Saturday, March 24, 2012

ပေါင်မုန့်ကြက်ဥကြော် နဲ့ live cooking with sightseeing in myanmar

photo from Wikipedia
 french toast  
ပေါင်မုန့်ကြက်ဥကြော်

French Toast ဖရန်ခ်ျ တို့စ် တဲ့။ French Bread ကို တစောင်းလှီးပြီး ခေါက်ထားတဲ့ ကြက်ဥရယ် beaten egg , သကြားမှုန့်ရယ် icing sugar, နွားနို့ရယ် Milk , သစ်ဂျပိုးခေါက်လို့ ခေါ်မယ်ထင်တယ် cinnamon powder စီနာမွန် အမှုန့်ရယ် ကို သမအောင် မွှေထားတဲ့ ခပ်ပျစ်ပျစ် အရည်ထဲကို နှစ်ပြီး ကြော်ရတာပါ။ အဲ..ဆား..ဆား ထည့်ရပါအုံးမယ်။  ဆီအများကြီးမလိုသလို နည်းသွားရင်လည်း မကောင်းပါဘူး။ French Bread မရှိရင် ရိုးရိုး ပေါင်မုန့်တွေကိုပဲ လုပ်လို့ရပါတယ်။ အချိုမကြိုက်တဲ့သူ တွေကတော့ သကြားမထည့်ပဲထားနိုင်ပါတယ်။ သူ့ကို Breakfast တွေမှာ အများဆုံး ကျွေးမွေးလေ့ပြီး   condiment အဖြစ် အပေါ်ကနေ စိတ်ကြိုက် syrup တမျိုး မျိုး ဆမ်းစားနိုင်ပါတယ်။  
ကျနော် တို့ဆီက လက်ဖက်ရည်ဆိုင်တော်တော်များများမှာ တွေ့ရမှာပါ။ ပေါင်မုန့်ကြက်ဥကြော်ဆိုပြီး။ ဒီက များ ဆင်းသက်လာသ လားတော့မသိဘူး။ နောက် ပေါင်မုန့်နို့ဆမ်းဆိုတာလည်းရှိသေးတယ်။ ငယ်ငယ်ကတော့ တော်တော်လေးကြိုက်တဲ့ အစားအစာထဲမှာ ပေါင်မုန့်နို့ဆမ်းတို့ ၊ ပေါင်မုန့်ကြက်ဥကြော်တို့ပါတယ်။  :)
မြန်မာနိုင်ငံမှာလည်း ဟော်တယ် တတ်ပြီးစားစရာမလိုအောင် အစားအစာ ဘက်မှာ အများကြီး ဖွံဖြိုးလာတယ်လို့ ထင်မှတ်မိတယ်။ ဆူရှိ Sushi တို့ ကိုရီးယား အကင်တို့ ငါးကင်၊ ဘဲကင် ၊ ကြက်ကင်တို့ဆိုရင် လမ်းဘေး ဆိုင်လေးတွေမှာ  လူမျိုး ဘာသာမရွေး သီးသန့် ကောင်းကောင်းစားလို့ရနေပြီ။ ဈေးလည်း သင့်တယ်။ 
facebook မှာ ကို EL Sol ရှယ်ထားတဲ့ ဗွီဒီယို လေးကိုလည်း သဘောကျတာနဲ့ ပြန်ရှယ်လိုက်ပါတယ်။

တိုက်ရိုက်ကြည့်ချင်တယ်ဆိုရင် clickhere  ။ ဒါရိုက်တာရော သရုပ်ဆောင်ပါ ကောင်းတယ်။း) ဟင်းချက်နေတဲ့ အတောအတွင်းမှာ ဘေးပတ်ဝန်ကျင်မှာ ရှိတဲ့ အကြောင်းတွေကို ရိုက်ပြတာ သဘောကျမိတယ်။ နောက် ဘွတ် ရွက်နဲ့ ပြောသွားတဲ့ Chef ကြီးကိုလည်း သဘောကျမိတယ်။ နောက်ဆို ကျနော်တို့ မြန်မာပြည်က  Marster Chef တွေ ထွက်မလားဘူးလို့ မပြောနိုင်ဘူးနော်။ မြန်မာ့ အစားအစာ များ ကမ္ဘာ အစားအစာ ဈေးကွက်မှာ တတန်းတည်း ရောက်နိုင်တဲ့တစ်နေ့ .....။

2 comments:

  1. ပေါင်မုန့်ကြက်ဥကျော် မစားရတာကြာပြီ။ ကြည့်ပြီးသရေကျ လိုက်တာ။ ပြိုင်ကျော်ကြမလား ပြန်လာရင် :P ဟွင်းဟွင်း ဘီယာတိုက်ကြေး

    ReplyDelete
    Replies
    1.ူလူများကို လာဖျက်ဆီးနေတယ် ဗျိုး... :P

      Delete

ရေးချင်တာသာ ရေးဗျာ။