Sunday, January 8, 2012

felafel

 felafel ဘရာကြော်လုံး
falafel ဖလာဖယ် တဲ့။ လာပြန်ပြီဗျာ။ ဒီတစ်ခါတော့ တော်သေးတယ်။ အချိန်ရတယ်လေ။ ဒါနဲ့ အင်တာနက် ကြီး ကိုပဲ အားကိုးရတာပေါ့။ အရှေ့အလယ်ပိုင်း အစားအစာ ၊ အီဂျစ် ရိုးရာလို့ ဖတ်ရတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာကို မှတ်သွားတယ်။ အဟဲ...ဘယ်ရမလဲပေါ့။ ငါကွ.။ ဒီညတော့ ငါ လက်စွမ်း ပြရချည်သေးဆိုပြီး။ ကျန်တဲ့ ဟာတွေ အေးအေးဆေးဆေးလုပ်။ နောက်ဆုံး ကြော်ရမဲ့ potato wedgesနဲ့ မှ အတူတူ ကြော်မယ် ဆိုတဲ့စိတ်ကူးနဲ့လေ။ pastry အပိုင်းဖြစ်တဲ့ danish , croissant, bread roll, donat စတာတွေကို ပစ်ထားလိုက်မိတယ်။ chick pea ကို မနေ့က ရေမစိမ်ခဲ့မိဘူးလေ။ ကိစ္စမရှိဘူး။ သူများပြုတ်ထားတဲ့ chick peas ကို မြင်ထားတော့ သိပ်စိတ်မပူမိဘူး။ parsley, coriander , onion, garlic, cumin powder, baking powder စတာတွေကို ရောပြီး bland လိုက်တယ်။ နောက် လောက်စာလုံးသာသာလောက် လုံးပြီး tray ပေါ်တင်ထားလိုက်တယ်။ အလုံး ၂၀ လောက် လဲရရော ဖြစ်သေးပါဘူး စမ်းကြော်ကြည့်ပါအုံးမယ်ဆိုပြီး ကြော်ကြည့်လိုက်တာ...။ အလိုလေး.......လောက်စာလုံးသာသာလောက် အလုံးကြီးက ဘာမှ ကို မတွေ့ရတော့ဘူးဗျာ။ လူလဲ ပျာသွားတယ်။ ဘယ်လိုဖြစ်တာလဲပေါ့။ bread crumb မပါလို့နေမှာပါဆိုပြီး bread crumb ထည့်ပြီး ထပ်ကြော်။ ရဘူးဗျ။ ဆီထဲမှာ ဖွာကနဲ ဖွာကနဲ နဲ့ ပျောက်သွားပုံများ အဟီး ...တရား ရစရာပဲ။ ကျနော်ကတော့ တရားရဖို့နေနေသာသာ ပျာနေပြီ ၄ နာကျော်နေပြီလေ။ ဒါနဲ့ စက်ကို အားကိုးရမယ်ဆိုပြီး စက်နဲ့ roast , bake , fry စတာတွေကို စမ်းကြည့်တယ်။ ရဘူးဗျိုး။ အလုံးတွေကနေ ဘ၀ပြောင်းကုန်တာပဲ။ ကဲ...ဘယ်သူမှ မရှိဘူးဆိုပြီး ၀ဲ ရတာပေါ့။ ဘေးက အိန္ဒိယကုလားကတော့ မျက်လုံး အပြူးသားနဲ့ ကြည့်နေတယ်။ မနေ့က လည်း ၀ဲ ထားတာ တစ်ခုရှိတယ်လေ။ ဟီးး..ဟိုတယ်တော့ မွဲတော့မှာပဲ။ ဖြစ်သေးပါဘူး ကျန်တာတွေကို ဖြတ်ပြီးမှ ဒါကို ပြန်လုပ်မယ်ဆိုပြီး အားခဲရတယ်။ မုန့်တွေကို bake ၊ salad ကို အစောကြီး buffet မှာ သွားထားလိုက်တယ်။ ကျန်တဲ့ sausage , bacon, tomato , foul ,toast တွေကိုလည်း တစ်ခါးဖြတ်။ အေးရော...။ ခုမှ အေးအေးဆေးဆေး သမ ရတော့မယ်။ ပဲကို အများကြီး ထပ်မယူရဲတော့ဘူး။ hummous လုပ်ဖို့ထားတာနေမှာ။ အမှန်က ပြုတ်ထားတဲ့ ပဲကို လုပ်ရမှာ မဟုတ်ဘူး။ တစ်ည ရေနဲ့ သိပ်ထားတဲ့ ပဲကို ကြိတ်ရမှာ။ နောက်ဆုံး လောက်စာလုံးပြီးတော့ ခေါက်ထားတဲ့ကြက်ဥ ထဲနှစ် bread crumb ကပ်ပြီးကြော်ပေးလိုက်တယ်။ မှတ်ကရော...။ သက်သက်တော့ မလွတ်တော့ဘူးပေါ့။ ဖြိုသလစ် ဖြစ်သလို လှတ ပတ လေးတော့ဖြစ်သွားတယ်။း) နောက် ဆုံးမရရင် ကျနော်  veg အကြော် တခုခု ပေးဖို့ စဉ်းစားထားသေးတယ်။ အဟီးး
နာမည်ကသာ ဖလာဖယ်ဆိုပြီး ထူးထူးဆန်းဆန်းကြီး ဖြစ်နေမှာ မြန်မာမျက်စိနဲ့ဆို ဘရာကြော် ပါပဲဗျာ။ ကျနော်တို့ ဘရာကြော်သာ ဒီက ငတိတွေကို ကျွေးကြည့် ၊ အချဉ်ရည် ခပ်စပ်စပ်လေးနဲ့ ရေးရင်းနဲ့တောင် သွားရည်ကျတယ်ဗျာ။ တစ်ကမ္ဘာလုံး မဟုတ်တောင် အရှေ့အလယ်ပိုင်းထိတော့ မြန်မာ့ ဘရာကြော် နာမည်ကြီးလောက်ပါတယ်ဗျာ။

1 comment:

  1. ဘယာကြော်တော့ ကြိုက်မကြိုက် မသိဖူး အကိုရေ .....အုန်းနို့ခေါက်ဆွဲတော့ ရေလည် ကြိုက်တာ ဗျာ :D :D

    ReplyDelete

ရေးချင်တာသာ ရေးဗျာ။