ကြုံတုန်း ဟိုတယ်တွေမှာ စားတဲ့အခါ
ဘယ်လိုစနစ်ရှိတယ်ဆိုတာကို ပြောပြချင်ပါသေးတယ်။ ပထမဆုံး သိရမှာကတော့
ကိုယ်ကထိုင်နေပြီး စားပွဲထိုးတွေက စားစရာတွေ လာချပေးပြီး စားရတာနဲ့
ကိုယ့်ဘာသာထပြီး စားစရာတွေကို ကိုယ်တိုင်ယူစားရတာဆိုပြီး
နှစ်မျိုးကွဲပါတယ်၊ ထိုင်နေပြီး အစားတွေ လာချပေးတာကို စားရတာကိုတော့
ဆစ်ဒေါင်း (Sit-down) လို့ခေါ်ပါတယ်၊ ထိုင်စားပေါ့။ ထပြီး
ကိုယ့်ဘာသာယူစားရတာကိုတော့ ဘူဖေး (Buffet) လို့ခေါ်ပါတယ်။ ပြင်သစ်စကားက
လာတာမို့လို့ အင်္ဂလိပ်လိုစာလုံးက ဘယ်လိုပဲပေါင်းထား၊ ပေါင်းထား ပြင်သစ်
အသံထွက်နဲ့ ဘူဖေးလို့ပဲ အသံထွက်ပါတယ်။ ဘူဖေးကတော့ အနောက်တိုင်း၊
အရှေ့တိုင်း၊ ဂျပန် ဆိုပြီး ဘူဖေးမျိုးစုံရှိပါတယ်၊ အစားအသောက်တွေကို
စီချထားပြီး ကိုယ်စားချင်တာ ယူစားရပါတယ်။
အဲဒီလို စားချင်တာ ယူစားရတယ်ဆိုပေမယ့်လို့လည်း အနောက်တိုင်းဘူဖေးရောက်တော့
စားတဲ့ စနစ်လေးရှိသေးတယ်။ ပထမဆုံး ဆွပ်(ပ်) (Soup) လို့ခေါ်တဲ့
ဟင်းချိုရည်တစ်မျိုးမျိုးကို သောက် တယ်၊ အဲဒီအချိန်မှာ
ပေါင်မုန့်တစ်မျိုးမျိုးနဲ့ ထောပတ်ကိုတော့ စားလို့ရတယ်၊ ပြီးတော့မှ
အရွက်တွေ ဒါမှမဟုတ် ငါး၊ ပုဇွန်၊ အသားအေး (Cold meat) နဲ့လုပ်ထားတဲ့အသုပ်
ဆလပ် (Salad) တစ်မျိုးမျိုး ကို စားလေ့ရှိတယ်။ ချက်ထားတာမျိုးမဟုတ်ဘဲ
ဒီအတိုင်းနယ်ပြီး သုပ်ထားတာကို ခေါ်တာပါ။ ဆလပ်ဆိုတာက မြန်မာအခေါ် ဆလပ်ရွက်ကို
ဆိုလိုတာမဟုတ်ဘူး၊ ဆလပ်ရွက်ကိုတော့ အင်္ဂလိပ်လို (Lettuce) လို့
စားလုံးပေါင်းပြီး လက်တစ်(စ်) လို့ အသံထွက်ပါတယ်။ ပြီးတော့မှ ဟင်းတွေ၊
အသားတွေ၊ (Cooked meat) ကိုစားရပါတယ်၊ နောက်ဆုံးရောက်တော့ အချိုပွဲလို့
အကြမ်းဘာသာပြန်တဲ့ ဒီဆတ် (Dessert) ကိုစားရပါတယ်။ ဒီဆတ်လို့ အသံထွက်တော့
ကျွန်တော့်သားပြောတာကို အမြဲသတိရပါတယ်၊ သူက အပြည်ပြည်ဆိုင်ရာကျောင်း
(International School) ကဆိုတော့ အမေရိကန်သံ ပေါက်တာပေါ့။ ကျွန်တော်က
ဒဲဆတ်လို့အသံထွက်လိုက်ရင် "အဖေ ဒဲဆတ် (Desert) ဆိုတာက သဲကန္တာရ ကိုခေါ်တာ။
အချိုပွဲက ဒီဆတ် (Dessert) လေ" လို့ပြောလေ့ရှိပါတယ်။ အင်္ဂလိပ်စကား
အသံထွက်လေးတွေ အရေးပါတဲ့အကြောင်း ကြုံလို့ ပြောရ တာပါ။ စားတဲ့အကြောင်း
ပြန်ပြောရရင် ဒီဆတ် အချိုပွဲလို့ပြောလိုက်ရင် တကယ်ချိုတဲ့ ရေခဲမုန့်၊
ကိတ်မုန့်တွေ ပါသလို အချိုမုန့် မဟုတ်တဲ့ အသီး၊ ချီးစ် (Cheese) တွေလည်း
ပါပါတယ်။ ဒီဆတ်မှာ ကြိုက်ရာစားပေါ့။ ချီးစ်ကိုတော့
ဘီစကစ်ပြားလေးတွေနဲ့ကပ်ပြီး စားလေ့ရှိပါတယ်။ ဒါ အင်္ဂလိပ် အကျင့်ပါ၊
ပြင်သစ်တွေကတော့ ချီးစ်တွေကို တစ်တုံးပြီးတစ်တုံး ဘာနဲ့မှမတွဲဘဲ ဒီတိုင်း
စားလေ့ ရှိပါတယ်။ အဲဒီအချိုပွဲတွေ စားပြီးတော့မှ ကော်ဖီသောက်လေ့ရှိပါတယ်။
ဒါ အနောက်တိုင်း ဘူဖေး စားနည်းကို ပြောပြနေတာပါ။ ကျွန်တော် အရင်တစ်နှစ်က
အမေရိကန် အသည်းရောဂါ အစည်းအဝေးမှာ တရုတ်ပြည်က ဆရာဝန်တစ်စုနဲ့တွေ့ပါတယ်၊
အင်္ဂလိပ်စကား လုံးဝ မပြောတတ် သလောက်ပဲ။ အုပ်စုလိုက်ကြီး အစည်းအဝေး
လာတက်ကြတာ၊ ဘူဖေး ဒင်နာစားတော့ စစချင်းကို ကိတ်မုန့်ကြီး
ပန်းကန်ထဲထည့်ယူလာပြီး စားတော့တာပဲ၊ အပြည်ပြည်ဆိုင်ရာ နည်းစနစ်တွေကို
နားမလည်တာပေါ့လေ။ ကိုယ့်ဘာသာ စားချင်သလိုစားလည်း ရတာပဲဆိုပေမယ့်လို့
လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး နေရတာဆိုတော့ သူ့ပတ်ဝန်းကျင်နဲ့အညီ မြန်မာတွေ
လိုက်နာ ကျင့်ကြံနေနိုင် အောင်လို့ ကျွန်တော် အတွေ့အကြုံတွေ
ကိုပြောပြနေတာပါ။
ဘူဖေးအကြောင်း ပြောပြီးတော့ ဆစ်ဒေါင်း (Sit-down)
စားတဲ့ အကြောင်းဆက်ပြောပါမယ်။ ဆစ်ဒေါင်းစားမယ်ဆိုရင် ဟိုတယ် စားပွဲထိုးက
လာမေးမယ်၊ ဒါမှမဟုတ် အစားအသောက်စာရင်း ကဒ်ပြားကို ထိုးပေးပါလိမ့်မယ်၊
အဲဒါကို မီနူးကဒ် (Menu card) လို့ ခေါ်ပါတယ်၊ မီနူးကဒ်ထဲမှာမှ
နှစ်မျိုးတွေ့ပါလိမ့်မယ်၊ တစ်မျိုးကတော့ ဆက်မီနူး (ှSet menu) လို့
ခေါ်ပါတယ်။ အဲဒါကတော့ စားသောက်ဆိုင်က တစ်ခါတည်း စီစဉ်ထားတာပါ။ ဘာပြီး
ဘာစားမယ် ဆိုပြီး ရေးပြီးသား၊ အသား ဒါမှမဟုတ် ငါး ဒီလိုပဲ ကွာနိုင်တယ်။
ကျန်တာက သူတို့ စီစဉ်ပြီးသား။ ဒါကြောင့်
Set လုပ်ပြီးသား မို့လို့ Set menu လို့
ခေါ်တာပေါ့။ များသောအားဖြင့်တော့ Set menu တွေဟာ ဈေးသက်သာ အောင်
စီစဉ်ထားပါတယ်။ အဲဒီလို စီစဉ်ပြီးသား ဆက်မီနူးကို မကြိုက်ဘူးဆိုရင်တော့
ကဒ်ပြားထဲမှာ ပါတဲ့ စားစရာတွေထဲက ကြိုက်တာကို ရွေးပြီးမှ မှာစားရပါမယ်။
အဲလို ကဒ်ပြားထဲက ကြိုက်ရာ ရွေးပြီး မှာစားတာကို အလာကဒ် (A L) လို့
ခေါ်ပါတယ်။ ပြင်သစ်စကားပါ ကဒ်ပြားအတိုင်း မှာစားတာလို့ အကြမ်းဖျဉ်း
ပြောရမှာပေါ့။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်က ခပ်နောက်နောက်နဲ့
“ကျွန်တော်ကတော့ ဟိုတယ်ကြီးတွေမှာ သူများ ကျွေးလို့ လိုက်စားရင်
ကဒ်ပြားလေးထဲကအတိုင်း ကြိုက်တာ ရွေးစားပါတယ်။ (ဗူေ ဃမေအန) လို့
ပြောလိုက်ရင် တိုက်ရိုက်အင်္ဂလိပ်လို အသံထွက် ကြည့်မယ်ဆိုရင်တော့
အလကဒ်တီးလို့ဖြစ်နေတော့ ဗမာလို အလကားကဒ်တီးလို့ပဲ တွေးလိုက်ချင် တော့တယ်။
သူများကျွေးတာ လိုက်စားနေရလို့လေ” လို့ ဟာသလေးနှောပြီး ပြောပါတယ်။
ရေးတော့အမှန် ဖတ်တော့အသံဆိုတဲ့သဘောပေါ့။
စားသောက်ဆိုင်
ရက်စထရော(တ်)ရင့် ရောက်လို့ အစားစားမယ်ဆိုတိုင်း အဲဒီ မီနူးကဒ်ပြားကြီး
လာမှာကို ကြောက်ရတဲ့ ဘဝကို ပြန်ပြောင်းသတိရပါတယ်။ ဆရာဝန်ပေါက်စ၊
အတွေ့အကြုံလည်းမရှိ၊ နိုင်ငံခြားသားနဲ့ သွားစားရင် အဆိုးဆုံးပဲ။
စားသောက်ဆိုင်က မီနူးကဒ်ကြီးလာရင် ဘယ်ကစလို့ ဘယ်လိုကြည့်ရမယ်၊
ဘာကိုမှာရမယ်ဆိုတာကို မသိဘူး။ အလွယ်ဆုံးကတော့ မျက်စိမှိတ်ပြီး ဆက်မီနူး
(ှနအာနညက) ပဲစားမယ်လို့ ပြောလိုက်တာ အလွယ်ဆုံးပါပဲ။ မနှစ်က
စင်္ကာပူသွားတုန်းက မိတ်ဆွေတစ်ယောက်က ထမင်းစားဖိတ်လို့
စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားကြတယ်။ ကမ္ဘောဒီယားက ဆရာဝန်မ အငယ်လေး
တစ်ယောက်လည်းပါတယ်၊ ထုံးစံအတိုင်း မီနူးကဒ်လည်းထိုးပေးရော
ကမ္ဘောဒီးယားသူလေးဟာ ပြုံးပြီး ခေါင်းပဲရမ်းတယ်၊ ဘာမှလည်း သိပုံမပေါ်၊
ကိုယ်ချင်းစာမိပါတယ်။ တကယ်တော့ မီးနူးကဒ်က နေ မှာစားဖို့ဆိုတာက အခြေခံအချက်
အလက်ကို နားလည်ထားရင်တော့ မှာရတာ သိပ်မခဲယဉ်း ပါဘူး၊
အနောက်တိုင်းအစားအသောက် ကျွေးတဲ့စနစ်မှာ ပေါင်မုန့်နဲ့ထောပတ်ကို မှာစရာ
မလိုပါ ဘူး။ အလယ်ခေါင်မှာ ပေါင်မုန့်စုံပါတဲ့ (မြနေိ အမပေ) လို့ခေါ်တဲ့ခွက်
ဒါမှမဟုတ် ခြင်းလေးတစ်ခု လာချပါမယ်၊ အဲဒီကနေ ကြိုက်သလို ယူစားပါ။
မီးနူးကဒ်ထဲက ကြည့်ပြီးမှာရင်တော့ ပထမဆုံး ဟင်းရည် (ှသကစ) တစ်မျိုးမျိုးကို
ရွေးရပါမယ်၊ ပြီးတော့မှ အစပျိုးစားတဲ့ဟာ စတတ်တာ (ှအမေအနမ) လို့လည်း
တစ်ချို့ဆိုင်မှာခေါ်တယ်။ များသောအားဖြင့်လည်း ဟိုတယ်ကြီးတွေမှာ (ဗစစနအငဖနမ)
လို့ရေးတယ်၊ စားကောင်းအောင် ကြိုစားတဲ့ဟာပေါ့။ များသောအားဖြင့် အရွက်၊
အသီး၊ အသားအေး (ဃသိုာနအေ) တွေပဲပါ ပါတယ်၊ အဲဒီက တစ်ခုရွေး၊ ပြီးတော့မှ
အဓိက စားမယ့်ဟင်း၊ သူတို့ မီနူးကဒ်မှာတော့ (ငြေညိငျ့)၊ ဒါမှမဟုတ် (ငြေည
ခသကမျန) တနည်းနည်းခေါ်တယ်။ အဲဒီမှာ ဘယ်လိုပဲရေးထား ထား အဓိကကတော့ ဝက်၊ အမဲ၊
သိုး၊ ငါး၊ ဒီ လေးမျိုးထဲက တစ်မျိုးမျိုးကို ရွေးရပါမယ်။ အဓိက က ဒါပါပဲ။
အားလုံးစားပြီးမှ ဒီဆတ် (ီနျနမအ) ထဲက ကြိုက်ရာရွေးပြီးတော့ ကော်ဖီ၊
လ္ဘက်ရည်ပေါ့။ ဒီလိုပြောတာက (၃)မျိုး အစာ (၃ ခသကမျနာနေူ) ပေါ့။ ဒါပေမယ့်
ကျွန်တော် တွေ့ရတာက အာရှ တိုက်သားတွေ အများစုက အဲဒီလို
အကုန်မှာစားလေ့မရှိဘူး။ (၃)မျိုးလုံး ဟိုတယ်မှာ မှာစားရင် ဒေါ်လာ (၅ဝ)ကျော်
ကျသွားမှာပေါ့။ အဲဒီတော့ မိန်း (ငြေည) တစ်ခုပဲ မှာတယ်။ ပြီးတော့ ပေါင်မုန့်
ထောပတ်နဲ့စားလိုက်ပြီး သောက်စရာတစ်မျိုးမျိုးကို သောက်လိုက်တော့
ပြီးသွားရောပေါ့။ ဟိုတယ်မှာ ဖိတ်ကျွေးတာပဲဆိုပြီး အလိုက်မသိဆွတ် (ှသကစ)
ရော၊ စတတ်တာ (ှအမေအနမ) ရော၊ မိန်း အသား၊ ငါးတွေမှာ၊ ဒီဆတ်စား၊
ကော်ဖီသောက်ဆိုရင် ထမင်းဖိတ်ကျွေးတဲ့လူက မျက်လုံးပြူးပြီး ဘာမှ
စားဝင်တော့မှာ မဟုတ်ဘူး။ နောင်လည်း ကိုယ့်ကိုဘယ်တော့မှ ဖိတ်ကျွေးမှာ
မဟုတ်တော့ဘူး။ ဒါကြောင့် ကိုယ်က သိပ်အစားမကြီးဘူးဆိုရင် စတတ်တာ၊
အပီတိုက်ဆာ၊ တစ်မျိုးပဲမှာ၊ အလကားရတဲ့ ပေါင်မုန့်နဲ့ထောပတ်ကိုစား၊
အစားများများ စားတတ်ရင် ဝက်၊ သိုး၊ အမဲ၊ ငါးထဲက မိန်းတစ်မျိုးမျိုးမှာ၊
ပေါင်မုန့်၊ ထောပတ်၊ အဝစား၊ ပေါင်မုန့်ကုန်သွားလည်း ကြိုက်သလောက် အလကား
ထပ်မှာလို့ရတယ်၊ စားသာစား၊ ဗိုက်ပြည့်အောင် စားပေတော့။
ဒီလောက်သိထားပြီဆိုရင် ဟိုတယ်မှာ ဘူဖေးပဲဖြစ်ဖြစ်၊ ဆစ်ဒေါင်းပဲဖြစ်ဖြစ် ဆက်မီနူးပဲလာ လာ၊ အလာကဒ်ပဲလာလာ မြန်မာတွေ စားတတ်ပြီထင်ပါရဲ့။
credit to http://www.khinmaungwin-liver.com/index.php?option=com_content&view=article&id=263:2010-07-07-10-17-24&catid=21:2010-01-07-03-35-07&Itemid=32
ကိုမောငျငယ် ကျေနပ်နိုင်ပါေစဗျာ။
ကွင်းထဲက စာတွေကိုဖတ်လို့မရဘူးရှင့်။ မှန်းဖတ်သွားရတယ်။ ဘာပဲဖြစ်ဖြစ် ဗဟုသုတရလို့ကျေးဇူးပါ။
ReplyDeleteစားတတ်သွားပါပြီ ညီရေ....။တခါလောက် ခေါ်ကျွေးနော်။
ReplyDelete>>khin>> အားပေးတာ ကျေးဇူးပါဗျာ။ ကျနော်လည်း ကွင်းထဲက စာတွေ ဖတ်မရဘူး။ ဟီးးး
ReplyDelete>> ko chan >>> ကိုချမ်း ရေ ဆုံချင်ပါတယ်ဗျာ။ ဟဲဟဲ
စာနဲ့တော့စားတ်ပြီ... ကွင်းထဲက စာတွေ က ဘို လို ရေးထားတာလား..
ReplyDelete>>ngu wah >> ဂျီးဒေါ် ရေ သားလည်း ဖတ်တတ်ပါဘူးဆိုမှ ။ ;)
ReplyDeleteThis post is very informatic, I haven't tried Western Buffet but sure I won't like according to your information. Thanks
ReplyDelete