Tuesday, November 24, 2009

five mother sauce ကို definition အဓိပါယ်ဖွင့်ဆိုခြင်း ၁


bechamel sauce
white sauce လို့လူသိများတယ်။ ပြင်သစ် ကfrench cuisine ဖြစ်ပါတယ်။ white roux, bay leave, onion, milk, butter, pepper, nutmeg, clove and salt တွေပါဝင်ပါတယ်။ http://mykitchenmylife.blogspot.com/2009/10/sauce.html မှာ ပြန်ပြီးလေ့လာနိုင်ပါတယ်။
ပထမဆုံး roux လုပ်ထားရပါမယ်။ milk 1litter ကိုအရင် ဆူအောင်တည် ထားပါ။ onion,clove,bayleave တွေပါ ရောပြီး ထည့်ထားရင် ပိုကောင်းမယ်။ နောက်တဆင့်က pan ပေါ်မှာ butter( 100 g) ထည့်ပြီး whisking မွှေပေးနေပါ။ butter အားလုံး အမြုပ် fome တွေဖြစ်သွားပြီဆိုရင် flour ဂျုံ 100 g ထပ်ထည့်ပါ။ whisking လုပ်တာကို flour နဲ့ butter ကောင်းကောင်း ရောမသွားမခြင်း မရပ်ပါနဲ့။ အဲဒီအချိန်မှာ milk က ပွတ်ခါနီးနေလောက်ပါပြီ။ ပွတ်ပြီဆိုရင် roux ထည့် ၊ nutmeg, salt n pepper ထည့်ပြီး whisking လုပ်ပေရော။ စိတ်ကြိုက်ရပြီဆိုရင် stainer စကာနဲ့ စစ်ယူပေါ့။ အပြစ် အကျဲကတော့ ကိုယ့်ပေါ်မှာ မူတည်တယ်ပေါ့ဗျာ။ ကျဲ ( thin sauce ) ချင်ရင် roux လျှော့ထည့်။ 1 tablespoon of butter and flour per 1 cup of milk လို့ think sauce အတွက် မှတ်ထားပေးပါ။ medium sauce အတွက် 2tablespoons each butter and flour, thick sauce ဖြစ်ချင်ရင်တော့ 3 tablespoons each ပေါ့ဗျာ။
tip: မီးကိုတော့ ကစားရမယ်နော်။ အရေးအကြီးဆုံးက မီးကစားတတ်ဖို့ပဲ။

ဆက်ရန်...

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။