Thursday, July 12, 2012

မီးဖို အကြောင်း တစေ့တစောင်း ၂


ရူပ်ပွနေတဲ့ မီးဖိုချောင်ကို ဘယ်သူမှ ၀င်ချင်မယ် မထင်ပါဘူး။ Duty ကို အကြမ်းအားဖြင့် သုံးပိုင်း ခွဲထားလေ့ရှိပါတယ်။ Management ကလိုမျိုး office hour ပဲမဟုတ်တာကတော့ kitchen ဟာ ဟိုတယ်ရဲ့ လည်ပက်နေတဲ့ အဓီက အစိတ်အပိုင်းဖြစ်တယ်ဆိုတာ ငြင်းမရတဲ့ အချက်ကို ထောက်ပြနေတာပါပဲ။
shift တဆိုင်းနဲ့ တဆိုင်း အပြောင်းအလဲ မလုပ်ခင် ဥပမာ နံနက်သမားက နေ့လယ်သမားကို kitchen ကို မလွှဲခင် စာဖိုဆောင်ဟာ အတတ်နိုင်ဆုံး သန့်ရှင်းနေရပါမယ်။ ဒီနေရာမှာ ကြားဖြတ် hygiene  အကြောင်း ပြောချင်ပါသေးတယ်။ မီးဖိုးကို တစ်ချက်တစ်ချက် ခေါင်းကိုက်စေတဲ့ အရာတွေထဲမှာ ဟိုက်ဂျင်းကလည်း တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ နေ့စွဲ လဲတာ၊ အပူချိန်တိုင်းတာ စတာတွေကို စာဖိုမူးတော်တော်များများ မလုပ်ချင်ကြပါဘူး။ ဟိုက်ဂျင်းအလိုအရ ကျနော်တိုဟာ ဒိန်းဂျားဇုံ Danger zone 41°F - 140°F (5°C - 60°C). မှာ ရှင်သန်နေကြရတာပါ။ bacteria ဘက်တီးရီးယားတော်တော်များများဟာ ဒိန်းဂျားဇုံမှာ နှစ်ဆ တိုးပွားလာပါတယ်။ ဒိန်းဂျားဇုံထဲမှာ ဒါကြောင့် အစားအစာတွေကို ကြာကြာ မထားရပါဘူး။ ဟိုက်ဂျင်းက ခွင့်ပြုထားတာကတော့ အများဆုံး အသားစိမ်းဆိုရင် ၃၀ မီးနစ်ထက် မပိုစေပဲ ၊ ချက်ပြီးသားဆိုရင် ၁၀ မီးနစ်ထက် မပိုစေရပါဘူး။
များသောအားဖြင့် အစားအစာတွေ မှာ expiration date  သက်တန်းကုန်ဆုံးရက် ဆိုတာ ပါ ပါတယ်။ သက်တန်းကုန်ဆုံးသွားပြီဆိုမှတော့ စားလို့မရတော့ဘူးလို့ ကျနော်စိတ်ထဲမှာ ထင်ထားတာပါ။ ဒါပေမဲ့ ဟိုက်ဂျင်းဆရာများက အဲ့ဒါတွေကို သိပ်ပြီး ဂရုမစိုက်ကြသလိုပါပဲ။ cost ထိမ်းတာလည်း ပါမယ် ထင်ပါတယ်။ သက်တန်းကုန်ဆုံးရက်ဟာ ကျနော်တို့ မီးဖိုဆောင် ၀န်ထမ်းတွေရဲ့ လက်ထဲမှာ ရှိပါတယ်။ အနံဆိုးတွေထွက်၊ ရုပ်လုံး လုံးဝ မလှတော့မှ ၀ဲ ပစ်တာမျိုးပါ။ ဒါက ကျနော့ အမြင် အဖြစ် တင်ပြတာပါ။ ဟုတ်ချင်မှလည်း ဟုတ်ပါမယ်။ 
cold kitchen ( ပြင်သစ်လိုတော့ ဂါမန်ဂျာ Gardemanger လို့ခေါ်ပါတယ် )၊ pastry kitchen , bakery kitchen, butchery kitchen, main kitchen, hot kitchen ဆိုပြီး မီးဖိုကို ယေဘုယျ ခွဲထားပါတယ်။ တကယ်လို့ အီတလီ စားသောက်ဆိုင်ရှိရင် အီတလီ စာဖိုဆောင် သက်သက်လုပ်ပေးရပါတယ်။ ပြင်သစ်၊ တရုတ်၊ ဂျာမန် စားသောက်ဆိုင်တွေ ရှိရင်လည်း သူတို့အတွက် kitchen သက်သက် ခွဲပေးထားတာ အကောင်းဆုံးပါ။ 

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။