Thursday, January 5, 2012

Foie gras

အဆီဖုံးပြီး ကြီးအောင်လုပ်ထားတဲ့ ဘဲငန်းရဲ့ အသည်းကို ချက်ပြုတ်ထားသည့် ဟင်းပွဲတစ်ခု

သံတမာန် ဆိုင်ရာ သို့မဟုတ် စီးပွားရေး ဆိုင်ရာ အထူး ဧည့်ခံတဲ့ ပွဲမျိုးတွေမှာ ကျွေးမွေး လေ့ရှိတဲ့ ပြင်သစ် အစား အသောက် တစ်မျိုး အကြောင်း ဗဟုသုတ အဖြစ် ပြောပြလိုပါတယ်။ အဲဒီ အစားအသောက် အမည်က ပြင်သစ်လို Foie gras လို့ ခေါ်ပြီး၊ “ဖွာဂရာ” လို့ အသံထွက်ပါတယ်။ အင်္ဂလိပ်လို အဓိပ္ပါယ် ဆိုရင်တော့ Fat Liver (အဆီများတဲ့ အသည်း) ဖြစ်ပါတယ်။ ဖွာဂရာ ဆိုတာ ဒဏ္ဍာရီသဖွယ် တွင်ရစ် လောက်အောင် ထင်ရှား ကျော်ကြားတဲ့ ပြင်သစ်ရိုးရာ အစား အသောက် တစ်မျိုး ဖြစ်ပါတယ်။ သာမာန် လူတစ်ယောက် အနေနဲ့တော့ ဒီအစား အသောက်မျိုးကို ကြိုက်ရင် ကြိုက်မယ်၊ သို့မဟုတ် စက်ဆုပ်မယ်၊ သို့မဟုတ် ဘာမှန်း သိချင်မှလည်း သိနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီအစား အသောက်ဟာ ရက်စက် ကြမ်းကြုပ်လှစွာ ပြုလုပ် ထားတဲ့ အစား အသောက် ဖြစ်သလို၊ အလွန်မှ အရသာရှိတဲ့ အစား အသောက် တစ်မျိုးလည်း ဖြစ်ပါတယ်။

“ဖွာဂရာ” ဆိုတာ ဘဲငန်းရဲ့ အသည်းကို ချက်ပြုတ်ထားတာ ဖြစ်ပါတယ်။ သို့သော် သာမာန် ဘဲငန်းရဲ့ အသည်း မဟုတ်ပါဖူး။ အဲဒီ “ဖွာဂရာ” လုပ်တဲ့ ဘဲငန်းတွေရဲ့ အသည်းကို ရဖို့ဟာ ဘဲငန်းတွေရဲ့ ဗိုက်ထဲ ချေပြီးသား အစာ တစ်မျိုးကို ပိုက်တွေ၊ ပြွန်တွေနဲ့ နင်းကန်ပြီး အပြည့်အနှက် အတင်း ထိုးသွင်းရပါတယ်။ ဘဲငန်းတွေရဲ့ အစာပြွန်ထဲ မှတဆင့် အတင်း ဖိနှိပ်ပြီး အစာကို ထိုးသွင်းခြင်းဖြင့် ဘဲငန်းတွေရဲ့ အသည်းကို ဖောင်းကား စေပြီး၊ အဆီများ အများအပြား ဖုံးအုပ်စေပါတယ်။ အသည်းယောင် အဆီဖုံး စေတာမျိုး ဖြစ်ပါတယ်။ အဲဒီလို စီမံထားတဲ့ ဘဲငန်းရဲ့ အသည်းနဲ့ ချက်ပြုတ်ထားတာ ဖြစ်ပါတယ်။
မိမိ အနေနဲ့ ဆိုရင် Foie gras ကို Main Dish လိုစားဖို့ မကြိုက်ပါဖူး၊ အတော်အီပါတယ်။ Entrée အနေနဲ့ စားရင်တော့ အတော်ပါဘဲ။ ဝက်သား အဆီကြိုက်တဲ့ လူဆိုရင်တော့ Foie gras ကို ကြိမ်းသေ ကြိုက်မှာပါ။ Foie gras ဟာ တိုဟူးလို ပျော့ပြောင်းပြီး၊ အပေါ်ယံက နည်းနည်းလေး မာဆတ်ဆတ် နေပါတယ်။ အဆီရဲ့ အဆိမ့် အရသာနဲ့ အသည်းရဲ့ ချိုတဲ့ အရသာတို့ ပေါ်လွင်ပါတယ်။ မိမိမှာ Foie gras ဆိုတာ ဘာလဲ သိအောင်ရယ်၊ ဘယ်လို လုပ်ထားလဲ ဗဟုသုတ ရအောင်ရယ်သာ ရေးလိုက်တာပါ၊ အခုနောက်ပိုင်း ကိုယ်တိုင် သက်သတ်လွတ်စား နေလို့ ဘယ်လို ပုံစံမျိုး ချက်တာ ကောင်းတယ်၊ ဘယ်ဆိုင်မှာ ရတယ် ဆိုတာတွေတော့ ညွန်းမပေးချင် တော့ပါဖူး။

Ref :  http://www.aung.info/?p=1389

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။