Thursday, April 12, 2012

နံနက်စာ များကို လေ့လာခြင်း

ကျနော်တို့ မြန်မာကျေးလက်မှာတော့ နံနက်စာ အဖြစ် ထမင်းကြမ်းခဲ၊ ရေနွေး၊ ထန်းလျက် အကြော်တို့ကို စားလေ့ရှိကြပါတယ်။ အချိန်နည်းနည်း ရရင် ထမင်းကြော် အကြော်သုပ် ရေနွေးပေါ့ဗျာ။ နောက် ရှိရင် ရှိသလို ငချိတ်ပေါင်း၊ ကောက်ညင်းပေါင်း၊ ထန်းမင်းအောင်မီး၊ ဘီးမုန့်၊ ကြက်ဥကြော်၊ လက်ဖက်ရည်၊ ကောက်ဖီ၊ မုန့်ပေါင်း၊ မုန့်လင်မယား နောက် အပြင်ထွက်စားနိုင်ရင် အီကြာကွေး၊ ပလာတာ၊ ထပ်တရာ၊ မုန့်တီ၊ ရှမ်း၊ ရေဖျော်၊ မုန့်ဟင်းခါး စတာတွေကို သုံးဆောင်လေ့ရှိပါတယ်။ အနောက်တိုင်းနဲ့  ကျနော်တို့ ရွှေတွေကွာတာက အအေးနဲ့ အသီးအနှံကို မနက်ခင်းမှာ စားလေ့မရှိတာပါပဲ။ 
အရှေ့အလယ်ပိုင်း မနက်စာကို ကြည့်တော့လည်း သိပ်မကွာပါဘူး။ ခေါက်ဆွဲကြော် ထမင်းကြော်၊ ထမင်းဖြူ နဲ့ ဟင်း တမျိုးမျိုးပါလေ့ရှိတာကတော့ အာရှ နဲ့ နီးစပ်လို့မို့နဲ့တူပါတယ်။ ကျန်တာကတော့ ဥရောပ နံနက်စားအတိုင်း Pancake, French toast , waffle, Baked Bean, foul mandan, scramble egg, boiled   egg, Grilled Tomato, Grilled Mushroom, Sausage, Bacon, Hot Cereral, some kind of potato ( wedge potato, hash brown potato, croquette potato etc,,) စတာတွေ ပါဝင်ပါတယ်။ နောက် အသီးအနှံအမျိုးစုံRed apple, Green apple, Kiwi, banana,  Orange, Pine apple,  Water melon, Sweet melon, Rock melon, Fruit salad, Great fruit wedge, Orange wedge, Muesli,green olive, black olive, နောက် အားရှိစေတဲ့ Milk , Cheese , Beef salami, Turkey bacon( ၀တ်သားစားရင် pork salami, pork sausage, pork bacon etc..ထည့်နိုင် ), Mackerel fish, labneh တို့ပါဝင်ပြီး salad section အနေနဲ့ Carrot stick, Cucumber stick, Mix salad, Tomato wedge, Red reddish တို့ကို ထည့်သွင်းထားပါတယ်။ အချိုပွဲအနေနဲ့ Plain croissant, Zatta croissant, Chocolate croissant, some kind of danish pastry, bread roll, French bread, Rye bread, White sliced loaf bread, brown sliced loaf bread တွေနဲ့အတူ Toaster Machine, Coffee Machine, Cool soft drink ( water melon juice, orange juice, apple juice etc..) တွေ ကို buffet မှာထည့်သွင်းပေးထာပါတယ်။ နောက် သူတို့အတူ တွဲစားနိုင်အောင် butter , honey , some kind of jam တွေကိုလည်း ဘေးမှာ ထားပေးထားပါတယ်။ မတွေ့ရင် F & B ၀န်ထမ်းတွေကို မေးနိုင်ပါတယ်။း)
နောက် နံနက်စာ တိုင်းမှာလိုလို live cooking ထည့်သွင်းပေးထားတာပါပဲ။ Egg station, Waffle station တွေကို ဆိုလိုတာပါ။ omelette, fried egg ( sunny side up , over easy, both side) စတာတွေကို မှာယူစားသုံးနိုင်ကြပါတယ်။ 
အန္ဒိယတွေအတွက် တခါတလေ စမူစာတို့၊ ဂျပါတီတို့၊ ထည့်သွင်းပေးလေ့ရှိသလို တရုတ်တွေအတွက် congee လို့ခေါ်တဲ့ ဆန်ပြုတ်တွေကိုလည်း ထည့်သွင်းပေးတတ်ပါတယ်။ ကျနော်တို့ ရွှေတွေအတွက် နောက်ဆို မုန့်ဟင်းခါးတို့ ထည့်နိုင်လောက်ပါတယ်။ 

လိုအပ်တာများရှိရင်လည်း ကွန်မန့်မှာ ၀ိုင်းဖြည့်ရေးပေးသွားကြဖို့ မေတ္တာရပ်ခံပါရစေ။နောက် ဒီဆိုက်က ဟာလေးကိုလည်း ဗဟုသုတအဖြစ် ကူးယူဖော်ပြလိုက်ပါတယ်။


Meaningful Breakfast!


Meaningful Breakfast!
ကျွန်မ ခုနောက်ပိုင်းမှာ အစားအသောက်သိပ်စားလို့ မ၀င်ဘူး။ အစားအသောက် စားမ၀င်ဘူးဆိုတာထက် ဗိုက်မဆာလို့ မစားဖြစ်ဘူးဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်။ ဆာလို့စားလိုက်ပြီဆိုရင်လည်း ကြောင်စာဆိုသလောက်သာ စားဖြစ်တာကများပါတယ်။ အလုပ်များနေတဲ့အခါမျိုးတွေမှာဆို နေ့လည်စာကို သေသေချာချာတောင် မစားဖြစ်တာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဒါကြောင့်လည်း ကျွန်မ ဘယ်တော့မှ မ၀ တာပေါ့ရှင်။ ပိန်တာ ၀တာတွေကို အသာထားပြီး အစားနည်းခြင်းရဲ့ နောက်ဆက်တွဲတွေအနေနဲ့ ကျွန်မ ပင်ပန်းမခံနိုင်တာတွေ၊ ထစ်ခနဲရှိ နေမကောင်းဖြစ်တာတွေ၊ နောက်ဆုံး ကျွန်မ အခုတလော ခဏ ခဏ စိတ်တိုလွယ်တာမျိုးထိတောင် ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့လတုန်းက ကျွန်မရုံးကလည်း ခွင့်ယူထားတဲ့အတွက် အိမ်မှာနေတုန်း အစားလေးတော့ ကောင်းကောင်းစားအုံးမှလို့ စဉ်းစားမိပြီး ခါတိုင်းမစားဖြစ်တဲ့ မနက်စာကိုပါ သေချာလေးကို စားဖြစ်ပါတယ်။ မနက်စာစားရင်းနဲ့ပဲ အိပ်ရာနိုးနိုးချင်းမှာ စားကြတဲ့ မနက်စာရဲ့ အရေးပါပုံတွေကို သိချင်လာတာနဲ့ မွှေနှောက်ရှာဖွေလိုက်တော့ မနက်စာ Breakfast ဆိုတာ လူတိုင်း မရှောင်လွှဲသင့်တဲ့၊ မဖြစ်မနေကို စားသင့်တဲ့ တစ်နေ့တာရဲ့ အရေးအပါဆုံးသော meal တစ်ခုဖြစ်တယ်ဆိုတာ ကျွန်မသိလိုက်ရပါတယ်။
မနက်အိပ်ရာကနိုးတဲ့အချိန်ဟာ ကျွန်မတို့အစာအိမ်ရဲ့ အဆာလောင်ဆုံးသော အချိန်ပဲဖြစ်ပါတယ်။ တစ်ညလုံး အစာခြေဖျက်ထားတဲ့အတွက် မနက်ကိုရောက်လာတဲ့အခါ ဆာလောင်မွတ်သိပ်မှုကို ခံစားရတာဖြစ်ပါတယ်။ ဒါကြောင့် မနက်စာဟာ အရေးပါတယ်လို့ ဆိုချင်ပါတယ်။ မနက်စာကို မစားဖြစ်လိုက်တာတွေ၊ တမင်ရှောင်လိုက်တာတွေဟာ အစာအိမ်ကို တစ်ဖြည်းဖြည်းအားနည်းစေပြီး အစာခြေဖျက်မှုစနစ်ကြီး တစ်ခုလုံးကလည်း အားနည်လာပါလိမ့်မယ်ရှင်။
နည်းနည်းပဲစားစား၊ များများပဲစားစား မနက်စာအဖြစ် တစ်ခုခုကိုတော့ စားသင့်ပါတယ်။ မနက်စာဟာ စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက် အရေးပါတဲ့ အစားတစ်နပ်ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ တွေ့ရှိရတာကတော့ မနက်စာစားခြင်းကြောင့် စိတ်စွမ်းအင်ကိုမြင့်မားစေပြီး မှတ်ဥာဏ်လည်းကောင်းလာမှာ ဖြစ်သလို၊ အာရုံစူးစိုက်မှုလည်း အားကောင်းလာမှာဖြစ်ပါတယ်။ အထူးသဖြင့်တော့ မနက်စာမစားတဲ့ ကလေးတွေဟာ ကျောင်းမှာစာမလိုက်နိုင်တာမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လူကြီးတွေမှာလည်း အတူတူပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ ဦးနှောက်ကို တစ်နေ့တာလုံး ရာနှုန်းပြည့် စွမ်းအားပြည့်ပြည့်အလုပ်လုပ်နိုင်စေဖို့အတွက် အဟာရရှိတဲ့ မနက်စာဟာ တစ်ကယ်ကို အရေးပါလှပါတယ်။
ကျွန်မ မနက်စာမစားဖြစ်တာရဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ အိပ်ရာထ အမြဲနောက်ကျပြီး ရုံးသွားဖို့ကို အမြဲတမ်း ကမန်းကတမ်းပြင်ဆင်ရတာကြောင့် မနက်စာစားချိန် မရတာပဲဖြစ်ပါတယ်။ တစ်ချို့တွေကလည်း အလုပ်အရမ်းများတဲ့အတွက် မနက်စာ မစားဖြစ်တာမျိုးတွေရှိပါတယ်။ အလုပ်များတဲ့သူတွေအတွက် မနက်စာစားဖြစ်စေမယ့် နည်းလမ်းလေးတွေလည်း ရှိပါတယ်။ ကျွန်မဆိုလည်း အခုဒီအတိုင်းကို လိုက်နာနေပါပြီ။
မနက်စောစောမှာ သစ်သီးစားတာမျိုးပဲဖြစ်ဖြစ် ၊ ရယ်ဒီမိတ်ဖျော်ရည်လေးတစ်ခု သောက်လိုက်တာမျိုးပဲ ဖြစ်ဖြစ်ပြုလိုက်နိုင်ပါတယ်။ ဒါဟာ အချိန်လည်း မကုန်တဲ့အပြင် ပြင်ဆင်ဖို့ ကရိကထ မများတဲ့ နည်းလမ်းလေး ဖြစ်ပါတယ်ရှင်။
ဒီထက်ကောင်းတာတစ်ခုကတော့ စောစောအိပ်ရာဝင်ပြီး မနက်စောစောထ အဟာရရှိတဲ့ မနက်စာအတွက် ပြင်ဆင်နိုင်ပါသေးတယ်။ တစ်ချို့ ၀ိတ်လျှော့ချင်တဲ့သူတွေ မနက်စာရှောင်တာဟာ မှားယွင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မနက်စာစားခြင်းဟာ အကောင်းဆုံး ၀ိတ်လျှော့နည်းတစ်မျိုး ဖြစ်လို့ပဲ ဖြစ်ပါတယ်။
တစ်ချို့တွေကျပြန်တော့လည်း မနက်စာကို သေသေချာချာကို စားကြပါတယ်။ ဒါပေမယ့် သူတို့စားတဲ့ အစားအသောက်တွေက ဒိုးနတ်တို့လိုမျိုး အရာတွေ၊ အခြား သကြားများများပါတဲ့ အရာမျိုးတွေဖြစ်ပါတယ်။ သကြားဓါတ်များများပါဝင်နေတဲ့ မနက်စာဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ မကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုက နေ့လည်နေ့ခင်းမှာ အိပ်ငိုက်တာတွေ၊ မနက်စောစော မထနိုင်တာတွေဟာ အဟာရမရှိတဲ့ မနက်စာကို စားတာကြောင့် မဟုတ်ရင်လည်း မနက်စာ လုံးလုံး မစားဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မနက်စာစားတဲ့အခါ ရှောင်ရန် ဆောင်ရန်လေးတွေကတော့….
DON’T
အရမ်းချိုတဲ့ အစားအသောက်တွေ စားခြင်းကို မပြုလုပ်သင့်ပါဘူး။ အဲ့ဒီအစားအစာတွေထဲမှာ ခန္ဒာကိုယ်ကို ဘာမှကောင်းကျိုးမပြုတဲ့ ဗလာကယ်လိုရီများသာ ပါဝင်ပါတယ်။ သကြားအများကြီးစားခြင်းကို ကိုယ်အလေးချိန်လည်း တိုးလာစေပြီး ၀လာစေပါတယ်။ မနက် ကိုးနာရီ ဆယ်နာရီ ပတ်ဝန်းကျင်လောက်ကတည်းက မောပန်းတာတွေ စဖြစ်နေပြီဆိုရင် ဒါဟာ သကြားပါတဲ့ အစားအစာတွေကို အများကြီး စားမိထားလို့ပဲ ဖြစ်ပါတယ်။
ဒိုးနတ်တေစားတာကိုလည်း ရှောင်သင့်ပါတယ်။
ကြော်လှော်ထားတဲ့ မနက်စာဟာလည်း မကောင်းလှပါဘူး။ ၀က်ပေါင်ခြောက်ကြော်၊ ကြက်ဥကြော်တွေကို စားတာမျိုးကလည်း ကျန်းမာရေးအတွက် အထောက်အကူမဖြစ်ပါဘူးတဲ့ရှင်။ အဲ့ဒီထဲမှာပါတဲ့ အဆီဓါတ်တွေကို ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကို လေးလံစေမှာ ဖြစ်ပါတယ်။ အဲ့ဒါတွေအစား  အကင်တွေကို စားချင်ရင် စားပေးနိုင်ပါတယ်။
ကော်ဖီများများသောက်ခြင်းကိုလည်း မနက်စောစောမှာ မလုပ်သင့်ပါဘူးတဲ့။ ကော်ဖီက အင်နာဂျီတွေကို မြန်မြန်တက်စေပေမယ့် မနက်စာကို ကော်ဖီချည်းပဲ သောက်တာထက် အစားတစ်ခုခုစားပြီးမှသာ သောက်သုံးသင့်ပါတယ်။
DO
သကြားဓါတ်နည်းနည်း အချိုနည်းနည်းပါတဲ့ အစားအစာတွေကိုသာ စားပါ။ အကောင်းဆုံးသော မနက်စာကတော့ cereal တစ်ပန်ကန်လောက် စားတာမျိုးပေါ့ရှင်။
ကြက်ဥ ဆန်းဒွစ်ခ်ျကို စားသင့်ပါတယ်။ Fast Food ဆိုင်တွေမှာ အလွန်ခေတ်စားပြီး အလွယ်တကူလည်း ၀ယ်လို့ရနိုင်ပါတယ်။ အိမ်မှာလည်း ကိုယ့်ဘာသာကိုယ် လုပ်စားနိုင်ပါသေးတယ်။
ကြက်ဥတွေဟာ မနက်စာအတွက် အကောင်းဆုံး ဖြစ်ပါတယ်တဲ့။ ကြော်စားတာမျိုးထက် ပြုတ်စားတာ ၊ မကျက်တကျက်စားတာမျိုးက အားပြည့်စေပါတယ်။
Pancakes တွေကလည်း ကောင်းတဲ့ အစားအစာ တစ်မျိုးပါပဲ။ ဒါပေမယ့် အရမ်းအများကြီးစားမယ်ဆိုရင်တော့ ကယ်လိုရီတွေ တိုးစေတတ်ပါတယ်။ သကြားတွေ အများကြီးနဲ့ စားတာထက် သစ်သီးတွေနဲ့ စားမယ်ဆိုရင် ပိုသင့်တော်ပါတယ်။
ဖျော်ရည်တွေကလည်း ကောင်းပါတယ်။ ကော်ဖီသောက်တာထက် သစ်သီးဖျော်ရည်တွေကို ပိုသောက်သင့်ပါတယ်။
အသားကင်တွေကိုလည်း စားပေးသင့်ပါတယ်။
သစ်သီးတွေကို စားခြင်းကလည်း အကောင်းဆုံးသော မနက်စာပဲ ဖြစ်ပါတယ်။ ဒီအတိုင်းစားလို့ရသလို တစ်ချို့တွေကိုတော့ သုပ်စားနိုင်ပါသေးတယ်။
ဒါတွေအားလုံးကတော့ လွယ်လည်းလွယ် ကောင်းလည်းကောင်းတဲ့ မနက်စာ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို လုပ်ဖို့အတွက် အချိန်လည်းမစား ကရိကထလည်း မများတဲ့အတွက် မနက်စာကို မှန်မှန်လေးစားသုံးဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။ မနက်စာ မှန်မှန်စားတဲ့ကလေးတွေဟာ ကျောင်းမှာလည်း စာတော် ထက်မြက်ပြီး သူတို့တွေရဲ့ အပြုအမူတွေကလည်း ကောင်းလာပါလိမ့်မယ်။
မနက်စာစားခြင်းရဲ့ ကောင်းကျိုးတွေကို ပညာရှင်တွေက ဘယ်လိုပြောဆိုခဲ့ကြသလဲဆိုရင်….
  • Harvard University/Massachusetts General Hospital ရဲ့ လေ့လာချက်အရ ကျောင်းမှာကျွေးတဲ့ မနက်စာကို မှန်မှန်စားဖြစ်တဲ့ ကျောင်းသားလူငယ်လေးတွေဟာ ဘာသာရပ်တွေမှာ အမှတ်တက်လာတာမျိုးတွေ၊ အပြုအမူတိုးတက်လာတာမျိုးတွေ၊ ကျောင်းပျက်ကွက်မှုနှုန်းကလည်း နည်းလာပြီး စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေလည်း တိုးတက်လာတယ်လို့ ဆိုပါတယ်။ (Pediatrics, January, 1998; Journal of the American Academy of Child and Adolescent Psychiatry, February, 1998)
  • ဘယ်မနက်စာ အမျိုးအစားကိုမဆို စားသုံးခြင်းဟာ ဆာလောင်ခြင်းကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေ၊ နောက်ဆက်တွဲ ပြသနာတွေကို  မဖြစ်ပေါ်စေတော့ပါဘူး (Bonnie Spring, Ph.D. , University of Health Sciences/Chicago Medical School)
  • မနက်စာစားခြင်းဟာ စားပြီး 16 နာရီကြာအောင်ထိ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ညီညွတ်မှုတွေကို ထိမ်းထားပေးပါတယ်။ ဒါကြောင့်  တန်ဘိုးရှိတဲ့ အချိန်တွေကို ရရှိစေဖို့ မနက်စာကို မဖြစ်မနေစားသုံးသင့်ပါတယ်တယ်ရှင်။
  • မနက်စာစားခြင်းက ခန္ဓာကိုယ်အလေးချိန်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ National Weight Control Registry ရဲ့ ခြောက်နှစ်အတွင်းမှာ ပေါင် ၆၀ ခန့်လျော့ကျသွားတဲ့ လူ ၃၀၀၀ အပေါ်မှာ လေ့လာချက်အရ  သူတို့တွေဟာ မနက်စာကို မှန်မှန်စားသုံးကြတဲ့ သူတွေဖြစ်တယ်ဆိုတာ သိရပါတယ်။ မနက်စာကို မှန်မှန်စားသုံးခြင်းဟာ ၀ိတ်လျှော့ချဖို့ 78% လောက်သေချာမှုရှိပါတယ်။

1 comment:

ရေးချင်တာသာ ရေးဗျာ။