Thursday, September 9, 2010

ကြက်ဥ ကြော်မယ်ဗျာ


ဗွီဒီယို ရိုက်ပေးတဲ့ ယောက်ဖလေး ၀တ်မ ကို အရင် ကျေးဇူးစကားပြောချင်ပါတယ်။း) ကြက်ဥ သုံးလုံးကို ခေါက်ထားပါ။ ပန်ကို ပူအောင် ၃ မီနစ်ခန့် မီးဖိုပေါ်ထားပေးပါ။ နောက် ဆီ နည်းနည်း ထည့် ပြီး မွှေထားသော ကြက်ကို ထည့်ပါ။ ကြက်ဥ မထည့်မှီ စိတ်ကြိုက် အသီးအရွက် များ သေးသေး လှီးပြီးထည့်နိုင်သည်။ ကြက်ဥ ကို အဆက်မပြက် မွှေပေးပါ။ အနည်းငယ် ပစ်လာလျှင် မီးကို လျှော့ပေးပါ။ နောက် ကြက်ဥကို စိတ်ကြိုက် ခေါက် နိုင်အောင် လုပ်ပါ။ cheese ထည့်ချင်လျှင် မခေါက် ခင် ထည့်ပါ။
စိတ်ကြိုက်ခေါက်ပြီးလျှင် ဆီအနည်းငယ် ထပ်ထည့်ပေးပါ။ အထပ်အောက် လှန်၍ စိတ်ကြိုက် ကြော်ပြီးလျှင် စားဖို့ အဆင်သင့် ဖြစ်ပါပြီ။ နားနည်းနည်း ညည်းစေတာကို တော့ ခွင့်လွတ်ဗျ. edit လည်း အလုပ်ချင်တာနဲ့ ဒီအတိုင်းပဲ တင်လိုက်တယ်။ ကျွန်တော်ကလည်း ယောက်မကို တော်တော် ခေါက်တာပဲ။း)

2 comments:

  1. နိုင်ငံခြားရောက် မြန်မာတို့ရဲ့အဓိက မှီခို အားထားရသောအစားသောက်

    ReplyDelete
  2. လွယ်တာကိုး အကိုရ။း) ခုဖောက် ခု ကြော် လက်လက် ဆက်ဆက် စားရတယ်လေ...။ ကြော်ငြာတာ.. ဟဲဟဲ

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။