Monday, January 9, 2012

အစာ နိဒါန်း

FAO
“သဗ္ဗေသတ္တာ၊ အဟာရဌိတိကာ”
ခပ်သိမ်းကုန်သော သတ္တ၀ါတို့သည် အဟာရလျှင် တည်ရာမှီရာ ဖြစ်ကုန်၏။
အာဟာရကို နေ့စဉ်စာသောက်သော အစာမှ ရ၏။ ထို့ကြောင် အများအားဖြင့် အစာအာဟာရဟု ပေါင်းစပ်ခေါ်ဝေါ်ကြသည်။ သို့သော် အစာတို့တွင် အဟာရတန်ဖိုး မရှိသောအစာ မိမိအတွက် မလိုအပ်သည့်အပြင် ပို၍ပင်နေသော အာဟာရကိုသာ ပေးသည့်အစာ၊ အာဟာရမဖြစ်စေဘဲ ဥပဒ်ဖြစ်စေမည့် အဆိပ်ကဲ့သို့သော အစာဟူ၍ အမျိုးမျိုးရှိနိုင်သည်။ ထို့ကြောင့်အစာတိုင်းသည် အာဟာရဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ တစ်ဖန် အစာမှ ရသော အာဟာရမလုံလောက်သောအခါ အာဟာရချို့တဲ့မူ့ဖြစ်သဖြင့် အာဟာရကို ဆေးအဖြစ် မှီဝဲကြရပြန်သည်။ ထို့ကြောင့် အာဟာရတိုင်းသည်လည်း အစာဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
မြန်မာစကားတွင် အစာနှင့်ပက်သက်သော စကားပုံများ ၊ဆိုရိုးစကားများ အများအပြားပင် ရှိသည်။ သင့်တင့်လျောက်ပက်သော အစာကို စားပါက “အစာလည်းဆေး၊ ဆေးလည်း အစာ” ဖြစ်ကာ ဆေးမှီဝဲရန် မလိုတော့ပေ။ သို့သော် ထိုအစာကိုပင် သင့်ရုံမျှမစားဘဲ အလွန်အကျွံစားပါက “တန်ဆေး လွန်ဘေး” ဆိုသော စကားနှင့်အညီ အစာသည် ဘေးဖြစ်စေတော့သည်။ တစ်ဖန်မသင့်သော အစာကို အနည်းငယ်မျှပင်ဖြစ်စေ စားမိပါက “အစားမတော်တစ်လုပ်” ဆိုသော စကားအတိုင်း အစာအဆိပ်သင့်ခြင်းကဲ့သို့သော ဘေးဥပဒ်မျိုး ရောက်နိုင်လေသည်။ ထို့ကြောင့် သင့်တင့်သော အစာဆိုသည်မှာ အဘယ်နည်း။ ထိုအစာတွင် ပါဝင်သော အာဟာရ ဆိုသည်တို့ကား အဘယ်နည်း။ 
အစာကို မြန်မစကားဖြင့် အမျိုးမျိုးခေါ်ကြ၏။ အစားအသောက်၊ အစားအစာ၊ အစာအာဟာရ၊ စားသောက်ကုန်၊ စားကုန်သောက်ကုန်၊ စားနပ်ရိက္ခာ စသည်ဖြင့် အလျဉ်းသင့်သလို သုံးစွဲကြသည်။ ပညာရေးဝန်ကြီးဌာန ရန်ကုန်စက်မူ့တက္တသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော သင်တန်းတစ်ခုအမည်မှာ “အစာအာဟာရ ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း” ဖြစ်သည်။ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ရပ်ကိုမူ မြန်မာဘာသာဖြင့် “စားနပ်ရိက္ခာ နှင့်စိုက်ပျိုးရေးအဖွဲ့” FAO ( Food and Agriculture Organization ) ဟု ခေါ်ဆိုထားသည်။

REf> အစာအာဟာရ သိပ္ပံ ( ပထမတွဲ ) ဦးတိုင်းအုပ်

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။