Sunday, March 14, 2010

menu များ အားဆန်းစစ်ခြင်း

menu ဆိုတဲ့ စကားဟာ french ပြင်သစ် စကားဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။ အစားအသောက်တွေ စာရင်းပြုစုပြီး ရေးထားတဲ့ စာရွက်ကို menu မီနူးလို့ခေါ်ပါတယ်။ အဓိက ကတော့ a la carte menu , set menu , buffet menu ( breakfast menu , launch menu , dinner menu ရယ်လို့ ခွဲထားပါတယ်။ breakfast နဲ့ launch ကြားထဲမှာ brunch ဆိုတာ ရှိသေးတယ်။ breakfast နဲ့ launch တို့ကို ပေါင်းထားတာပါ။)  တို့ ဖြစ်ပါတယ်။ သူ့ထဲမှာ starter or appetizer , main course , dessert  ရယ်လို့ထပ်ခွဲထားပါသေးတယ်။
ပထမဆုံး စ စားရ ၊ မှာရ တဲ့ starter or appetizer ဆိုတာက ခံတွင်းဖွင့် အစား ၊ main course မစားခင် စားရတဲ့ မှာရတဲ့ ( ဥပမာ snack or soup or salad တမျိုးမျိုးပေါ့ ) အစားအသောက် တမျိုးဖြစ်ပါတယ်။ soup of the day , calamari , garlic bread ,fried mozzarella stick , caesar salad စသည်ဖြင့် တခုခု ဖြစ်နိုင်ပါတယ်။ တမျိုးပြောရရင် ဧည့်သည်  ဆိုင်ကို ရောက်ရောက်ချင်း စောင့်တယ်လို့ မထင်ရအောင် ဗိုက် အဆာပြေ သဘောမျိုး အနေနဲ့လည်း ပေးထားတာပါ။ ဒါကြောင့် food or fruit  မဟုတ်ပဲ soft drink တွေလည်း ဖြစ်နိုင်ပါတယ်။ starter စားပြီး ရင် main course စ စားပါတယ်။ ကြားထဲမှာ မိနစ် ၃၀ လောက်တော့ ကြာတတ်ပါတယ်။
main course ဆိုတာက ထမင်း ဟုတ်ချင်မှ ဟုတ်မယ်။ pizza တို့ pasta တို့ လည်း ဖြစ်နိုင်တာပဲ။အသား နဲ့ ငါး ကို အဓိက ထားပြီး စားကြ ၊ ရောင်းကြတာ များတယ်။ သက်သက်လွတ်စားတဲ့ သူက အသီအရွက် စားပေါ့။ မိန်းကို့စ် စား ပြီး သွားရင်တော့ ဗိုက်က နည်းနည်း ကားနေပြီး ။း) နောက် ဆုံး အချိုတည်းမယ်။ကျွန်တော်တို့ မြန်မာတွေ ဆိုရင်တော့ ထန်းညက်တို့ ၊ ငှက်ပျောသီးတို့ ၊ လက်ဖက်သုပ်တို့ ပေါ့။ ( စားချင်တာ ပြောတာပါ အဟဲ ) အနောက်တိုင်း ကတော့ ကိတ်လေးတွေ ၊ ရေခဲမုန့်လေးတွေ ၊ အသီး ၊ အရွက် သုပ်လေးတွေ အစာပိတ် အနေနဲ့စားကြတယ်ဗျာ။
a la carte menu ဆိုတာက စားသောက်ဆိုင်တွေ ဟော်တယ်တွေမှာ ရောင်းနေကျ ဟင်းပွဲတွေကို စာရင်းပြုထားတဲ့ အစားအသောက် စာရင်းဖြစ်တယ်။ သူ့က ဈေးသက်မှတ် ဖော်ပြထားပြီး ၊သူ့ထဲက စိတ်ကြိုက် ဟင်းပွဲတွေကို မှာလို့ ရတယ်။ ပြင်သစ် စကား ပါပဲ။
set menu ဆိုတာက သူ့စာရင်းထဲမှာ ဖော်ပြထားတဲ့ ဟင်း ပွဲတွေ ပဲ ရမယ်။ အပိုအလို ဘာမှ မရဘူး။ set menu ထဲမှာ မပါတာ မရဘူး ဆိုတဲ့သဘောပဲ။ အမြဲတမ်း ရနိုင်တဲ့ ဟင်းပွဲ မဟုတ်ပါဘူး။ special menu ပေါ့။ တစ်လ ကို special menu တခါ အနည်းဆုံး ထွက်လေ့ ရှိပါတယ်။ ဥပမာ chicken promotion , fish promotion , beef promotion တို့လို ပုံစံလေးတွေပေါ့။
buffet menu ဆိုတာတော့ ရှင်းပါတယ်။ ဘူဖေး ထဲမှာ ပါတဲ့ ဟင်းပွဲတွေ ၊ အချိုပွဲတွေ ၊ အသုပ်တွေကို ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက် ထည့် ယူ ခူး ခပ် စား ရတာက  သူ့ ရဲ့ ထူးခြာချက် ပါ။တပွဲချင်းစီကို ပိုက်ဆံ လိုက်ပေးစရာ မလိုပါဘူး။ အားလုံးစားနိုင်ရင် စားသွားနိုင်ပါတယ်။း) သူ့ထဲမှာ မှ breakfast , brunch , lunch , dinner ဆိုပြီး menus တွေ ထပ်ခွဲလာပါတယ်။ ပုံစံတွေက တော့အတူတူပါပဲ။ ခံတွင်းဖွင့် အစား အစာ ၊ မိန်းကို့စ် ၊ ခံတွင်းပိတ် အစားအစာ လို့ပဲ မီနူးတိုင်းမှာ ပါ ပါတယ်။

1 comment:

  1. လက်ဖက်သုပ်ကို ကြက်သွန်ဖြူလေး ကိုက် ရေနွေးကြမ်းလေးနဲ့ လက်ဖက်ထဲမှာ ပုဇွန်ခြောက်အကောင်လိုက်ထည့် အဟီးးးးး ရှလွတ် ပလပ် ဂလု ပြောရင်း သွားရည်တောင် ကျတယ် ဗျိုးးးး အယ် မေ့လို့ အကြော်ဆံက နှစ်ပြန်ကြော်နော် ဟဲဟဲ

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။