Friday, February 10, 2012

စားတတ်လျှင် ကောင်းကျိုးများသည့် အမျှင်ဓာတ်ပါ စားစရာ

ညနေခင်းဖြစ်၍ ရွှေဘုံသာလမ်း တစ်လျှောက်လူစည်ကားနေ၏။ အနော်ရထာလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်ရှိ မီးပွိုင့်နှင့် များစွာ မဝေး ကွာလှသော အရပ်တွင် ညောင်ရမ်း ဆေးတိုက်တည်ရှိ၏။ ကဗျာဆရာ မောင်တိုင်ပြာသည် ဓာတ်ခွဲခန်းမှူးဦးဥာဏ်အုန်းနှင့် တွေ့ ဆုံရန်ထိုဆေးတိုက်အတွင်းသို့ ဝင် သွား၏။ ပေတစ်ရာပတ်လည်ကျယ်ဝန်းသော ဓာတ်ခွဲခန်းသည် လေအေးစက် အရှိန်ကြောင့် အေးမြနေ၏။ ဓာတ်ခွဲ ခန်းမှူးဦးဥာဏ်အုန်းက မောင်တိုင်ပြာ အားဆီးကြိုနှုတ်ဆက်လိုက်၏။ ''မင်္ဂလာပါ ကိုတိုင်ပြာ။ ဘယ်ကလှည့်လာသလဲ။ ထိုင်ပါဗျ'' ''ဦးဥာဏ်အုန်းဆီ တကူးတကလာတာ။ မောင်ဒေါန ဘယ်လိုနေလဲ'' ''မောင်ဒေါန သတင်းလာမေးတာကိုး။ မောင်ဒေါန အခြေအနေ မကောင်းဘူး။ သူက အူမကြီး ကင်ဆာဖြစ်နေတာ။ ရောဂါကျွမ်းနေပြီ'' ''ဟာ-ဟုတ်လား။ သနားစရာဗျာ။ တစ်လောကလဲ အယ်ဒီတာ တစ်ယောက် အူမကြီး ကင်ဆာဖြစ် တယ်လို့ကြားတယ်။ ဒီရောဂါက ဖြစ်တဲ့ဦးရေ များသားပဲနော်'' ''ဟုတ်တယ်ဗျ။ များတယ်။ အဆုတ်ကင်ဆာပြီးရင် ဒုတိယအများဆုံးပဲ'' ''ကြိုတင်ကာကွယ်ဖို့ နည်းလမ်းလေးဘာလေး မရှိဘူးလား'' ''အမျှင်ပါတဲ့ အစားအစာတွေ စားပေးရင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ လျော့သွားနိုင်တယ်လို့ သုတေသန အရ သိရတယ်။ ရာနှုန်းပြည့်မကာ ကွယ်ပေမယ့် ဖြစ်ဖို့အလားအလာ တော့ နည်းသွားတယ်'' ''ဟာ- ဟုတ်လား။ အသေး စိတ်ပြောပြပါဦးဗျာ'' ''ဒီလိုဗျ။ British Medical Journal ဆိုတဲ့ နာမည်ကြီးဆေး ပညာဂျာနယ်မှာ ဒီသုတေသန အကြောင်းပါလာတယ်ဗျ။ Imperial College London က သုတေသီတွေ ရဲ့ အဆိုအရ တစ်နေ့ကို အမျှင်ပါတဲ့ အစားအစာ ဆယ်ဂရမ်စားတိုင်း စားတိုင်း အူမကြီးကင်ဆာဖြစ်နိုင်ခြေ က ၁ဝ ရာခိုင်နှုန်း လျော့ကျသွား တယ်တဲ့။ အဲသလို ပြောထားတယ်'' ''ဟုတ်ကဲ့ဆရာ'' ''ဒီသုတေသီတွေက အရင်က လုပ်ခဲ့တဲ့ သုတေသန ၂၅ ခုကိုပြန် ပြီးလေ့လာစိစစ်ခဲ့တယ်။ လေ့လာ လိုက်တော့ အသီးအနှံနဲ့ ဟင်းသီး ဟင်းရွက်ကရတဲ့ အမျှင်က သိပ် မကောင်းဘူး။ ကာကွယ်ရာမှာ မထိ ရောက်ဘူး။ Cereal Fibre နဲ့ Whole Grain ကရတဲ့ အမျှင်ကမှ ပိုပြီး ထိ ရောက်တယ်တဲ့ဗျ'' ''ဒီလို အမျှင်မျိုးရအောင် ဘာစားရမလဲဗျ'' ''ပေါင်မုန့်ညိုရယ်၊ ဆန်လုံး ညို ရယ်၊ ကောက်နှံကရတဲ့ အစားအစာ ရယ်၊ ကွေကာအုတ်ရယ်၊ အဲဒါတွေ စားရမယ်။ ခုခေတ် အစားအစာက ပြုပြင်ထားတာတွေ များတယ်။ အမျှင်ပါတာက မပြုပြင်ဘဲ စီစဉ်တဲ့ အစားအစာမှာပိုပါတယ်။ ဥပမာ- Whole Grain Bread ပေါ့ဗျာ။ လွယ် လွယ်ပြောရရင် ပေါင်မုန့်ကြမ်းပေါ့။ ဂျုံကြမ်းနဲ့ လုပ်တာပေါ့ဗျာ။ ခု ခေတ် ပေါင်မုန့်တွေက ဂျုံအနုစားနဲ့ လုပ်ထား တော့ အမျှင်ပါနှုန်း နည်းနေတယ် ဗျ'' ''ဟုတ်ကဲ့ဆရာ'' ''Imperial College မှာ Department of Epidemiology and Biostatistics ဆိုတဲ့ ဌာနရှိတယ်။ အဲဒီ ဌာနက ပါရဂူ Dagfinn Aune က ပြောတယ်။ သူက ခု သုတေသန မှာ ခေါင်းဆောင်တစ်ဦးဆိုပါတော့။ သူတို့တွေ့တာက အစားအစာမှာ အမျှင်ပါနှုန်းနဲ့ အူမကြီး ကင်ဆာ ဖြစ် နှုန်းက ဆက်စပ်မှုရှိတယ်တဲ့ဗျ'' ''အမျှင်ပါလေလေ ကင်ဆာ ဖြစ်နှုန်းနည်းလေလေလို့ ဆိုလိုတာ မဟုတ်လား'' ''ကိုတိုင်ပြာပြောတာ မှန်တယ်။ အဲဒီအတိုင်းပါပဲ'' ''စာရင်းဇယားနဲ့ ပြောပြပါဦး ဗျာ'' ''တစ်နေ့ကို Whole Grain ကို ဆယ်ဂရမ်စားပေးရင် ကင်ဆာ ဖြစ် နိုင်ခြေက ၂ဝ ရာခိုင်နှုန်းလျော့နည်း သွားတယ်လို့ ဆိုတယ်ဗျ'' ''သူတို့ဆီမှာရော အူမကြီး ကင်ဆာအဖြစ်များလား'' ''များတယ်ဗျ။ Cancer Research UK ဆိုတဲ့ အသင်းကြီးရဲ့ တွေ့ရှိချက်အရ ဘဝတစ်သက်တာ လုံးမှာ ကင်ဆာဖြစ်နိုင်ခြေက ယောက်ျားဆိုရင် ၆.၉ ရာခိုင်နှုန်း၊ မိန်းမဆိုရင် ၅.၄ ရာခိုင်နှုန်းရှိတယ်။ တစ်နည်းပြောရရင် ယောက်ျား ၁၄ ယောက်မှာ တစ်ယောက်၊ မိန်းမ ၁၉ ယောက်မှာ တစ်ယောက် ဖြစ်နိုင်ခြေ တွေရှိနေတယ်'' ''ဟာ- များသားပဲဗျ'' ''အမျှင်ပါတဲ့ အစားအစာက တခြား ကောင်းကျိုးတွေရှိသေးတယ် ဗျ။ ကင်ဆာဖြစ်နိုင်ခြေနည်းတာ တစ်ခုတည်း မဟုတ်သေးဘူး'' ''တခြားကောင်းကျိုးဆိုတာ က ဘာတွေလဲဆရာ'' ''နှလုံးရောဂါ၊ အမှတ် ၂ အမျိုး အစား ဆီးချို၊ သွေးချိုရောဂါ၊ အဝ လွန်ရောဂါစတဲ့ ရောဂါတွေ ဖြစ်နိုင် ခြေလဲ နည်းစေတယ်။ ရောဂါတွေ ဖြစ်နှုန်းနည်းတော့ သေဆုံးနှုန်းလဲ နည်းသွားတာပေါ့ဗျာ'' ''ဟုတ်ကဲ့ဆရာ'' ''သူတို့ဆီမှာကင်ဆာတိုက် ဖျက်ရေး စေတနာ့ဝန်ထမ်း အသင်း တွေရှိတယ်။ ဥပမာတစ်ခုပြောရရင် Beating Bowel Cancer ပေါ့ဗျာ။ အဲဒီ အသင်းကြီးက အမှုဆောင်အရာရှိချုပ် ဖြစ်တဲ့ Mark Flannagan က ပြော တဲ့ ခုသုတေသနရဲ့ တွေ့ရှိချက်ဟာ အသင်းကြီးက ပြည်သူတွေကို ပေး တဲ့ လမ်းညွှန်ချက် အတိုင်းပါပဲတဲ့။ သဘောက လမ်းညွှန်ချက်တွေကို သုတေသနက ထပ်ဆင့်ထောက်ခံခဲ့ တဲ့သဘောပေါ့ဗျာ။ အသင်းကြီးက အမျှင်ပါတဲ့ အစားအစာတွေ များများ စားဖို့ လမ်းညွှန်ထားတယ်ဗျ'' ''စားရမှာပေါ့ဆရာ'' ''တစ်ခုတော့ရှိတယ်ဗျ။ နောက် ထပ်သုတေသနတွေတော့ လိုသေး တယ်'' ''ဘာအတွက်လဲဆရာ'' ''အမျှင်အမျိုးအစားပေါ့ဗျာ။ ခု ထက်ပိုပြီး အမျှင်အမျိုးအစား အကြောင်း တိတိကျကျ သိဖို့လိုသေး တယ်။ အမျှင်ဆိုတာကလဲ အမျိုးမျိုး ရှိနေတာကိုး။ ပြီးတော့စားရမယ့် ပမာဏပေါ့ဗျာ။ ဒါကိုလဲ ပိုပြီး တိတိ ကျကျ သိချင်သေးတာဗျ'' ''ဟုတ်တာပေါ့ဆရာ။ တစ်နေ့ ကို တစ်ပိဿာစားရမှာလား။ နှစ် ပိဿာစားရမှာလား။ ဒါကိုလဲ တိတိ ကျကျ သိသင့်တယ်ဆရာ'' ''ဒါပေါ့ဗျာ။ ဒါတွေကို သိဖို့ နောက်ထပ်သုတေသနတွေ ထပ်လုပ် ကြရဦးမှာဗျ'' ''လုပ်သင့်တာပေါ့ဆရာရယ်'' ''ယူကေမှာက အူမကြီး ကင် ဆာဟာ ဒုတိယ အဖြစ်အများဆုံး ကင်ဆာပဲ။ စာထဲမှာတော့ Second Biggest Cancer Killer လို့ ဖော်ပြ ထားတယ်။ အူမကြီးကင်ဆာထက် များတာဆိုလို့ အဆုတ်ကင်ဆာ တစ် မျိုးပဲရှိတယ်'' ''ဒါဆိုအူမကြီးကင်ဆာက အတော်ဆိုးတာပဲ'' ''ဆိုးတာပေါ့ဗျာ။ ဒါပေမယ့် အစားအစာစားတဲ့နေရာမှာ ပြုပြင် လိုက်ရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေ လျော့ ကျသွားတယ်ဆိုတာ အားရစရာ ပဲဗျ။ ဘာကြောင့်လဲဆိုတော့ ဒါက လူတိုင်း လိုက်နာနိုင်တယ်လေ။ သိပ်ပြီး ခက်ခက်ခဲခဲ လုပ်ရတာမဟုတ်ဘူး လေ'' ''ကျွန်တော်တို့လဲ လိုက်နာ နိုင် တာပဲ။ ဆန်လုံးညိုစားရင် အမျှင်ရ တာပဲ'' ''ဒါပေါ့ဗျာ။ ဆန်လုံးညိုက ကျန်းမာရေးနဲ့ ညီညွတ်တယ်။ Cancer Research UK က Senior Health Information Officer ဖြစ်တဲ့ Yika Ebu ကလဲ ပြောတယ်။ သူက ဝါရင့်ကျန်းမာရေးပညာပေးလုပ်ငန်း ဆိုင်ရာအရာရှိဆိုပါတော့ဗျာ။ ခု သုတေသနက ကင်ဆာဖြစ်နိုင်ခြေ လျှော့ချရေးအတွက် အထောက် အကူပြုပါတယ်တဲ့။ အမျှင်တွေထဲ မှာ Cereal နဲ့ Whole Grains က ရတဲ့ အမျှင်တွေက ပိုပြီးအာနိသင် ရှိပါတယ်တဲ့။ ကင်ဆာဖြစ်နိုင်ခြေ လျှော့ချရေးမှာ ပါဝင်တဲ့ နည်းတစ် နည်းဖြစ်ပါတယ်တဲ့'' ''နည်းတစ်နည်းဆိုတော့ တခြား နည်းတွေရှိသေးလားဗျ'' ''ရှိသေးတယ်ဗျ။ အမျှင်ပါတဲ့ အစားအစာ စားတာက တစ်နည်း ပဲရှိသေးတယ်။ ကျန်တဲ့နည်းတွေရှိ သေးတယ်။ အဲဒါတွေက သင့်တင့် မျှတတဲ့ကိုယ်အလေးချိန်ရှိရမယ်။ အဝမလွန်စေရဘူး။ ကိုယ်လက်လှုပ် ရှားမှု လေ့ကျင့်ခန်းမှန်မှန် လုပ်ရမယ်။ အရက်သေစာ မသောက်ရဘူး။ နီ တဲ့ အသားတွေ လျှော့စားရမယ်။ ပြု ပြင်ထားတဲ့ အစားတွေ လျှော့စား ရမယ်။ စည်သွပ်ဘူးလိုဟာမျိုးပေါ့ ဗျာ။ ပြီးတော့ ဆေးလိပ်မသောက် ရဘူး'' ''ဒါတွေက ကင်ဆာကာကွယ် ရေးနည်းလမ်းတွေပေါ့နော်'' ''ဟုတ်တယ်ဗျ။ ရာနှုန်းပြည့် မကာကွယ်နိုင်ပေမယ့် ဖြစ်နိုင်ခြေကို လျော့စေတယ်။ ဖြစ်ဖို့အလားအလာ နည်းစေတယ်။ မလိုက်နာတဲ့ လူနဲ့ နှိုင်းယှဉ်ရင် ကာကွယ်မှု တစ်စုံတစ် ခုတော့ ရစေတယ်ဗျ'' ''ဘာပဲဖြစ်ဖြစ် လိုက်နာသင့် တာပေါ့ဆရာ'' ''ဒါပေါ့ဗျာ။ မောင်ဒေါနလို အဖြစ်မျိုးနဲ့ ကြုံရဖို့ ဖြစ်နိုင်ခြေ နည်း သွားတာပေါ့'' ''သူတို့ဆီမှာရော ဒါတွေ လူသိ အောင်လုပ်သလား'' ''လုပ်တယ်ဗျ။ Danish Cancer Society က ပါရဂူ Professor Anne Tjoneland က ပြောတယ်။ အမျှင်ကောင်းကြောင်း ပြည်သူတွေ သိအောင် လုပ်ရမယ်တဲ့။ အနောက် နိုင်ငံတွေမှာ ဒါကို ပညာပေး သင့်ပါ တယ်တဲ့။ ပြီးတော့ အမျှင်ပါတဲ့ အစားအစာတွေ အလွယ်တကူရ အောင်လဲ လုပ်ပေးပါတဲ့။ ပြီးတော့ အစားအစာတွေမှာ အချက်အလက် စုံစုံလင်လင်ဖော်ပြပါစေတဲ့။ ဖတ်ရ လွယ်တဲ့အညွှန်းတွေ ထည့်ပေးဖို့ပေါ့ ဗျာ။ ဒါမှလဲစားသုံးသူက ဘယ်ဟာ က အမျှင်ပိုပါတယ်။ ဘယ်ဟာက ဖြင့်စားသင့်တယ်ဆိုတာသိမှာတဲ့ဗျ'' ''ဟုတ်တယ်ဆရာ။ လမ်းညွှန် ချက်ပါမှလဲ စားသုံးသူက သိမှာပေါ့'' ''လမ်းညွှန်ချက်ပါသင့်တာ ပေါ့ဗျာ။ မပါရင် ရမ်းသမ်းစားနေရ လိမ့်မယ်'' ''ကျွန်တော်တော့ ဆန်လုံးညို ဝယ်ထားဦးမယ်ဆရာ'' စားခါစတော့ ကြိုက်ချင်မှ ကြိုက်မယ်။ စားရင်း စားရင်း အလေ့ အကျင့်ရသွားလိမ့်မယ်ဗျာ'' ''ကျွန်တော်တို့က ဆန်ဆိုရင် ဖွေးနုနေမှ ကြိုက်တာ။ ဒါပေမယ့် ဒီဆန်မျိုးက အမျှင်ဓာတ်နည်းတယ်။ ဆန်လုံးညိုစားမှ ဖြစ်မှာဆရာ'' ''စားသင့်တာပေါ့ ကိုတိုင်ပြာ ရယ်'' ထိုစဉ်ဒေါက်တာ ခင်ပန်ဆောင်း ရောက်ရှိလာ၏။ ''ဦးÓဏ်အုန်းရေ၊ ဒီဓာတ်ခွဲ ခန်းမှာ စာရေးဆရာမောင်ညိုပြာ ရောက်နေတယ်ဆို'' ''ဒီနေတော့ မလာသေးဘူး။ ဘာကိစ္စအတွက်လဲ'' ''ဦးရွှေနုလမ်းထဲက သူ့ခြံမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ထား တယ်ကြားလို့၊ ကျွန်မက ဆန်လုံးညို ချက်ပြီး ဟင်းသီးဟင်းရွက် တို့စရာနဲ့ စားချင်တာ'' ''ဒေါက်တာက ဟင်းသီးဟင်း ရွက်တောင်းချင်လို့လား'' ''ဟုတ်တယ်၊ ဟုတ်တယ်။ မောင်ညိုပြာက ဒါနပြုနေတယ် ကြားလို့'' ''ခဏစောင့်ပါဒေါက်တာ။ ကျွန်တော်အလုပ်ပြီးလုပြီ။ ပြီးရင် ကိုတိုင်ပြာရယ်၊ ကျွန်တော်ရယ်၊ ဒေါက်တာရယ်၊ ဦးရွှေနုလမ်း သွား ကြမယ်။ ဟင်းသီးဟင်းရွက်သွား တောင်းတာပေါ့။ ဆရာမောင်ညိုပြာ က ဟင်းသီးဟင်းရွက်တင်မကဘူး အသီးအနှံတွေပါ လက်ဆောင်ပေး တတ်တယ်'' ''ဟာ- ဟုတ်လား။ ဟုတ်ပြီ၊ ဟုတ်ပြီ။ ကျွန်မစောင့်နေမယ်'' ကဗျာဆရာ မောင်တိုင်ပြာနှင့် ဒေါက်တာ ခင်ပန်ဆောင်းတို့ အမျှင် ဓာတ်အကြောင်းဆက်လက်ဆွေးနွေး နေကြလေ၏။ အောင်(ဆေး-၁) ရည်ညွှန်းချက်။ ။ BBC News မှ "Fibre and Whole Grains Reduce Bowel Cancer Risk" ဆေးပညာဆောင်းပါးကို မှီငြမ်း ကိုးကားပါသည်။
အောင်(ဆေး ၁)
Ref>> http://www.zaygwet.com/healthy.php?id=123
                   

1 comment:

  1. ဗဟုသုတအများကြီးရပါတယ်...ကျေးဇူးပါ

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။