Monday, July 9, 2012

မီးဖို အကြောင်း တစေ့တစောင်း ၁

http://mikerooneystudios.blogspot.com/2011/09/kitchen-full-of-chefs-5x7.html
မီးတောက် မီးလျှံတွေ ၊ ဆီ ပူတွေ ၊ အသားစိမ်း ငါးစိမ်းတွေ ၊ ဒယ်အိုး ပန်းကန် ခွက်သေးကြီးအစုံအလင် ၊ ဓါး ဆိုက် မျိုးဆုံ နဲ့ အရင်းနှိးဆုံးလူသားတွေဟာ မီးဖိုချောင်က ၀န်ထမ်းတွေပါပဲ။ ထမင်းချက် ဟင်းချက်တယ်ဆိုတာ အခြေခံ အကျဆုံး သော လူနေမူ့ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ရုံတင်မကဘူး လူတိုင်း အလွယ်တကူ ချက်နိုင် ပြုတ်နိုင်တဲ့ ပညာတစ်ရပ်လည်းဖြစ်ပါတယ်။
အပူငွေ့တွေ တလောင်လောင်နဲ့ ကြားမှာ ချက် ပြုက် ကြော် လှော် နေရပေမဲ့ ပျော်နေကြတဲ့ စာဖိုမူးတွေရဲ့ ဘ၀ဟာ တကယ် ၀ါသနာမပါရင် စာဖိုးမူးဆိုတဲ့ ဘ၀ကို ပျော်ပိုက်လို့ဘယ်လိုမှရမှာ မဟုတ်ပါဘူး။ နေ့ တဒူဝ ကြော် ဟယ်၊ လှော် ဟယ် ၊ ပြေး ဟယ်၊ လွှား ဟယ်၊ ဓါးတွေကြား၊ အိုးပူ ဆီပူတွေကြားမှ ဘယ်လိုမှ ခံစားလို့ ရမှာ မဟုတ်ပါ။ မီးဖိုချောင်မှာ မလုပ်ခင် သေချာ စဉ်းစားပြီးမှ လေ့လာသင်ယူကြပါ။ နိုမို့ရင် အချိန်ကုန် လူပင်ပန်းတာပဲ အဖက်တင်ပါလိမ့်မယ်။
ဟိုတယ်တိုင်းမှာ
  1. FRONT OFFICE
  2. HOUSE KEEPING
  3. KITCHEN
  4. FOOD AND BEVERAGE  
 ဆိုပြီး မရှိမဖြစ် ဌာန လေးခု ရှိပါတယ်။ ပြီးမှ
  1. SECURITY
  2. ENGINEERING
  3. LAUNDRY ( house keeping နဲ့ ပေါင်းထားရင်လည်း ဖြစ်ပါတယ်။ )
  4. HUMAN RESOURCES  
  5. GARDENING
  6. SALES & MARKETING  
  7. FINANCE 
  8. ROOM SERVICE 
  9. Clinic
စသည်ဖြင့် ဟိုတယ် အကြီအသေး ၊ ကြယ် အနည်းအများပေါ်မူတည်ပြီး ချဲ့သွားပါတယ်။ ဟိုတယ် ၀န်ထမ်းတွေထဲမှာ စာဖိုမူးအလုပ်ဟာ ရှာရအလွယ်ဆုံးလို့ ဆရာသမားတွေ ပြောလေ့ရှိပါတယ်။း) ဘယ် ဌာန က ဘယ် ဌာန ထက် သာတယ် ရယ်လို့ မရှိပါဘူး။ ကျွန်းကိုင်းမှီ ၊ ကိုင်းကျွန်းမှီ နေကြရတာပါ။ ဟိုတယ်ပိုင်ရှင်ပြီးရင် General Manager က အကြီးဆုံး ဆိုပေမဲ့ သူ့လည်းပဲ Board ဘုတ် အဖွဲ့ဝင်လုပ်ထားရပါတယ်။ ဌာနပေါင်းဆုံရဲ့ head တွေ ( ခု department head ထက် အကောင်ကြီးတဲ့ Director ဆိုပြီး ထွက်ပေါ်လာပြန်ပါတယ်။ Board of Director ဆိုပြီး ဖွဲ့ထားတတ်ပါတယ် ) ကို တစ်ပက် ကို တစ်ခါ တွေ့ဆုံပြီး meeting လုပ်ကြလေ့ရှိပါတယ်။
Kitchen Department ဟာ  အစာ ထုတ်လုပ်တဲ့နေရာတစ်ခုဆိုပေမဲ့လည်း live cookin လိုဟာမျိုး ရှိရင် Al Carte , Set Menu ရှိရင် စာဖိုမူးတွေကိုယ်တိုင် ဧည့်သည်ကို ကျွေးမွေးတတ်ကြပါတယ်။ တစ်ချို့ စားသောက်ဆိုင်တွေမှာ waiter / waitress မခန့်ကြတော့ပဲ စာဖိုမူးတွေကိုယ်တိုင် serve လုပ်နေကြတာတွေ့ဖူးမှာပါ။ 

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။