Friday, March 4, 2011

irish stew


mutton Irish stew

( photo from food history )
Irish stew ဟာ Ireland နိုင်ငံရဲ့ ရိုးရာ အစား အစာဖြစ်ပြီး beef , lamb , mutton ကြိုက်နှစ်သက်ရာ အသားကို ရွေးချယ် ချက်နိုင်ပါတယ်။ အိုင်းရစ်လူမျိုး အများစုကတော့ lamb or mutton ကို ပဲ အသုံးများပါတယ်။ Irish American တွေကတော့ အမဲသားကို အစားထိုးပြီး စားကြလေ့ရှိပါတယ်။ လွယ်ရာ ၀ယ်ပြီး တွယ်ကြပုံပါပဲ။
အသုံးပြု တာများတဲ့ အသားနေရာတွေ ကတော့ neckbones ၊ shanks တွေဖြစ်ပါတယ်။ အသီးအနှံတွေကတော့ onion , carrot , celery , potato , turnip , parsnip စတဲ့ root vegs တွေကို ပုံစံ လှအောင် လှီးပြီး ထည့်ကြပါတယ်။ 
ပထမဆုံး အသားတုံးတွေကို ပြုတ်ထားလိုက်ပါတယ်။ နောက် onion ကို sautéed ထိုး ပြီး flour ဂျုံပက်ထားလိုက်တယ်။ ( နောက်မှ  Roux  ထိုး ရင်လည်း ရတယ် ) ဂျုံ အရောင်ပြောင်းပြီးဆိုရင် သင့်တင့်တဲ့ stock ရေ (အသား ပြုတ်ထားတဲ့ အရည် ထည့်လည်းရပါတယ် ) ပမာဏ ထည့်ပြီး ပြုတ်ထားတဲ့ အသားတွေ နဲ့ ကျန်တဲ့ အသီးအရွက်တွေ ထည့်ပြီး မီးအေးအေးနဲ့ တည်ထားရုံပါပဲ။ တချို့က brown sauce နည်းနည်း ထည့်ပြီးစားလေ့ရှိတယ်။ နောက် barley ကိုထည့်ပြီး စားလေ့လည်း ရှိပါတယ်။

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။