Friday, October 22, 2010

ဟိုမို့စ် တဲ့ဗျိုးးးး

 ဒါက side salad ပေးတဲ့ ဟာပါ။ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ မြင်တဲ့အတိုင်းပါပဲ။
တွဲရက်လေးးး။
 
ဇာက်လိုက်ကျော် homous

အာရပ် အစားအစာ ဖြစ်ပါတယ်။့homous ဟိုမို့စ်  လို့ခေါ်ပါတယ်။
အဓီက ပါဝင်ပစ္စည်းတွေကတော့

chickpea
tahina
lemon salt

cickpea ကို တည ရေစိမ်ထားပါ။ ရေနူးပြီး ပွ လာလျှင် စိမ်ထားသော ရေများကို သွန်ပြီး ပြုတ်ရပါမည်။ ဆိုဒါ ပေါင်ဒါမူန့်နှင့် ဆား ရောပြီး ပြုတ်လျှင် ပိုကောင်းသည်။ ပဲများ နူးလာလျှင် ရေစစ်၍ ထားပါ။ ရေစင်စင် စစ်သွားလျှင် ထိုပဲများကို ခြေ  ၍ tahia . lemon salt ထည့်ပြီး ညက်ညက်ကြေအောင် blander နှင့် ရိုက်ပါ။
tahina ဆိုသည်မှာ နှမ်း များကို paste လုပ်ထားသော အရာတမျိုးဖြစ်သည်။ tahina မပါလျှင် ဟိမို့ အရသာ မရှိချေ။ 
စားတော်ပဲ ပြုတ် ကိုသွားသတိရမိသည်။ နံနက်စောစော စားတော်ပဲပြုတ် နှင့် ဆီ ဆား ဖြူးပြီး ရေနွေးကြမ်းနဲ့ လွေး ခဲ့ရတာကို တမ်းတမိသေး၏ မိုးကုတ် ပဲသိုး သုပ်ကလည်း တစခန်း ထချင်သေးသည်။
 ဒါက ကြော် ထားတဲ့ ဘဲသား မုန့်ဗျာ။
 ဒါက bake ထားတဲ့ ဘဲသားမုန့်
 ဘိတ် ထားတဲက ဘဲသားမုန့် နောက်တမျိုး
 ကြော်ဖို့ အတွက် လုပ်ထားတဲ့ ဟာတွေ...။

ဒါကတော့ ဘဲသားမုန့် လုပ်နည်း ဆိုပြီး မေးတဲက ကိုညီမူရာ အတွက်ပါ။ အကိုရေ...ကျွန်တော် နှစ်မျိုး တင်လိုက်တယ်ဗျာ။ တခုကို bake ထားပြီး နောက်တခုကတော့ ကြော် fry ထားတယ်။ bake မယ်ဆိုရင် puff dough သားလိုမယ်ဗျ။ readymade puff  ၀ယ်လို့လဲရတယ်။ puff နဲ့ လုပ်ဖို့က မလုပ်ဖူးရင် မလွယ်ဘူးဗျ။ သူမှာ က butter ပါတော့( ရေခဲသေတ္တာ လိုမျိုး )chiller လိုမယ်၊ အချိန် ယူရမယ်။
ကြော်တဲ့နည်းက လွယ်တယ်ဗျ။ သူက pizza dough လိုမျိုးဆိုတော့ ဒိုးသာက မာတယ်ဗျာ။ ကိုင်တွယ်ရတာ သိပ်မခက်ဖူး။ fry ချင်ရင် fry ၊ bake ချင်ရင် bake လို့လည်း ရတယ်။ အကိုစားချင်တဲ့ ဘဲသားကို နုတ်နုတ်စင်းပြီး  sauteed ထိုးရမယ်။ အဲ့ဒါကို အစာသွပ် အနေနဲ့ လုပ်ဖို့လေ။ ပုံစံ တွေကတော့ စိတ်ကြိုက် သာလုပ်။ ခေါင်းအုံးပုံ လုပ်မှာလား လခြမ်း ပုံ လုပ်မှာလား ဒါမှ မဟုတ် တခုခုပေါ့။ လခြမ်းပုံလုပ်မယ်ဆိုရင် စက်ဝိုင်းပုံ cutter တွေ လိုမယ်။ pizza dough အတွက် ဒီမှာ သွားကြည့်ပေးပါ။ လိုအပ်တာရှိရင် C box မှာ အော်ထားခဲ့ပါအကို ။ တတ်နိုင်သလောက် ကူညီပေးပါ့မယ်။ အဆင်ပြေ ပါစေဗျာ။

 













No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။