မီးတောက် မီးလျှံတွေ ၊ ဆီ ပူတွေ ၊ အသားစိမ်း ငါးစိမ်းတွေ ၊ ဒယ်အိုး ပန်းကန် ခွက်သေးကြီးအစုံအလင် ၊ ဓါး ဆိုက် မျိုးဆုံ နဲ့ အရင်းနှိးဆုံးလူသားတွေဟာ မီးဖိုချောင်က ၀န်ထမ်းတွေပါပဲ။ ထမင်းချက် ဟင်းချက်တယ်ဆိုတာ အခြေခံ အကျဆုံး သော လူနေမူ့ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ရုံတင်မကဘူး လူတိုင်း အလွယ်တကူ ချက်နိုင် ပြုတ်နိုင်တဲ့ ပညာတစ်ရပ်လည်းဖြစ်ပါတယ်။http://mikerooneystudios.blogspot.com/2011/09/kitchen-full-of-chefs-5x7.html
အပူငွေ့တွေ တလောင်လောင်နဲ့ ကြားမှာ ချက် ပြုက် ကြော် လှော် နေရပေမဲ့ ပျော်နေကြတဲ့ စာဖိုမူးတွေရဲ့ ဘ၀ဟာ တကယ် ၀ါသနာမပါရင် စာဖိုးမူးဆိုတဲ့ ဘ၀ကို ပျော်ပိုက်လို့ဘယ်လိုမှရမှာ မဟုတ်ပါဘူး။ နေ့ တဒူဝ ကြော် ဟယ်၊ လှော် ဟယ် ၊ ပြေး ဟယ်၊ လွှား ဟယ်၊ ဓါးတွေကြား၊ အိုးပူ ဆီပူတွေကြားမှ ဘယ်လိုမှ ခံစားလို့ ရမှာ မဟုတ်ပါ။ မီးဖိုချောင်မှာ မလုပ်ခင် သေချာ စဉ်းစားပြီးမှ လေ့လာသင်ယူကြပါ။ နိုမို့ရင် အချိန်ကုန် လူပင်ပန်းတာပဲ အဖက်တင်ပါလိမ့်မယ်။
ဟိုတယ်တိုင်းမှာ
- FRONT OFFICE
- HOUSE KEEPING
- KITCHEN
- FOOD AND BEVERAGE
- SECURITY
- ENGINEERING
- LAUNDRY ( house keeping နဲ့ ပေါင်းထားရင်လည်း ဖြစ်ပါတယ်။ )
- HUMAN RESOURCES
- GARDENING
- SALES & MARKETING
- FINANCE
- ROOM SERVICE
- Clinic
Kitchen Department ဟာ အစာ ထုတ်လုပ်တဲ့နေရာတစ်ခုဆိုပေမဲ့လည်း live cookin လိုဟာမျိုး ရှိရင် Al Carte , Set Menu ရှိရင် စာဖိုမူးတွေကိုယ်တိုင် ဧည့်သည်ကို ကျွေးမွေးတတ်ကြပါတယ်။ တစ်ချို့ စားသောက်ဆိုင်တွေမှာ waiter / waitress မခန့်ကြတော့ပဲ စာဖိုမူးတွေကိုယ်တိုင် serve လုပ်နေကြတာတွေ့ဖူးမှာပါ။
No comments:
Post a Comment
ရေးချင်တာသာ ရေးဗျာ။