Tuesday, September 14, 2010

ကျွန်တော်နှင့်breakfast များအကြောင်း


photo from http://road2riddick.blogspot.com/2009/11/workout-log-167-week-24.html

breakfast တခုပါ

Breakfast is the first meal of the day. The word is a compound of "break" and "fast," referring to the conclusion of fasting since the previous day's last meal, hence "breaking the fast". Breakfast meals vary widely in different cultures around the world but often include a carbohydrate such as cereal or rice, fruit and/or vegetable, protein, sometimes a dairy product, and a drink. Nutritional experts have referred to breakfast as the most important meal of the day. This is based on studies of the large numbers of people in the West who skip breakfast, to adverse effect on their concentration, metabolism and weight. ဆရာ ပါမောက္ခခင်မောင်ဝင်း (အသည်း) ဆီက ကူးထားတဲ့ breakfast အကြောင်းကို ဆက်ပြီး လေ့လာပါအုံး။
break ဆိုတာ ချိုးဖျက်တယ်ပေါ့။ fast ဖတ်စ် ဆိုတာက အစာရေစာ မစားတာ။  abstain from food and drink အစားအသောက်တွေ မစားဘဲ ရှောင်ကျဉ် (အက်ပစတိန်း  abstain) လုပ်တာ။ fast  ဟာ ဥပုဒ်စောင့်တာလို့လည်း အဓိပ္ပါယ်ရသေးတယ်။ ဖတ်စ်ဆိုတာကို ချုံပြောရရင် အစားမစားဘဲနေတာပေါ့။ အဲတော့ ဘရိတ်ဖတ်စ်ဆိုတာ တစ်ညလုံး အစာမစားဘဲ နေခဲ့တာကို ဥပုဒ်စောင့်ထားတာကို ချိုးဖျက်ပစ်ပြီး အစားတွေစားပစ်လိုက်တာလို့ အဓိပ္ပါယ်ရပါတယ်။ အစားစားတဲ့ကိစ္စ ဆက်ပြောရမယ်ဆိုရင်တော့ သူတို့ နိုင်ငံမှာ မနက်လင်းရင်  ဘရိတ်ဖတ်စ်လို့ ခေါ်တာကိုစားတယ်။ ကြုံတုန်း ဘရိတ်ဖတ်စ်မှာ ဘာတွေစားတယ်ဆိုတဲ့အကြောင်း နည်းနည်းလေး ပြောချင်ပါတယ်။ ဘရိတ်ဖတ်စ်ကို အဓိက နှစ်မျိုးခွဲပါတယ်။ ကွန်တီနင်တယ်လ်ဘရိတ်ဖတ်စ် (Continental breakfast)  နဲ့ အင်္ဂလိပ်ဘရိတ်စ်ဖတ်စ် (English breakfast) ဒါမှမဟုတ် အမေရိကန်ဘရိတ်ဖတ်(စ်)ပေါ့။ ကွန်တီနင်တယ်(လ်)ဆိုတာက ဥရောပတိုက်ကြီးပေါ်မှာရှိတဲ့ နိုင်ငံတွေကို ပြောတာပါကွန်တီနင်တယ်(လ်)ထဲမှာ အင်္ဂလန်နဲ့ အိုင်ရာလန်နိုင်ငံမပါပါဘူး။ အဲတော့ ကွန်တီနင်တယ်(လ်) ဘရိတ်ဖတ်(စ်)လို့ ပြောတာဟာ ဥရောပတိုက်မကြီးပေါ်က နိုင်ငံတွေမှာ စားတဲ့ ဘရိတ်ဖတ်(စ်)စတိုင်ကို ပြောတာပါ။ ကွန်တီနင်တယ်(လ်)ဘရိတ်ဖတ်(စ်)မှာ အသားနဲ့ ကြက်ဥ မပါပါဘူး။ ကော်ဖီ၊ လ္ဘက်ရည်နဲ့ပေါင်မုန့် ထောပတ်ပဲ ပါပါတယ်။ အင်္ဂလိပ် ဒါမှမဟုတ် အမေရိကန်ဘရိတ်ဖတ်စ်ဆိုမှ တကယ့် ဟဲဗီးဘရိတ်ဖတ်စ်ပါ။ ကြက်ဥကိုမျိုးစုံကြော်ထားတာ ပါမယ်။ ဝက်အူချောင်း ဆော့ဆိတ်(ခ်ျ) (sausage) ၊ဘေကင် (bacon) လို့ခေါ်တဲ့ ဝက်ပေါင်ခြောက်၊ ဂျုံစေ့လေးတွေနဲ့ ပေါက်ပေါက်ရွရွလေးတွေ ဖြစ်အောင်လုပ်ထားတဲ့ ဆီရီရယ်(လ်) (cereal) ဆိုတာပါမယ်။ အနောက်တိုင်း ဘရိတ်ဖတ်(စ်) စားရင် ဆီရီရယ်(လ်)ဆိုတာကို မုန့်ဟင်းခါးစားတဲ့ ဇောက်ပန်းကန်ထဲထည့်ပြီး နွားနို့အအေးလောင်းထည့်ပြီး နွားနို့နဲ့ ဆီရီရယ်(လ်)လေးတွေကို ဇွန်းနဲ့ ခပ်သောက်ရတယ်။ ဘရိတ်ဖတ်(စ်)တွေအကြောင်း ဆက်ပြောရရင် အာရှတိုက်က ဟိုတယ်တွေမှာတော့ ကွန်တီနင်တယ်(လ်)နဲ့ အမေရိကန်ဘရိတ်ဖတ်(စ်) ဆို နှစ်မျိုးပဲ ရေးထားလေ့ရှိတယ်။ အင်္ဂလိပ်ဘရိတ်ဖတ်(စ်)လို့ ရေးတာ မတွေ့ရပါဘူး။ အဲလို ဘရိတ်ဖတ်(စ်) တစ်မျိုးမျိုးကိုစားပြီးတော့ ရုံးသွား၊ ကျောင်းသွား သူတို့တတွေ အလုပ်တွေ လုပ်ကြတယ်။ နေ့လည် (၁၂းဝဝ)နာရီကျော်မှ လန့်(ခ်ျ) lunch လို့ခေါ်တဲ့ နေ့လည်စာကို စားတယ်။ လန့်(ခ်ျ)စားပြီးတာနဲ့ အလုပ်တွေကို မရပ်မနား ဆက်လုပ်ပြန်တယ်။ ရုံးဆင်းလို့ အိမ်ပြန်ရောက်ပြီးရင်  ည (၇းဝဝ)နာရီကျော်မှ ညစာဒင်နာ dinner ကို စားတယ်။ သူတို့တစ်တွေဟာ ဘရိတ်ဖတ်စ်နဲ့ လန့်(ခ်ျ)ကြားမှာ ဘာကိုမှ စားလေ့ မရှိဘူး။ ပြီးတော့ လန့်(ခ်ျ)နဲ့ ဒင်နာကြားမှာလည်း ဘာမှ မစားဘူး။ ဆိုလိုတာ ဘရိတ်ဖတ်(စ်)၊ လန့်(ခ်ျ)၊ ဒင်နာတွေ ကြားထဲမှာ သွားရေစာ၊ ဟိုဟာ ဒီဟာ ဘာဆို ဘာမှ စားလေ့မရှိပါဘူး။ ဒါ သူတို့ရဲ့စနစ်ပါ။ ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်တွေ ရှုပ်နေပြီးတော့ အားချိန်၊ နားချိန်၊ စားချိန် အပိုတွေ မရှိဘူး။ လ္ဘက်သုပ်၊ ဂျင်းသုပ်၊ တို့ဟူးကြော်၊ ဘယာကြော်၊ ဟိုဟာ ဒီဟာ အီကြာကွေး၊ ပလာတာ သွားရေစာတွေ မရှိပါဘူး။ ဘရိတ်ဖတ်စ်၊ လန့်(ခ်ျ)၊ ဒင်နာ ဒီ အစား (၃)မျိုးပဲ အဓိက ရှိပါတယ်။
အဓိက ကတော့ အထက်က ဆရာပြောခဲ့တဲ့ အတိုင်းပါပဲ။ ဆရာကိုလည်း ဒီနေရာကပဲ ကျေးဇူးတင်စကားပြောပါရစေ။ ခွင့်မတောင်းမိတာ ခွင့်လွတ်ပါ။
နောက် Brunch ဆိုတာလေး ရှိပါသေးတယ်။ breakfast က Br နဲ့ launch က unch ကို ပေါင်းပြီး  Brunch လို့ခေါ်တာပါ။  အထူးသဖြင့် ရုံးပိတ်ရက်တွေ နဲ့ အားလပ်ရက်တွေမှာ brunch ရှိတတ်ပါတယ်။
နောက် Supper လို့ခေါ်တဲ့ ညစာ တမျိုး ရှိပါသေးတယ်။ အိပ်ရာ မ၀င်ခင် စားတာမျိုးကို ခေါ်တာပါ။ dinner စားပြီး အစာပြေသဘောမျိုးလေးပေါ့။
ဆရာ ဦးခင်မောင်ဝင်းရေးတဲ့ စာသားအချို့နဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။
မင်းတို့ မြန်မာအမျိုးသမီးတွေ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တစ်နေကုန် မရပ်မနား  စားသောက်နေတာကို ငါ နားမလည်ဘူးတဲ့။ Myanmar ladies are nibbling all the time  လို့ ပြောပါတယ်။ ဆိုလိုတာက မြန်မာအမျိုးသမီးတွေဟာ တစ်ချိန်လုံး တစွတ်စွတ်စားနေတာပဲတဲ့။ nibble နစ်ဘဲလ် ဆိုတာကို to take small bites of food လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ အဲတော့ နစ်ဘဲလ်ဆိုတာဟာ အစားအသောက်ကို နည်းနည်းချင်းဆီ စားနေတာလို့ ပြောတာပါ။ ကျွန်တော်ကတော့ နစ်ဘဲလ်ဆိုတာကို မြန်မာလို အနီးစပ်ဆုံး ဘာသာပြန်ရမယ်ဆိုရင် တစွတ်စွတ် စားတယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။

4 comments:

  1. လူပြိုကြီး ဘယ်မိန်းမကို ကြည့်မရဖြစ်နေလဲ?

    ReplyDelete
  2. ဟေ့လူ...အဆိုင်တာတွေ အမန့်ရဘူးလေး)

    ReplyDelete
  3. ကျွန်မလဲ တစွတ်စွတ် စားတတ်တယ်
    အစားအသောက်ကောင်းကောင်းကြိုက်တယ်..

    ReplyDelete
  4. တစွတ်စွတ်စားရင် ဆိတ်ပါစပ် လို့ လူကြီးတွေ ပြောသံကြားဘူးတယ်။ ;P

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။