Thursday, January 12, 2012

အစာ သမိုင်း ၂

 အာကာသ အစားအစာအချို့
၂၁ ရာစု ခေတ်တွင် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မူ့သည် တစ်ဟုန်ထိုး များပြားလာသော လူဦးရေကို လိုက်မမီ ဖြစ်လာသည်။ ထိုအခါ စားနပ်ရိက္ခာ တိုးတတ်ရေးအတွက် အထွက်တိုးကောက်ပဲ သီးနှံများ ရအောင် ကြိုးပမ်းကြရသည်။ အထွက်တိုး အရည်အသွေးပြည့်မီ၍ သဘာဝဘေးဒဏ်ကိုလည်း ခံနိုင်သော ဘက်စုံပြည့် အပင်မျိုးကို ရရန် မျိုးရိုးဗီဇ ပညာရှင်များက ကြိုးပမ်းလျက်ရှိကြသည်။ တစ်ဘက်တွင် အစာနယ်ပယ်သစ် များကို ရှာဖွေလာကြသည်။ ယခင်က မစားဘဲ ထားသော အပင်တို့ကို အစားအဖြစ် စားနိုင်ရန် သုတေသန ပြုလုပ်လာကြသည်။ စားရိုးစားစဉ် မဟုတ်သော အစာဆန်းများကို စမ်းသပ်ထုတ်လုပ်လျက်ရှိကြသည်။ အသားတုပြုလုပ်ရေး ၊ အသီးအရွက်မှ ပရိုတင်းထုတ်လုပ်ရေး ဗက်တီးရီးယား Bacteria များကို အနည်းဆုံးအားဖြင့် တိရစ္ဆာန်အစာအဖြစ် အသုံးချနိုင်ရေး စသော သုတေသနတို့ကို ဆောင်ရွက်လျက်ရှိကြသည်။
ယနေ့ အာကာသခေတ်၌ အာကာသအစာများသည်လည်း မှတ်တမ်းတင်ရမည့် အစာများဖြစ်သည်။ အာကာသ၌ အလေးချိန်မဲ့သည်။ အစာကို ချက်ပြုတ်နေချိန်မရ။ အာကာသထဲတွင် ကိုယ်လက်လှုပ်ရှားမူ့လည်းနည်းသည်။ အကာကာသ၌ ကြာရှည်နေသူတစ်ဦးအတွက် အစာစားခြင်းသည် ဆေးစားရသကဲ့သို့ မနှစ်မြို့ဖွယ်ဖြစ်လည်း မဖြစ်သင့်။ ထို့ပြင် မြေပြင်ပေါ်တွင် စားသော အစားများကို အာကာသထဲမှလူသည်တောင့်တပေလိမ့်မည်။ ထို့ကြောင့် မြေပြင်မှာကဲ့သို့ပင် အစာကို အနံ့အရသာရှိအောင် ပြုလုပ်ဖို့လည်း လိုပေသည်။ ဤအချက်များအားလုံးကို အခြေခံ၍ ရေစိမ်လျှင် မူလအတိုင်း ပြန်ဖြစ်သော အစားခြောက်များ သွားတိုက်ဆေးကဲ့သို့ ညှစ်ထုတ်ယူရသော အစာများစသည်ဖြင့်  အာကာသအစာများကို တီထွင်ကြရသည်။ အာကာသသိပ္ပံနှင့်ဆက်နွယ်လျက် အစာအာဟာရ သိပ္ပံပညာသည်လည်း တစ်နည်းတစ်ဖုံတိုးတတ်လာခဲ့သည်။
  
အိပ်ချိန်တော်တော် နည်းသွားတယ် ဒီနေ့း(

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။