Saturday, January 7, 2012

lamb rendang

 lamb rendang
အာရှ အစားအစာကို မချက်တတ်ပါဘူးဆိုမှ အင်ဒိုနီးရှား အစာကို လာချက်ခိုင်းတယ်။ ဘယ်ရမလဲ။ ရွှီးထည့်လိုက်တာပေါ့။ အဟက်။ lamb rending ဆိုပြီး လာချက်ခိုင်းတာ။ ခပ်တည်တည်ပဲ။ Indian Curry ပုံစံချက်ပြီး ပေးလိုက်တာပေါ့။ ဘာ coconet milk မှကို မထည့်ဘူး။ ကိုယ်မှ မကြိုက်တာ။း) မသိတာလည်း ပါတာပေါ့။ သူတို့ပြန်သွားမှ ဆရာ့ကို ဖုန်းနဲ့ လှမ်းအကူအညီတောင်းရတယ်။ ဆရာကလည်း အားကိုးရပါတယ်။ ချက်ချင်း အင်တာနတ်မှာ ရှာ ဖုန်းဆက်ပြီး လှမ်းပြောပေးတယ်။ ချစ်ဖို့ကောင်းတဲ့ ယောက်ခမကြီး။း)
ရမ်ဒမ် လို့အသံထွက်ပြီး ကြိုက်တဲ့ အသားနဲ့ ချက်လို့ရပါတယ်။ မျက်စိထဲမြင်အောင်ပြောရရင် အမဲဆီပြန်ချက်၊ကြက်ဆီပြန်ချက် ထဲကို coconut milk ထည့်ထားတဲ့ပုံးစံပဲ။ ကျနော်စဉ်းစားမိသေးတယ်။ ဒါမျိုးတွေ ကျနော်တို့နိုင်ငံက အိမ်တိုင်းလိုလို ချက်တတ်ကြရဲ့သားနဲ့ ဘာလို့များ ကျနော်တို့နိုင်ငံရဲ့ ဟင်း တွေ နာမည် မကျော်ကြားတာလဲလို့။ ကျနော်ထင်တယ် အင်းဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား ၊ထိုင်း ၊ တရုတ် စတဲ့ နိုင်ငံက ဟင်းတွေလောက်တော့ ကျနော်တို့နိုင်ငံက ဟင်းတွေလည်း ကောင်းပါတယ်။ ဟော်တယ်အတော်များများမှာ အိန္ဒိယစာအတွက် အိန္ဒိယ စာဖိုမူး၊ တရုတ်စာအတွက် တရုတ် စာဖိုမူးလို့ ရှိပမဲ့ မြန်မာစာအတွက်ချက်တဲ့ မြန်မာ စာဖိုမူးများ ဘယ်တော့များမှ ရှိလာမလဲလို့ အတွေးခေါင်နေမိတယ်။ ဘယ်တောင် ရောက်သွားပါလိမ့်။ ရမ်ဒမ် နှစ်မျိုးရှိတယ်လို့ ဖတ်ရတယ်။ wet rendang အစိုချက် နဲ့  Dry rendang အခြောက်ချက်ပေါ့။ ဘာမှ ထူးထူးဆန်းဆန်းမဟုတ်ပါဘူး ။ ဟင်းအနှစ်နည်းရင် အခြောက်ချက်ပေါ့။Garnish အနေနဲ့ coriander, tomato , lemon စတာတွေ တင်ပေးနိုင်ပါတယ်။

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။