံသေးလို့ နောက် ဂရိရုပ်ရှင်တကား ကြည့်လိုက်ရမှ သေချာသွားတာ။

    ReplyDelete
  3. ဟုတ်..အကို။ ခုလို မျိုးလေးတွေ ပြောပြတဲ့ အတွက် ကျေးဇူးပါ။ အဲ့ဒီကားလေးကိုလည်း ကြည့်ချင်သားဗျ။း)

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။