Monday, April 16, 2012

pasta များကို လေ့လာခြင်း

ပါစတာ pasta ဆိုတာ paste ပါစတီ ဆိုတဲ့ အီတလီစကားက ဆင်းသက်လာတဲ့ အီတလီ ရိုးရာ အစားအစာ ဖြစ်ပါတယ်။ ပါစတာကို အဓိကအားဖြင့် durum wheat flour ( Semolina ) စမိုလီနာ ဂျုံနဲ့ ရေ ရောပြီး လုပ်ထားတာဖြစ်ပါတယ်။ ကြက်ဥ ကတော့ optional လို့ ပြောရမှာပါ။ ပါစတာ အမျိုးအစားပေါင်း မြောက်မြားစွာရှိတဲ့ အထဲက Spaghetti and Macaroni စပါဂတီနဲ့ မိုက်ခရိုးနီ ပါစတာ တွေ ကလူသိများတယ်။ ပါစတာထုတ်လုပ်သူတွေနဲ့ နေရာ ဒေသ အပေါ်မူတည်ပြီး ပါစတာနာမည်တွေ အမျိုးအစား ကွဲပြား နိုင်ပါတယ်။ ပါစတာ  ပုံသဏ္ဍန်တွေကလည်း ခပ်ဆင်ဆင်ဆိုတော့  နာမည် မှတ်ရခက်ပါတယ်။ ပါစတာ ပုံသဏ္ဍန်တွေဟာ မုန့်တီလို ၊ နန်းရှည်လို ကျနော်တို့ မျက်စိထဲမှာ မြင်နေပေမဲ့ နက်ခ်တိုင် လိုပါစတာ၊ ပိုက်လို ပါစတာ၊ နန်းပြားလို ပါစတာ၊ ခေါင်းလောင်းပုံစံ ပါစတာ၊ လိပ်ခုံးပုံစံပါစတာ၊ ပန်းပွင့်လိပ်ပြာပုံစံ ပါစတာ စသည်ဖြင့် အမျိုးမျိုးတွေ့နိုင်ပါတယ်။ ပါစတာပုံသဏ္ဍန်ကို ကြည့်မယ်ဆိုရင်လည်း အတို နဲ့ အရှည် ၊ အခုံးအခွက် နဲ့ အခေါင်းပေါက် ပုံစံတွေကိုအဓိက ထားတွေ့ရမှာပါ။ နောက် ပါစတာ အသားကို dried pasta နဲ့ fresh pasta လို့ ခွဲထားပါသေးတယ်။ 
ပါစတာတွေရဲ့ ပုံစံပေါ်မူတည်ပြီး ဆောစ့် sause တွေ ပမာဏ အနည်းအများ အကျဲ အပစ် ကစားပေးရင်ပိုကောင်းပါတယ်။ ခပ်ရှည်ရှည်ပါစတာတွေနဲ့ ခပ်ပါးပါးပါစတာတွေကို ( oil, cream, tomato, etc..)  ဆောစ့် သင့်တင့်ရုံထည့်ပြီး ဆောစ့်နဲ့ ပါစတာ တွဲနေအောင် ချက်ပေးရပါမယ် ။ဒါမှ  ခက်ရင်း fork ထဲမှာ ဆောစ့်နဲ့ ပါစတာ တွဲပါပြီး အရသာရှိရှိ လွယ်လွယ်ကူကူ စားလို့ရမှာဖြစ်ပါတယ်။ ခပ်တိုတို နဲ့ အခေါင်းပေါက်ပါတဲ့ ပါစတာတွေကတော့ အသား၊ အသီးအနှံတွေနဲ့တွဲချက်ရင် ပိုလိုက်ဖက်ပါတယ်။ pasta အများစုကတော့ cream sauce, tomato sauce, meat sauce တွေနဲ့ စားကြတာများပါတယ်။ ဘယ်လိုစားချင်တယ် ဆိုတာက ကိုယ့်အခွင့်အရေးဆိုတော့ ကို ကြိုက်သလို မှာယူ  ဒါမှမဟုတ် ကိုယ်တိုင်စိတ်ကြိုက် ချက်ပြုတ်စားသောက်နိုင်ပါတယ်။ 
ဆောစ့် sauce တွေ၊ accompaniments တွဲဖက်ပါဝင်ပစ္စည်းတွေ ဘယ်လောက်ကောင်းကောင်း ပါစတာ က ကွာလတီ quality မကောင်းရင်၊ ပါစတာကို ကောင်းကောင်း မပြုတ်တတ်ရင်  ထွက်လာတဲ့ ပါစတာပွဲက စားလို့ဘယ်လိုမှ ကောင်းမှာ မဟုတ်ပါဘူး။ 
ရေ ၃ လီတာ 3 liters , 1 teaspoon of salt ဆား တစ်ဇွန်း ဟာ ပါစတာ ၂၅၀ ဂရမ် ပါစတာ အတွက်လို့ စံချိန်ပေးထားပါတယ်။ ဆားရေ ပွက်တာနဲ့ ပါစတာ ထည့်ပြီး ပါစတာ ခရင်းနဲ့ မွှေပေးရပါတယ်။ မဟုတ်ရင် ပါစတာတွေ အချင်းချင်း ကက်သွားတတ်၊ လုံးသွားတတ်ပါတယ်။ ပြုတ်ချိန်ကို အညွန်းအတိုင်း လိုက်နာရင် ပိုကောင်းပါတယ်။ဒါပေမဲ့ သူတို့ပေးထားတဲ့ အချိန်ထက် ၁ မိနစ် ၂ မိနစ်လောက် လျှော့ပြီး ပြုတ်ကြည့်တာ ပိုကောင်းတယ်လို့ တွေ့ရပါတယ်။ပြုတ်ချိန်က များသောအားဖြင့် ၁၂ မိနစ်နဲ့ ၈ မိနစ်ကြားမှာ ရှိပါတယ်။  ပါစတာ ချစ်သူတွေကတော့ Al Dente အယ်လ်ဒန်တေး လို့ ခေါ်တဲ့ ပါစတာ ( ကျွန်တော်တို့အတွက် မကျက် သေးတဲ့ )ကို ကြိုက်ကြပါတယ်။ 
အလုပ်များတဲ့ ဟိုတယ်တွေ ၊ စားသောက်ဆိုင်တွေကတော့ ပါစတာကို ကြိုပြုတ်ထားတတ်ပါတယ်။ ပြန်ပြီးတော့ အပူပြန်ပေးမယ်ဆိုရင် လည်း သတိထားရပါတယ်။ ပွက်ပွက်ဆူနေတဲ့ ရေထဲ ပါစတာ ကို ခဏ ဆိုရုံလေး ထည့်ပြီး ချက်နေတဲ့ ဆောစ့်ထဲ လောင်းထည့်တာ ပိုပြီး လွယ်ကူပါတယ်။ 
ပါစတာကြိုက်တတ်တဲ့သူတွေ ဆောင်ထားသင့်တာကတော့
  • dried pasta of various shapes and sizes
  • packages of fresh lasagne sheets, ravioli, gnocchi,etc
  • extra-virgin, virgin and light olive oil
  • red wine, white wine and balsamic vinegar
  • parmesan, pepato and romano cheese
  • bacon, prosciutto and pancetta
  • egg
  • capers, caperberries
  • black and green olives
  • anchovies
  • fresh lemons
  • sun-dried and semi-dried tomatos
  • canned sardines, canned tuna, canned salmon
  • canned tomatoes, canned tomato puree,canned tomato paste
  • good quality bottled tomato pasta sauce
  • canned or bottled artichoke hearts
  • pine nuts, almonds
  • fresh herbs such as oregano, basil, thyme, etc
  • garlic, chillies and onion
  • fresh salad leaves
ဖြစ်ပါတယ်။ အဲ့ဒါတွေ ရှိရင် ပါစတာတစ်ပွဲ အလွယ်တကူ ဖြစ်လာနိုင်ပါတယ်။ ဒါတွေ ရှိရမယ်လို့တော့ ကံသေကံမ မပြောရဲပါဘူး။ 









လူသိများတဲ့ ပါစတာ နာမည်တွေကတော့ 
  1. angel hair ( capelli d'angelo) : small, circular nests of a very fine, delicate pasta.
  2. bow ties( farfalle): also known as butterflies: solid and dense with a frilled edge.
  3. bucatini( tubular spaghetti): long and hollow like a straw, know as perciatelli in Sicily.
  4. curly lasagne( papperdelle or lasangette): long strips of wide, flat pasta with a scalloped edge.
  5. elbow macaroni( chifferi): short, small, curved, hollow shape
  6. fettuccine: ribbon pasta slightly wider than tagliolini and thinner than tagliatelle.
  7. fettuccine, spinach: green component in the classic paglia e fieno, "straw and hay" pasta.
  8. gnocchi: dumplings usually made of potato or semolina: can be boiled , baked or fried
  9. linguine: known as flat spaghetti or little tongues because of its shape
  10. macaroni: generic name for a wide variety of short and thick hollow pasta.
  11. orecchiette ( little ears) : originally a homemade specialty from Puglia, has a soft centre and chewy rim.
  12. penne: italian word for pen: short, straight macaroni cut on the diagonal, either smooth or grooved.Ziti are a fat penne and pennoni are a large variation.
  13. ravioli, agnolotti: small pasta cases enclosing a savoury or sweet filling.
  14. rigatoni: large, wide chewy macaroni, usually ridged on the surface.
  15. risoni: regional name for a rice-shaped pastina( tiny pasta) similar to orzo, stelline and fedelini.
  16. shells, sarge( conchiglie grandi) and small ( conchiglie): named because they look like conch shells: oblong shape pinched at the ends, available in both grooved and smooth varieties and in many sizes.
  17. spaghetti: the shape that comes to mind when pasta is mentioned: "little strands" originally from Naples. Spaghettini is a thin version and vermicelli thinner still.
  18. spirals, large( fusilli ) and small ( fusillini ): corkscrew or spiral-shaped short pasta: a longer variation is called fusilli lunghi: rotini are a wider, shorter, fatter corkscrew.
  19. tagliatelle: a long ribbon pasta about 8mm in width, sometimes sold in nests resembling egg noodles
  20. tortellini: a pasta ripieni ( stuffed pasta) similar to ravioli but made in the shape of a ring or small cap.
ပါစတာဟင်းပွဲတွေကို Ala Carte အာလာကဒ်  အဖြစ်ရောင်းချကြသလို Lunch , dinner တွေမှာ မပါ မဖြစ် ပါရတဲ့ ဟင်းတစ်ပွဲအဖြစ် ဟိုတယ် တော်တော်များများက ထည့်သွင်းတတ်ကြပါတယ်။
Ref :The Australasian  women's weekly

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။