Friday, February 18, 2011

ဝါဖယ် - Waffle



အရင် လ က breakfast show kitchen မှာ အချိန်ပို ဆင်းပေးရတယ်။ ဘာမှ ပင်ပင်ပန်းပန်း မဟုတ်ပါဘူး။ ကြက်ဥ ကြော်ပေးရတယ်။ ၀ါဖယ် လုပ်ပေးရတယ်။ ဧည့်သည် မှာ မှ လုပ်ပေးရတာပါ။ ဧည့် မလာရင် ဖြစ်ဖြစ် ၊ လာမ မှာရင် ဖြစ်ဖြစ် ဒီအတိုင်း ကြီး ရပ်ပေးနေရမယ်ဆိုတာကတော့  ပြတိုက်ထဲက အရုပ်ကြီးလိုပဲ ။ ပျင်းတယ်။ ကြက်ဥကြော်တာက တင်ပြီး သာဆိုတော့ ဒီ ၀ါဖယ် ကိုတင်လိုက်တာ။ waffle ဆိုတာကြီး ကိုလုပ်ရင်း နဲ့ ကျနော်ငယ်ငယ်က ရောင်စုံ ဝေဖာ လေးတွေကို သတိရမိသားဗျ။ ရောင်စုံ ဝေဖာလေးတွေကို စိတ်ကြိုက်ချိုး ပြီး လျှာနဲ့တို့ တို့ ပြီး ဆော့ ကစားခဲ့ဖူးတယ်။ သေနတ် တို့ နန်းတော်တို့ လူရုပ်တို့ စပ်ဖူးခဲ့တယ်ထင်တာပဲဗျာ။း) 
ဝါဖယ်ရဲ့ ပုံစံ က အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ မို (waffle iron )  အပေါ်မှာ မူတည်ပြီးတော့ ပုံစံပြောင်းသွားပါတယ်။ ကျနော်က ခုမှ စ စမ်းလုပ်တာဆိုတော့ အနားတွေ မညီဘူး။ အလုပ်များတဲ့ အချိန်မှာ ရိုက်လိုက်တာကတစ်ကြောင်း ၊ ဧည့်သည်တွေ ရှေ့မှာ ဖြစ်တာကတစ်ကြောင်းဆိုတော့ ကား ပုံကိုကောင်းကောင်း မရိုက်လိုက်နိုင်ပါဘူး။ ၀ါဖယ်ကို  strawberries, chocolate, sugar, honey, syrups, ice cream စတာတွေနဲ့ တွဲစားရပါတယ်။ နံနက်စာ B-fast အဖြစ်စားကြသလို အချိုပွဲ အနေနဲ့လည်း စားလေ့ရှိပါတယ်။ Belgian ဘယ်လ်ဂျီရမ် နိုင်ငံမှာ အစားအများဆုံး ဖြစ်ပါတယ်။ အခြေခံ ပါဝင်ပစ္စည်းတွေကတော့ flour, milk, eggs, sugar, baking powder and a pinch of salt ပါပဲ။ Pan Cake recipe နဲ့ အတူတူလို့ တောင် ပြောလို့ရတယ်။ pan ပေါ်မှာ တင်လိုက်ရင် Pan Cake ပါပဲ။ ကျနော်ရိုက်ထားတဲ့ ပုံက ကြည့်မကောင်းလို့ တခြားဆိုက်က ပုံကိုပါ တွဲတင်ပေးလိုက်ပါတယ်။

စားချင်စဖွယ် ပေါ့ဗျာ။ ကွာပါ့။း)
Ingredients
1 3/4 cups flour*
2 tablespoons sugar
1 tablespoon baking powder
2 eggs
1 3/4 cups milk
1/2 cup oil or melted butter
1 teaspoon vanilla

2 comments:

  1. အမေရိကန်မှာ ဝါဖယ်ကို အိုက်စကရင်နဲ့ ချော့ကလက်ဒီဇိုင်းဆန်းတွေနဲ့ အလှလုပ်ရောင်းတာ ခေတ်စားနေတာ တွေ့ရတယ်။ အကိုလည်း အိုက်စကရင် ခပ်များများတင်ပြီး စားတာ ကြိုက်တယ်။ ဘာလိုပဲစားရးစားရပါ။ သူလဲ ဥရောပ ဘိန်းမုန့်ပါပဲ။

    ReplyDelete
  2. အကို ပြောမှ ကျနော်တောင် ဘီးမုန့် စားချင်လာပြီ။း)

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။