Wednesday, March 31, 2010

penny aragosta

penny aragosta
cherry tomato sauce နဲ့ပေးထားတာပါ။ tomato sauce + cherry tomato ဟာ ချယ်ရီ tomato sauce ပေါ့။း)

Tuesday, March 30, 2010

Salmone E Rucola

salmon e rucola 
sliced smoked salmon served with a salad of rocket leaves, sun dried tomatoes, artichokes and prawns tossed in balsamic vinegar dressing.

Monday, March 29, 2010

ကျွန်တော်နှင့် seafood thermidor

seafood thermidor
Hammour, mussels , and shrimps , flamed with cognac , cooked with Dijon mustard and cream, gratinated with Parmesan cheese .
ပုံက နည်းနည်းတော့ ၀ါးသွားတယ်။ ဘယ်လိုဖြစ်သွားလဲမသိဘူး။း) အလွယ်မှတ်ထားချင်ရင် white sauce  နဲ့ seafood ရောထားတယ်လို့ပဲမှတ်။ white wine ထည့်ရင်ပိုကောင်းတယ်။ နောက်မှ အသေးစိတ်ရေးတော့မယ်ဗျာ။ ဒီနေ့ အားဘူးဗျိုး။ ဆရာခို ရောက်နေလို့။း)

Sunday, March 28, 2010

ကျွန်တော်နှင့် gamberoni special ( march )

gamberoni special with couscous & zucchini sauce
ဒီမှာတော့ ဧည့်သည်က request လုပ်လို့ tomato sauce ထည့်ထားတယ်။း)

Saturday, March 27, 2010

Friday, March 26, 2010

ကျွန်တော်နှင့် hammour & salmon with supreme sauce

poach fish & supreme sauce
ကျွန်တော် ဒီမှာ ရေးထားပြီးသာပါ။ ဓါတ်ပုံ မတင်ရသေးလို့ ဒီနေ့မှ တင်လိုက်တာ။း) ဒီလ အတွက် special ထုက်တဲ့ ဟင်းပွဲပါ။ အားပေးသွားကြပါအုံး။ sauce ထဲမှာ whiskey or white wine ထည့်ရင်ပိုကောင်းပါတယ်။

Thursday, March 25, 2010

ကျွန်တော်နှင့် food calories

Coming to the Menu: Calorie Counts
(The Wall Street Journal) -- "The health bill President Barack Obama signed into law Tuesday requires that restaurant chains post calorie counts for all the food items they sell. The law covers any chain with at least 20 outlets, amounting to more than 200,000 restaurants nationwide...Calorie counts must be listed on menus, menu boards, drive-through displays and vending machines under the law. Additional information -- such as sodium levels, carbohydrates and saturated fats -- must be available on request. Temporary specials and custom orders are exempted."

Tuesday, March 23, 2010

ကျွန်တော် နှင့် cheese များ

cheese ဟာ နွား cow ၊ ကျွဲ buffalo ၊ သိုး sheep ၊ ဆိတ် goat တို့ရဲ့ နို့ရည်မှ တဆင့် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ထုက်လုပ်တဲ့နိုင်ငံ နဲ့ ထုက်လုပ်သူအပေါ်မူတည်ပြီး cheese ရဲ့ ပုံသဏ္ဍန် ၊ အနံ့အရသာ ၊ ပြောင်းလဲသွားပါတယ်။ နွားနို့ကို  vinegar ၊ lemon juice  စတဲ့ အက်စစ် တမျိုးမျိုးနဲ့ ရောလိုက်ရင် ခဲသွားတတ်လေ။ အဲ့ဒါက cheese ရဲ့ အခြေခံသဘောပဲ။ ဥပမာ အိန္ဒိယ India မှာ paneer cheese ပေါ့။ သူ့ကို နွားနို့ vinegar နဲ့ lemon juice တို့ကို အဓိက ထားပြီး လုပ်သွားတာပဲ။ အများစု ကတော့ lactic acid  ခေါ် milk acid နဲ့လုပ်တယ်လို့ ဆရာခို ပြောတာ ကြားဖူးပါတယ်။
အသုံးများတဲ့ cheese တွေကို ချရေးကြည့်ပါအုံးမယ်။
  1. parmesan cheese ( Italy )
  2. mozzarella cheese ( Italy )
  3. paneer cheese ( made in အိန္ဒိယ နဲ့ middle east)
  4. bel paese cheese ( Italy )
  5. gorgonzola cheese ( Italy ကပဲ။ နွား cow သိုး sheep နို့ နှစ်မျိုးစလုံးက လုပ်တယ်။ blue cheese လို့လဲ ခေါ်တတ်တယ်။ )
  6. pacorino cheese ( သူက သိုး sheep နို့နဲ့လုပ်တာ အီတလီကထုတ်တယ်။ )
  7. cheddar cheese ( England ကဗျာ )
  8. mascarpone cheese ( သူလည်း Italy ကပဲ tiramisu cake ကိုလုပ်တဲ့ cheese ။ )
  9. fetta cheese ( Greece က )
  10. ricotta cheese ( Italy က )
  11. labneh ( middle east ကထုတ်တယ်ဗျာ၊ မသိရင် ဒိန်ချဉ် yogurt ပဲ )း)
  12. taleggio ( အီတလီပဲ )
ကဲ နောက်မှ ထပ်ရေးမယ်. ခုတော့ သတိရသလောက် နဲ့ ရှာလို့ရသလောက်ပဲ။   
ဆရာ ခို... ကျွန်တော် ဦးသွားပြီနော ဟဲဟဲ

Monday, March 22, 2010

ကျွန်တော် နှင့် piccata

piccata ဆိုတဲ့စကားက အီတလီ စကားဖြစ်ပါတယ်။ မူရင်း ပြင်သစ် စကား pique ကနေ ဆင်းသက်လာတာဖြစ်တယ်လို့ ၀ီကီ မှာ ဖတ်ရပါတယ်။း) အဓိပါယ်ကတော့ lard တဲ့ဗျာ။ ဂလောက်သိရင်တော်ပြီပေါ့နော..။ chicken piccata လိုပဲ veal piccata ကလည်း နာမည် ကြီးပါတယ်။ အသားကတော့ ကိုကြိုက်တာ သာ ပေးဗျာ။ ငါးလည်း ပေးလို့ရတယ်။ အသားအပေါ်မူတည်ပြီး stock ထည့်တဲ့နေရာမှာ ကွဲသွားပါလိမ့်မယ်။ လောလောဆယ် video လေးနဲ့ အရင် ကြည့်ကြရအောင်။



သူကတော့ ala carte အတွက်ပေါ့။ chicken piccata sauce အတွက် garlic ကို sauteed လုပ် ၊ caper ထည့် ၊ lemon juice ထည့် ၊ chicken ဆိုရင် chicken stock ၊ veal ဆိုရင် veal stock ထည့်ပေါ့ဗျာ..။ အရသာ အတွက်ကတော့ salt & pepper ပေါ့။ white wine ကြိုက်ရင် ထည့်နိုင်ပါတယ်။ sauce ကျဲ နေရင် roux ထိုးနိုင်ပါတယ်။ last minutes မှာ butter လေး ထည့်ရင် အရောင်တတ်ပြီး ပိုလှ အရသာ ပိုရှိတယ်။ ဘုရားဒကာ ကတော့ အဲ့ဒါကို caper sauce လို့ခေါ်တယ်ဗျာ ။း)
side dish အနေနဲ့ rice , pasta , polenta စတဲ့ starch ဖြစ်တဲ့  အရာတွေနဲ့ ပေးလေ့ရှိပါတယ်။ ကျွန်တော်တို့ ဆီက buffet မှာ တင်တဲ့ chicken piccata ကကြတော့ egg ,lemon juice, salt, Parmesan cheese တွေနဲ့ chicken breast ကိုနယ် ပြီး grill လုပ်တာပဲဗျာ။း)

Thursday, March 18, 2010

ကျွန်တော်နှင့် chicken & supreme sauce



ကျွန်တော်တို့ ဆီမှာ ပေးတာ supreme sauce ကို ငါး ( hammour & salmon ) နဲ့ပေးတယ်ဗျာ။ သူနဲ့ တော့ မတူဘူးပေါ့။ fish stock နဲ့ roux နဲ့ ရိုက်။ sliced mushroom ထည့် ။ white wine ထည့် ။ အရသာ အတွက်က salt and pepper ပေါ့။ sauce ရပြီဆိုရင် ငါးကို poach လုပ်ရမယ်။ ပွတ်ပွတ်ဆူ fish stock ထဲကို hammour & salmon ကိုထည့်။ ငါးရပြီဆိုရင် supereme sauce ကိုအောက်ခင်း hammour တင် salmon တင်၊ နောက် boiled potato နဲ့ Vegs ကိုတော့ စိတ်ကြိုက်ပေးတယ်ပေါ့။

Sunday, March 14, 2010

menu များ အားဆန်းစစ်ခြင်း

menu ဆိုတဲ့ စကားဟာ french ပြင်သစ် စကားဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။ အစားအသောက်တွေ စာရင်းပြုစုပြီး ရေးထားတဲ့ စာရွက်ကို menu မီနူးလို့ခေါ်ပါတယ်။ အဓိက ကတော့ a la carte menu , set menu , buffet menu ( breakfast menu , launch menu , dinner menu ရယ်လို့ ခွဲထားပါတယ်။ breakfast နဲ့ launch ကြားထဲမှာ brunch ဆိုတာ ရှိသေးတယ်။ breakfast နဲ့ launch တို့ကို ပေါင်းထားတာပါ။)  တို့ ဖြစ်ပါတယ်။ သူ့ထဲမှာ starter or appetizer , main course , dessert  ရယ်လို့ထပ်ခွဲထားပါသေးတယ်။
ပထမဆုံး စ စားရ ၊ မှာရ တဲ့ starter or appetizer ဆိုတာက ခံတွင်းဖွင့် အစား ၊ main course မစားခင် စားရတဲ့ မှာရတဲ့ ( ဥပမာ snack or soup or salad တမျိုးမျိုးပေါ့ ) အစားအသောက် တမျိုးဖြစ်ပါတယ်။ soup of the day , calamari , garlic bread ,fried mozzarella stick , caesar salad စသည်ဖြင့် တခုခု ဖြစ်နိုင်ပါတယ်။ တမျိုးပြောရရင် ဧည့်သည်  ဆိုင်ကို ရောက်ရောက်ချင်း စောင့်တယ်လို့ မထင်ရအောင် ဗိုက် အဆာပြေ သဘောမျိုး အနေနဲ့လည်း ပေးထားတာပါ။ ဒါကြောင့် food or fruit  မဟုတ်ပဲ soft drink တွေလည်း ဖြစ်နိုင်ပါတယ်။ starter စားပြီး ရင် main course စ စားပါတယ်။ ကြားထဲမှာ မိနစ် ၃၀ လောက်တော့ ကြာတတ်ပါတယ်။
main course ဆိုတာက ထမင်း ဟုတ်ချင်မှ ဟုတ်မယ်။ pizza တို့ pasta တို့ လည်း ဖြစ်နိုင်တာပဲ။အသား နဲ့ ငါး ကို အဓိက ထားပြီး စားကြ ၊ ရောင်းကြတာ များတယ်။ သက်သက်လွတ်စားတဲ့ သူက အသီအရွက် စားပေါ့။ မိန်းကို့စ် စား ပြီး သွားရင်တော့ ဗိုက်က နည်းနည်း ကားနေပြီး ။း) နောက် ဆုံး အချိုတည်းမယ်။ကျွန်တော်တို့ မြန်မာတွေ ဆိုရင်တော့ ထန်းညက်တို့ ၊ ငှက်ပျောသီးတို့ ၊ လက်ဖက်သုပ်တို့ ပေါ့။ ( စားချင်တာ ပြောတာပါ အဟဲ ) အနောက်တိုင်း ကတော့ ကိတ်လေးတွေ ၊ ရေခဲမုန့်လေးတွေ ၊ အသီး ၊ အရွက် သုပ်လေးတွေ အစာပိတ် အနေနဲ့စားကြတယ်ဗျာ။
a la carte menu ဆိုတာက စားသောက်ဆိုင်တွေ ဟော်တယ်တွေမှာ ရောင်းနေကျ ဟင်းပွဲတွေကို စာရင်းပြုထားတဲ့ အစားအသောက် စာရင်းဖြစ်တယ်။ သူ့က ဈေးသက်မှတ် ဖော်ပြထားပြီး ၊သူ့ထဲက စိတ်ကြိုက် ဟင်းပွဲတွေကို မှာလို့ ရတယ်။ ပြင်သစ် စကား ပါပဲ။
set menu ဆိုတာက သူ့စာရင်းထဲမှာ ဖော်ပြထားတဲ့ ဟင်း ပွဲတွေ ပဲ ရမယ်။ အပိုအလို ဘာမှ မရဘူး။ set menu ထဲမှာ မပါတာ မရဘူး ဆိုတဲ့သဘောပဲ။ အမြဲတမ်း ရနိုင်တဲ့ ဟင်းပွဲ မဟုတ်ပါဘူး။ special menu ပေါ့။ တစ်လ ကို special menu တခါ အနည်းဆုံး ထွက်လေ့ ရှိပါတယ်။ ဥပမာ chicken promotion , fish promotion , beef promotion တို့လို ပုံစံလေးတွေပေါ့။
buffet menu ဆိုတာတော့ ရှင်းပါတယ်။ ဘူဖေး ထဲမှာ ပါတဲ့ ဟင်းပွဲတွေ ၊ အချိုပွဲတွေ ၊ အသုပ်တွေကို ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက် ထည့် ယူ ခူး ခပ် စား ရတာက  သူ့ ရဲ့ ထူးခြာချက် ပါ။တပွဲချင်းစီကို ပိုက်ဆံ လိုက်ပေးစရာ မလိုပါဘူး။ အားလုံးစားနိုင်ရင် စားသွားနိုင်ပါတယ်။း) သူ့ထဲမှာ မှ breakfast , brunch , lunch , dinner ဆိုပြီး menus တွေ ထပ်ခွဲလာပါတယ်။ ပုံစံတွေက တော့အတူတူပါပဲ။ ခံတွင်းဖွင့် အစား အစာ ၊ မိန်းကို့စ် ၊ ခံတွင်းပိတ် အစားအစာ လို့ပဲ မီနူးတိုင်းမှာ ပါ ပါတယ်။

Wednesday, March 10, 2010

ဂျပန် တန်ပူရာလေး

tempura prawn 
ပုဇွန်ကို ရေစင်အောင်ဆေးပါ။ ဆား last ၊ ငရုတ်ကောင်းမုန့် pepper ၊ lemon juice တို့နဲ့ နယ်ထားပါ။ batter ပြုလုပ်ပုံ > flour , baking powder , vinegar, salt , corn flour,water တို့ကို သမအောင် မွှေပါ။ ကြက်ဥ အနှစ်ထည့် ရင် ပိုကောင်းတယ်။ စိတ်ကြိုက် ခပ်ပစ်ပစ် အရည် ရရင် ပုဇွန်ကို နှစ်ပြီး deep fryer ထဲထည့်ပါ။ sauce တော့ soy sauce , chopped ginger , fish stock လေးထည့်ထားပါတယ်။
တန်ပူရာ ဟာ ဂျပန်ရိုးရာ စားသောက် စရာ တမျိုး ဖြစ်ပါတယ်။ sushi တို့လို ပဲ နာမည်ကြီးပါတယ်ခင်ဗျာ။ ကျွန်တော်တို့ မြန်မာ ပြည်မှာ ဘရာကြော် ၊ ကုလားပြည်မှာ ပဂိုတာ ၊ ဂျပန်မှာ တန်ပူရာ ၊ အီတလီမှာ ဖရစ်တီ ... စတာတွေဟာ ဆီနဲ့ကြော်ထားတဲ့ သဘောပါ။

စားသွားကြပါအုံး ဘာဂါလေး

A.T burger
served with cheese , bacon and fried egg. 39Dhs
ကဲဗျာ...သွားခါနီ ဘာဂါတင် လိုက်ပြီး။ မနက်မှ တန်ပူရာ တင်မယ်။

Saturday, March 6, 2010

ငါးကြော် နဲ့ အာလူးကြော်

 
fish n chip 
အရင်ကလည်း တင်ဘူးပါတယ်။ ပုဂံ ပဲကွာသွားတယ်။ အဟဲ..။ စတိုင်ပေါ့နော်။ ဟီးး
တင်စရာ မရှိတော့ ကြံရဖန်ရတာပေါ့ဗျာ။း) ကင်မရာ ၀ယ်မှ ဖြစ်မယ်ဗျာ။

Tuesday, March 2, 2010

red snapper

 
Cartoccio di Dentice alla Ligure con Patate Novelle e Pomodorini al Basilico
Fillet of red snapper wrapped in baking paper with cherry tomatoes , olives , capers and potatoes and baked in the oven.
ပထမဆုံး ငါးကို ၊ သံပုရာရည် ၊ဆား နဲ့နယ် ဂျုံကပ် ဒယ်ထဲမှာ ကြော်။ အရောင်လေးနည်းနည်းရလာပြီဆိုရင် ခရမ်းချဉ်သီးဆော့ ထည့် ၊ cherry tomatoes , olives , capers ထည့်၊ stock ပါးပါးလေးထည့်။ ဆော့စ် ဆူလာပြီဆိုရင် အာလူးပြုတ်ကို နှစ်ခြမ်းလှီးပြီး baking paper ပေါ်တင် ၊ နောက် အဆင်သင့်ဖြစ်နေတဲ့ ငါး နဲ့ ဆော့စ် ကိုတင် oven ထဲထည့်။ အရောင်လေး ရရင် အပြင်ကို ထုက် truffle oil လေးကို အပေါ်က ပေါက်ပေး။ Pick Up !!! ;P