Croquette potato
အာလူး တို့ အာတာလွတ် တို့ ကိုလူနာမည်တောင် ပေးလေ့ရှိကြတယ်။ သမိန့်ပေါသွပ်မှာ အာတာလွတ်မြို့စားဆိုပြီးပါပေမဲ့ အာလူး မြို့စားဆိုပြီး မပါတာ နာတာပဲ။း)
အာလူးကို ပုံစံ အမျိုးမျိုး လုပ် လူတွေ မျက်စိပသာဒဖြစ်အောင် အရသာရှိအောင် ထုတ်လုပ်တာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဈေးလည်း သက်သာပြီး၊ အာဟာရဓါတ်ကလည်း လူတွေအတွက် သင့်လျော်တဲ့ အာလူး။ အာလူး အာလူး..အာလူးလို အရသာမျိုးကတော့ ရှာမှ ရှားပါလား။ ကြာ်ငြာရတာ လက်တောင် ညောင်းလာပီ။လူသိများတဲ့ အာလူးတွေကတော့ အများကြီးရှိနိုင်ပါတယ်။ လက်လှမ်းမီသလောက် ကော်ပီကူး တင်လိုက်ပါတယ်။
bake potato
ကျနော်တို့ဆီမှာတော့ အလူမီနီယံနဲ့ ထုပ်ပြီးမှ bake တာ။ ပုံကိုရှာတော့ ဒီပုံလေးက လှလို့ ဒီပုံလေးပဲ တင်လိုက်တယ်။ bake potato ကို sour scream နဲ့ တွဲပေးလေ့ရှိတယ်။
duchess potato
mash potato ကနေတဆင့် အများကြီး ခွဲထွက်လာတယ်။ ဒီပုံထဲက အာလူးကိုတော့ ဒူးချက် duchess potato လို့ခေါ်တယ်။ အပေါ်မှာ တင်ထားတဲ့ ရှည်မျောမျော အာလူးကိုလည်း ဒီ mash potato ကနေတဆင့်လုပ်ထားတာပဲ။ croquette potato ခရော့ကက်တီ လို့ခေါ်တယ်။အညာမှာတော့ potato chip, french fries potato စတာတွေကို လမ်းဘေးမှာ လွယ်လွယ်ကူကူ ၀ယ်ယူနိုင်ပါတယ်။ potato ကို ဟင်းပွဲများစွာ အဖြစ် ထုတ်လုပ်နိုင်ပါတယ်။ အာလူးကို ကြက်သွန်ဖြူရောလိုက်ရင် garlic potato ဖြစ်သွားပြီး herb တစ်မျိုးမျိုးရောလိုက်ရင် ဥပမာ thyme ရောလိုက်ရင် သိုင်းမ် ပိုတတ်တိုး ဖြစ်သွားပါတယ်။ sauteed potato, roast potato,fry potato, hash brown potato, lyonnaise potato, resole potato,grain dauphinois potato, boulangere potato, saffron potato, parsley, noisettes potato, rissole potato, cajun potato, savory potato စတဲ့ နာမည်တွေမြောက်များစွာနဲ့ အာလူးတွေကို ရောင်းချကြပါတယ်။ အာလူးဟင်းပွဲအမျိုးအစာပေါင်း ၁၀၀ ကျော်ရှိတယ်လို့ ဆရာသမားများထံမှ သိရပါတယ်။ အာလူးနာမည်နဲ့ ဓါတ်ပုံ တွဲတင်ပေးချင်ပေမဲ့ ကွန်က နည်းနည်း စုတ် နေလို့ ရယ် အိပ်ချိန်မမှန်တာရယ်ကြောင့် မတင်ဖြစ်လိုက်ပါဘူး။း(
အာလူး ဆိုတာ potato မှန်း နီပေါ တွေသိကြတယ်။ သူတို့ဆီမှာလည်း အာလူးပဲတဲ့လေ။ potato ဆိုတဲ့စကားဟာ patata ဆိုတဲ့ စပိန် စကားကနေဆင်းသက်လာတယ်လို့လည်း ဗဟုသုတအဖြစ် ၀ီကီက ဖော်ပြပေးထားပါတယ်။
ကိုယ်သိထားတဲ့ အာလူးနာမည်များရှိရင်းလည်း ပြန်ရှယ်ဖို့ တောင်းဆိုပါရစေ။
No comments:
Post a Comment
ရေးချင်တာသာ ရေးဗျာ။