ဘ၀ဆိုတာ ရုန်းကန်ခြင်းဆိုရင် ရုန်းကန်ရတာပဲ။ ဘ၀ဆိုတာ မြစ်တစ်စီးဆိုရင် စီးဆင်းရမှာပဲ။ ကိုယ်သက်မှတ်တဲ့ အဓိပါယ်အတိုင်း ဖြစ်တာပဲမဟုတ်လား။ ကို့ ကိုယ်ကို ကျွန်လို့ သက်မှတ်ရင် ကျွန်ပဲဖြစ်မှာ။
အကြော်ဆရာ ဆိုတဲ့ စကားကို ကို နည်းနည်း စိမ်းတယ်။ လမ်ဘေးထမင်းဆိုင်လေးတွေမှာ၊ လက်ဖက်ရည်တွေမှာ၊ တရုတ်စားသောက်ဆိုင်တွေမှာ၊ ဘီယာဆိုင်၊ စင်တင် စတဲ့ စာဖိုဆောင်ကလူတွေ သုံးတဲ့ အသုံးအနူန်းနဲ့ ကို့ကို လာခေါ်တော့ နားထဲ တော်တော် စိမ်းသွားတယ်။
ဟိုတယ်စာဖိုဆောင်မှာ လုပ်တဲ့ စာဖိုးမူးတွေနဲ့ အပြင်စားသောက်ဆိုင်တွေမှာလုပ်တဲ့ စာဖိုးမူးတွေ ဘာကွာလဲ။ ကိုယ်တော့ ဘာမှ မကွာဘူးလို့ ထင်တယ်။ ဟိုတယ်မှာ ဆိုရင် အလုပ်ချိန်သက်မှတ်ချက်ရှိတယ်။ နားချိန် ၁ နာရီအပါအ၀င်မှ ၉ နာရီပဲ လုပ်ရတယ်။ အပြင်ဆိုင်တွေမှာကျတော့ ဆိုင်ဖွင့်ချိန်ကနေပြီး ညနက်ဆိုင်ပိတ်ချိန်ထိလုပ်ရတယ်။
ကိုယ်က ဟာသ ဖြစ်နေမလားတော့ မသိဘူး။ ကိုယ့်နိုင်ငံက ဟိုတယ်တွေ တစ်ခုမှကိုမှ မလုပ်ဖူးပေမဲ့ တခြားနိုင်ငံတွေမှာတော့ အခြေခံကစပြီးလုပ်ခဲ့ဖူးတယ်။ ကိုယ့်နိုင်ငံမှာပဲ အေးအေးဆေးဆေး လုပ်တော့မယ်ဆိုပြီး ပြန်လာခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကို့ စိတ်ကူးအကောင်အထည်မဖော်ဖြစ်ခဲ့ဘူး။ ပြန်ထွက်မယ်ဆိုပြန်တော့လည်း မိသားစု ကိစ္စကြောင့် ပြန်မထွက်ဖြစ်ပြန်ဘူး။ အိမ်မှာ ၂ လ နီးပါ နာပြီး ဆြာခိုရဲ့ ဖိတ်ကြားမူ့ကြောင့် မန်းက စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ဖြစ်သွားတယ်။
ရယ်စရာတော့ မဟုတ်ပါဘူး။ ရန်ကုန်မှာ ကို ပျင်းတာနဲ့ အင်တာဗြူး သွားဖြေသေးတယ်။ ဟိုတယ်တစ်ခုက ကို့ကို ဗြူးတာ။ မြန်မာ အချင်းချင်းပဲ ဗျာ။ ကိုက ကို့နိုင်ငံမှာ အတွေ့အကြုံ မရှိတာနဲ့ မယုံဘူးဆိုပဲ။ ကို ဘာမှ ရှင်းမပြချင်ဘူး။ ကို့ကို မယုံရင် ကိုယ်ကလည်း ယုံပါလို့ ဘယ်တော့မှ ပြောမှာမ ဟုတ်ဘူး။ဘယ် ဘုရားကိုမလည်း တိုင်တည်နေမှာ မဟုတ်ဘူး။
ဆိုပါတော့ မန်းက ဆိုင်လည်း ဆိုင်သစ်ပဲ။ သူဌေးက ၄ ဦး စပ်တူ လို့ ဆိုတာပဲ။ ကိုယ် စိတ်မ၀င်စားပါဘူး။ ကိုယ် လုပ်နိုင်သလောက် ကိုယ် လုပ်မှာပဲ။ ကိုယ် မလုပ်နိုင်ရင် ကိုယ် လည်း လုပ်မှာ မဟုတ်ဘူး။ မလုပ်နိုင်တဲ့အချိန် ကိုယ် ပြန်မယ်ပေါ့။ ကို့ ရွာနဲ့ ၄ နာရီ ၅ နာရီလောက်ပဲ ဆိုင်ကယ်စီးရတာ။ အဟက်...
စာဖိုမူး အသင်းအဖွဲ့ တစ်ခုရှိတယ်ကြားမိတယ်။ ဒါပေမဲ့ စုစုစည်းစည်း မရှိ ကြသေးဘူးနဲ့တူပါရဲ့။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ စာဖိုမူးတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ၊ အဆက်အသွယ်တွေ ဘယ်လိုများ အချင်းချင်း ဆက်သွယ်လို့ရအောင် လုပ်ရင် ရနိုင်ပါ့မလဲ။ ရန်ကုန် ၊ နေပြည်တော်၊ မန္တလေး စတဲ့ ဟိုတယ်က ခေါင်းဆောင်ကောင်း စာဖိုမူးတွေ တိုင်တိုင်ပင်ပင်နဲ့ ကျနော်တို့လို နောက်ပေါက် လေးတွေ အခွင့်အရေးနည်းတဲ့ စာဖိုမူးလေးတွေအတွက် တစ်ခုခုများ လုပ်ကိုင်ပေးနိုင်မဲ့ အဖွဲ့အစည်းလေးများ ၊ သင်တန်းလေးများ စတဲ့ အုပ်စုလေးတွေ မြို့နယ်အနှံ့ ရှိရင် ကောင်းမှာပဲ။ အင်း...ကိုကလည်း ဘာကောင်မှ မဟုတ်တာ ခက်တယ်။
နောက်ထပ် ပျင်းရင်...စာဖိုဆောင်နဲ့ မဆိုင်လည်း ရေးအုံးမယ်ဗျာ။ ကိုယ့်နိုင်ငံမှာ ဆိုတော့ ဘာပဲဖြစ်ဖြစ် ရေးရတာ အရသာ ပိုရှိသလိုပဲ။ :P
ထပ်ရေးအုံးလေ။
ReplyDelete